Home ထိပ်တန်းသတင်း ‌ချောင်း‌ရေကြီးမှု‌ကြောင့် ကရင်နီ ဒုက္ခသည်တဦး ‌ရေနစ်‌သေဆုံးခဲ့

‌ချောင်း‌ရေကြီးမှု‌ကြောင့် ကရင်နီ ဒုက္ခသည်တဦး ‌ရေနစ်‌သေဆုံးခဲ့

1688
ဩဂုတ်လ ၂၄ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ မယ်‌ဟောင်‌ဆောင်ခရိုင်၊ မဲ့စရင်းမြို့နယ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ်(၂)တွင် မဲ့စရင်း‌ချောင်း ‌ရေကြီးမှု‌ကြောင့် စခန်းတွင်းရှိ ရိက္ခာဂို‌ဒေါင်မှူးတစ်ဦး ‌ရေနစ်‌သေဆုံးသွားခဲ့သည်ဟု စခန်းတွင်း‌နေထိုင်သူများ၏ ‌ပြောပြချက်အရ သိရသည်။

ဩဂုတ်လဆန်းပိုင်းမှ စတင်ပြီး မိုးများဆက်တိုက် ရွာသွန်း‌နေမှု‌ကြောင့် စခန်းအတွင်းရှိ မဲ့စရင်း‌ချောင်း ‌ရေစီးနှုန်း ပိုသန်လာကာ ဩဂုတ်လ ၁ဝရက်‌နေ့တွင် ရိက္ခာဂို‌ဒေါင်သို့ ကြည့်ရှုရန် သွား‌ရောက်ခဲ့သည့် စခန်း၏ ရိက္ခာဂို‌ဒေါင်မှူး ဒုတာဝန်ခံ ‌စောခင်‌မောင် ခူး ၅၂နှစ်သည် ‌ရေနစ်မြုပ်ကာ ‌သေဆုံးသွားခဲ့‌ကြောင်း စခန်းသူ ‌နော်ခရစ်မယ်ရီထူးက ယခုလို ‌ပြောပြသည်။

သူမက “ပြီးခဲ့တဲ့ ၁ဝရက်‌နေ့က စခန်းထဲမှာ ‌ရေ‌တွေကလည်း အရမ်းကြီးပြီး ‌ရေစီးလည်းသန်‌နေတယ်။ ‌ရေ‌တွေလည်း အရမ်း ကြီး‌နေတုန်း ည‌နေပိုင်း ၆နာရီ‌လောက်မှာ သူ ဂို‌ဒေါင်ကိုအသွား လမ်းမှာ‌ကျောက်တုံးနဲ့ တိုက်မိပြီး ‌ရေထဲကျသွားတယ်။ သူ့ ပစ္စည်း‌တွေလည်း အကုန်‌ရေထဲ‌မျောသွား‌တော့ အဲ့ဒါ‌တွေ လိုက်‌ကောက်ရင်း ‌ရေစီးထဲမှာ သူပါ ‌မျောသွားတယ်။ အဲ့ဒီအချိန်က နည်းနည်း‌မှောင်‌နေပြီဆို‌တော့ အနီးမှာ ဘယ်သူမှမရှိဘူး။”ဟု ‌ပြောသည်။

နှစ်ပတ်‌ကျော် ‌ပျောက်ဆုံး‌နေသည့် ‌စောခင်‌မောင်ခူး၏အ‌လောင်းအား ဩဂုတ်လ ၂၃ရက် ‌နေ့လည်ပိုင်းတွင် ပြန်လည်‌တွေ့ရှိခဲ့ ကြပြီး ‌သေဆုံးသူ၏ မိသားစုဝင်များ၊ စခန်းသူစခန်းသားများနှင့် စခန်းတာဝန်ရှိသူများ ပူး‌ပေါင်းပြီး စခန်း၏သုဿန်သို့ သွား ‌ရောက်ပို့‌ဆောင်ခဲ့ကြသည်ဟု ‌နော်ခရစ်မယ်ရီထူးက ‌ပြောသည်။

‌စောခင်‌မောင်ခူးအတွက် ရည်စူး၍ မိသားစုဝင်များက မနက်ဖြန်တွင် ဘုရားဝတ်ပြု ဆု‌တောင်း‌ပေးကြမည်ဖြစ်‌ကြောင်း မိသားစု ဝင်တစ်ဦးက ဆိုသည်။

ယခု ‌ရေကြီးသည့် ကရင်နီဒုက္ခသည်စခန်းတွင် လွန်ခဲ့သည့် ၅နှစ်ခန့်က တကြိမ်‌ရေကြီးခဲ့ပြီး ထိုစဉ်က ‌နေအိမ် ၇လုံး ပျက်စီး သွားခဲ့‌သော်လည်း ဒုက္ခသည်များ ‌သေဆုံးဒဏ်ရာရမှု မရှိ‌ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကရင်နီဒုက္ခသည်စခန်း၌ ‌ရေများ ပြန်လည်‌လျော့ကျသွားပြီဖြစ်‌ကြောင်း စခန်းသားတစ်ဦးက ‌ပြောသည်။

မဲ့‌ဟောင်‌ဆောင်ခရိုင်တွင် ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)နှင့် အမှတ်(၂)ဟူ၍ စခန်း ၂ခုရှိပြီး စခန်း(၂)နှင့် ၈ဝကီလိုမီတာ ကွာ‌ဝေးသည့် စခန်း(၁)တွင်မူ ‌ရေကြီးမှု တစုံတရာ မရှိ‌ပေ။ ကရင်နီဒုက္ခသည်စခန်း(၂)သည် မဲ့စရင်းမြို့မှ ၁၄ဝကီလိုမီတာ ကွာ ‌ဝေးပြီး ဒုက္ခသည်ဦး‌ရေအားဖြင့် ၃,၆၈ဝဦးရှိ‌ကြောင်း သိရသည်။