Home ထိပ်တန်းသတင်း တပြည်လုံးအတိုင်းအတာဖြင့် အပစ်ရပ်ရန် WLB တိုက်တွန်း

တပြည်လုံးအတိုင်းအတာဖြင့် အပစ်ရပ်ရန် WLB တိုက်တွန်း

1614
စက်တင်ဘာလ ၂၉ရက်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ကချင်‌ဒေသတွင် လတ်တ‌လော ဖြစ်ပွား‌နေ‌သော အစိုးရစစ်တပ်၏ ထိုးစစ်ဆင်မှုအ‌ပေါ် ကန့်ကွက်ရှုတ်ချကာ ဦးသိန်းစိန် အစိုး ရအား တပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲ‌ရေးလုပ်‌ဆောင်ရန် အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB)မှ စက် တင်ဘာလ ၂၈ရက်‌နေ့က ‌ကြေညာချက်ထုတ်ကာ တိုက်တွန်းလိုက်သည်။

ထို‌ကြေညာချက်တွင် ကချင်လွတ်‌မြောက်‌ရေးအဖွဲ့(KIA)နှင့် မြန်မာအစိုးရတပ်တို့ကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလာ‌နေ ပြီး “စစ်ပွဲများရပ်သွားရန် အလားအလာမရှိ”ဟု KIA မှ ထုတ်‌ဖော်‌ပြောဆိုသဖြင့် ပြည်တွင်းငြိမ်းချမ်း‌ရေးရရှိရန် အလှမ်း ပို‌ဝေး သွားသည်ဟု ယူဆ‌ကြောင်း ပါဝင်သည်။

၎င်းအပြင် သမ္မတ ဦးသိန်းစိန်မှ ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ‌တွေ့ဆုံပြီး ပူး‌ပေါင်း‌ဆောင်ရွက်မည်ဟု ‌ပြောဆို‌သော်လည်း ကချင် အပါအဝင် လက်နက်ကိုင်တိုက်ပွဲဝင်‌နေ‌သော တိုင်းရင်းသားများအား ထိုးစစ်ဆင်လျှက်ရှိသည်ဟုလည်း ‌ဖော်ပြထားသည်။

WLB ၏ ‌ကြေညာချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံကို အဓမ္မ အတည်ပြုခြင်းနှင့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို တဖက်သတ် ပြုလုပ်ခဲ့ခြင်း ၏ အကျိုးဆက်မှာ ပြည်တွင်းစစ်မီး ပြန်လည်‌တောက်‌လောင်ခဲ့ရပြီး တိုင်းရင်းသားများနှင့် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးရာတွင် ဖွဲ့ စည်းပုံနှင့်အညီ တို့တာဝန်အ‌ရေး ၃ပါးကို အာမခံ‌သော မူ‌ဘောင်အတွင်းမှ ‌ဆောင်ရွက်သွားမည်ဟူ‌သော ကန့်သတ်ချက်မှာ တိုင်းပြည်အနာဂတ်ကို ဆက်လက် ခြိမ်း‌ခြောက်လျှက်ရှိသည်ဟု ဆိုထားသည်။

“၂၀၁ဝ မှ မဟုတ်ပါဘူး။ ညီလာခံ‌ခေါ်တာကအစ ပြည်သူ‌တွေ ပါဝင်တာ မဟုတ်သလို လူထု‌ရွေးချယ်ထားတဲ့ NLD လည်း မပါ ဝင်ခဲ့ပါဘူး။ ဖွဲ့စည်းပုံကိုကြည့်ရင်လည်း ပြည်သူကိုဦးတည်တဲ့ ပုံစံမဟုတ်ဘဲ စစ်တပ်က အာဏာ စွဲကိုင်နိုင်‌အောင် ‌ရေးဆွဲထား တာပါ။ လမ်းပြ ၇ချက်ဆိုတာလည်း စိတ်ကြိုက်ဖန်တီးခဲ့ကြတာပါ။”ဟု WLB အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌ဒေါ်တင်တင်ညိုက ‌ပြောသည်။

