Home ထိပ်တန်းသတင်း ကံစမ်းမဲ အ‌ကြောင်းပြ ကာ ‌ငွေလိမ် ‌တောင်းမှုများ ရှိ‌နေ

ကံစမ်းမဲ အ‌ကြောင်းပြ ကာ ‌ငွေလိမ် ‌တောင်းမှုများ ရှိ‌နေ

1580
စက်တင်ဘာလ ၁၆ရက်။ (‌ကေအိုင်စီ)

ယခုလအတွင်း ထီဆိုင်မှ ကံစမ်းမဲ‌ပေါက်သည်ဟု အ‌ကြောင်းပြကာ ထီထိုးသူများထံမှ ‌ငွေများကို လိမ်လည်‌တောင်း‌နေမှုများ ဖြစ်‌ပေါ်‌နေသဖြင့် မြဝတီမြို့ရှိ ‌မွေးမြူ‌ရေးနှင့် ‌ရေလုပ်ငန်းဘဏ်တွင် သတိ‌ပေးချက်များ ‌ကြော်ငြာထား‌ကြောင်း မြို့ခံများက ‌ပြောသည်။

ဘဏ်နှင့် နီးစပ်သူတစ်ဦးက “အခု ဖြစ်‌နေတာက ထီထိုးသူ‌တွေကို ဖုန်းဆက်ပြီး ကံစမ်းမဲ‌တွေ‌ပေါက်တယ်။ အဲဒီအတွက် ‌လော ‌လောဆယ် ‌ငွေကြိုလွဲလာ‌ပေးပါဆိုပြီး ဘဏ်က‌နေ လွဲခိုင်းတာ‌လေ။ အဲလို လိမ်‌တောင်း‌နေတဲ့ လူ‌တွေစာရင်းကို အခု မြဝတီက ဘဏ်‌ပေါ်မှာ ‌ကြော်ငြာထားတယ်။ ‌ငွေလာလွဲတဲ့သူ‌တွေ သတိထားနိုင်‌အောင်လို့‌လေ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

စက်တင်ဘာလ ၁၄ရက်‌နေ့က မြဝတီမြို့ရှိ အမျိုးသမီးတစ်ဦးကို ‌ငွေလမင်းနှင့် မြတ်စုကု‌ဋေထီဆိုင်မှဟု ဆိုကာ ဆက်သွယ်လာ ပြီး ‌ငွေလွဲခိုင်းခြင်း‌ကြောင့် ‌ငွေ ၇သိန်း‌ကျော် ဆုံးရှုံးခဲ့ရသည်ဟု ကာယကံရှင်က သူမ၏ အဖြစ်အပျက်ကို ယခုလို ‌ပြောပြသည်။

“ကျမက ထီထိုးထားတယ်‌လေ။ အဲဒါ ကျမဆီကို လူတ‌ယောက်က ဖုန်းဆက်လာပြီး ထီထိုးထားတယ် မဟုတ်လား။ အခု အဲ ယားကွန်း‌ပေါက်တယ်။ ကံစမ်းမဲ ၂‌စောင်လည်း ပါတယ်။ ယူမလားဆို‌တော့ ယူမယ်‌ပေါ့။ ယူမယ်ဆို မဲ ၂‌စောင်အတွက် ‌ငွေ ၇သိန်းနဲ့ ၄‌သောင်း သူတို့ ‌နေပြည်‌တော်ကို ပို့ရမှာမို့ တစ်နာရီအတွင်း ‌ငွေလွဲလာ‌ပေးပါဆိုပြီး ‌ပြောတယ်။ သူ့နဲ့ ဖုန်း‌ပြောရင်း လိုင်းက ပြတ်လိုက်၊ ပြန်ဆက်လိုက်နဲ့ အဲဒီ‌နေ့မှာပဲ ‌ငွေမလွဲမချင်း ၄-၅ခါ‌လောက် ဆက်‌နေတယ်။ တခါ‌ပြောရင်လည်း အကြာ ကြီးပဲ။”ဟု သူမက ‌ပြောသည်။

သို့‌သော် ‌ငွေလွဲပြီး‌နောက် အလိမ်ခံရမှန်းသိ၍ လွဲပို့လိုက်‌သော ဘဏ်သို့ ဆက်သွယ်ရာ ‌ငွေကို ထုတ်ယူသွားပြီဖြစ်‌ကြောင်းနှင့် အဆိုပါပုဂ္ဂိုလ်မှာ ‌ငွေမထုတ်ယူမချင်း တမနက်လုံး ဘဏ်တွင်ရှိ‌နေ‌ကြောင်း ရန်ကုန်မြို့ရှိ ဘဏ်မှ အ‌ကြောင်းပြန်ကြားခဲ့သည် ဟု သိရသည်။

မြဝတီမြို့ရှိ တံတားအနီးရှိ ‌ရွှေမင်းသမီး အထည်ဆိုင်မှလည်း အလားတူ အဖြစ်အပျက်မျိုး ကြုံခဲ့ဘူး‌ကြောင်းနှင့် အခြားမြို့များ ရှိ ဘဏ်ဝန်ထမ်းများ၏ ဆက်သွယ်‌ပြောဆို သတိ‌ပေးလာမှုအရ ‌ငွေလိမ်လည် ‌တောင်းခံသူများ၏ အမည်စာရင်းကို အများသိ ‌စေရန် ‌ကြော်ငြာကပ်ထား‌ကြောင်း မြို့ခံများက ‌ပြောဆို‌နေကြသည်။

ယခု လက်ရှိအချိန်တွင် မြဝတီမြို့ ‌မွေးမြူ‌ရေးနှင့် ‌ရေလုပ်ငန်းဘဏ်၌ ‌ငွေလိမ်‌တောင်းခံသူ ၉ဦး၏ အမည်စာရင်းကို မှတ်ပုံတင် နံပါတ်များနှင့်အတူ ‌ကြော်ငြာထားရာ ၎င်းတို့မှာ ဦးမင်းနိုင် (၁၂/လမန-နိုင် ဝ၀၅၆၂၁)၊ ဦးစိန်သင်း (၁၂/ဒပန-နိုင် ဝ၃၅၂၀၈)၊ ဦးမျိုးပိုင်သိန်း (၁၄/မအပ-နိုင် ဝ၂၀၈၃၅)၊ ဦးထွန်းမြင့်‌ဇော် (၁၂/သကတ-နိုင် ၁၄၇၇၂၃)၊ ဦး‌အောင်မျိုးသူ (၁၂/သကတ-နိုင် ၁၄၇၂၈၇)၊ ဦးသန့်ဇင် (၁၄/အဂပ-နိုင် ၁၉၉၈၄၇)၊ ဦးသက်နိုင်ဝင်း (၁၄/ကကန-နိုင် ၁၁၅၈၇၀)၊ ဦးစည်သူ (၁၂/ဒဂန-နိုင် ဝ၈၀၉၆၉)နှင့် ဦးစံ‌ထွေး (၈/လမန-နိုင် ၁၁၇၁၁၁)တို့ ဖြစ်သည်ဟု သိရသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မြန်မာ့စီးပွား‌ရေးဘဏ်ရှိ‌သော်လည်း နယ်စပ်မှ အခြားမြို့နယ်များရှိ ဘဏ်များသို့ ‌ငွေလွဲ‌ငွေပို့ ဝန်‌ဆောင်မှု မြန်ဆန်သည့် ‌မွေးမြူ‌ရေးနှင့် ‌ရေလုပ်ငန်းဘဏ်၌သာ ‌ကြော်ငြာကပ်ထားခြင်း ဖြစ်သည်။