မြန်မာအစိုးရ၏ တို့တာဝန်အ‌ရေး ၃ပါးမှာ “အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ‌ရေး၊ ပြည်‌ထောင်စု မပြိုကွဲ‌ရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲ‌ရေး”တို့ ဖြစ်‌သော်လည်း ဖက်ဒရယ် ပြည်‌ထောင်စုစနစ်ကို တည်‌ဆောက်မှသာလျှင် ပြည်‌ထောင်စု မပြိုကွဲ‌ရေးဟူ‌သော ရည်မှန်းချက်ကို ရရှိမည်ဖြစ်သည်ဟု WLB က ဆိုသည်။

‌ဒေါ်တင်တင်ညိုက “ဖက်ဒရယ်ကို‌တော့ ကျမတို့ပြည်သူ‌တွေ သုံးပုံပုံ တစ်ပုံ‌လောက်ပဲ သိမယ်လို့ ယုံကြည်ပါတယ်။ တကယ့် လက်‌တွေ့မှာ ‌အောက်‌ခြေထိသိဖို့ မလွယ်‌ပေမယ့် လူလတ်တန်းစား‌တွေ သိကြပါတယ်။ နိုင်ငံ‌ရေး အ‌ခြေအ‌နေအရ ဖက်ဒရယ် ကသာ ‌ဖော်‌ဆောင်‌ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။”ဟု ‌ပြောသည်။

WLB ‌ကြေညာချက်တွင် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ သမ္မတထံ အပစ်အခတ်ရပ်စဲ‌ရေးနှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များအား ပံ့ပိုး ရန်အတွက် ကမ်းလှမ်းထား‌သော အိတ်ဖွင့်‌ပေးစာအား တိုင်းရင်းသားအင်းအားစုများမှ တခဲနက် ကြိုဆို‌ကြောင်း၊ စစ်မက်ဖြစ် ပွား‌နေသည့်‌ဒေသများတွင် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု အများဆုံးခံ‌နေရသူများ၌ အမျိုးသမီးနှင့် က‌လေးများ ပါဝင်‌ကြောင်း ‌ဖော်ပြထားသည်။

ကချင်‌ဒေသရှိ စစ်‌ဘေးဒဏ်ခံ ပြည်သူများအား ကူညီ‌ပေး‌နေ‌သောအဖွဲ့မှ အမျိုးသမီးတစ်ဦးကလည်း “စစ်ဖြစ်ပွားရင် အမျိုးသ မီး‌တွေက ပိုခံရပါတယ်။ မုဒိမ်းမှုလို အကြမ်းဖက်မှု‌တွေ အများကြီး ‌တွေ့ကြုံရပါတယ်။ မိခင်‌တွေဟာ က‌လေး‌တွေ ‌ဘေးကင်းဖို့ လုံခြုံဖို့လည်း ကာကွယ်ရပါ‌သေးတယ်။ စစ်ပွဲ‌တွေလည်း ငြိမ်း‌စေချင်ပြီ။”ဟု ဆိုသည်။

ကချင်‌ဒေသ၏ ထိုးစစ်ဆင်မှုမှာ ‌ဒေသတွင်း လုံခြုံ‌ရေးကိုပါ အန္တရာယ်ပြုခြိမ်း‌ခြောက်လာမည်ကို စိုးရိမ်သည့်အပြင် တိုင်းရင်း သား‌ဒေသများမှ ထိုးစစ်များ ရပ်တန့်ရန် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ဝင်‌ရောက်တားဆီး‌ပေးပါရန် WLB မှ ‌မေတ္တာရပ်ခံထားသည်။

ကချင်လွတ်‌မြောက်‌ရေးအဖွဲ့သည် ၁၉၉၄ခုနှစ်က စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ယခုနှစ် ဇူလိုင်လတွင် ပြန်လည် တိုက် ခိုက်ခဲ့ကြသည့်အ‌ပေါ် မကြာ‌သေးခင်က အစိုးရနှင့် အပစ်ရပ်ရန် ‌ဆွေး‌နွေးခဲ့ကြ‌သော်လည်း မ‌အောင်မြင်ခဲ့ဘဲ ထိုးစစ်စတင်လာ ခြင်းဖြစ်သည်။