Home အယ်ဒီတာ့အာဘော် လူထုအကျိုး ‌မျှော်ကိုးလို့ သုံးပွင့်ဆိုင်‌ခြေလှမ်း စကြစို့

လူထုအကျိုး ‌မျှော်ကိုးလို့ သုံးပွင့်ဆိုင်‌ခြေလှမ်း စကြစို့

1647
အယ်ဒီတာ့အာ‌ဘော်

ယခုလအနည်းငယ်အတွင်း ရှမ်း၊ ကချင်၊ ကရင်၊ မွန်‌ဒေသများတွင် စစ်‌ရေး၊ နိုင်ငံ‌ရေး မတည်ငြိမ်မှုများမှာ ရှုတ်‌ထွေး‌ပွေလီ‌နေ သည်။ လူထု၏ ကျီးလန့်စာစားဘဝများ၊ တိုက်ပွဲ‌ကြောင့် အသက်‌ဘေးလွတ်ရာ တိမ်း‌ရှောင်မှုများ၊ ‌ကျောင်း‌နေအရွယ် က‌လေး ငယ်များ ပညာ‌ရေးပျက်စီးမှုများ ဖြစ်‌နေကြရသည်။ နိုင်ငံတနိုင်ငံ၊ နယ်‌မြေတခုတွင် လူထုဘဝများ မ‌အေးချမ်းသ‌ရွေ့ ထိုနိုင်ငံ၊ ထိုနယ်‌မြေမှာလည်း ငြိမ်းချမ်းမည်မဟုတ်။

အိမ်‌ရှေ့ပူ အိမ်‌နောက်မချမ်းသာ ဆိုသလို ပြည်နယ်များတွင် မ‌အေးချမ်းပါက နိုင်ငံတဝှမ်းလုံးလည်း ‌အေးချမ်းမည်မဟုတ်။ ပြီးခဲ့ သည့် စစ်အစိုးရလက်ထက် တိုင်းရင်းသားများကို နည်းမျိုးစုံဖြင့် အနိုင်ကျင့်၊ နှိပ်စက်၊ အဓမ္မကျင့်၊ သတ်ဖြတ်‌နေခဲ့သည့် လုပ်ရပ် များမှာ ယခု တက်လာသည့် အရပ်သားအစိုးရ ‌ခေါ် ကြံ့ဖွံ့အစိုးရလက်ထက်ထိတိုင် ‌ပြောင်းလဲခြင်း အလျင်းမရှိခဲ့။

‌ခေတ်မှီဖွံ့ဖြိုးတိုးတက်‌သော ဒီမိုက‌ရေစီ နိုင်ငံသစ်ဆီသို့ ချီတက်‌နေသည့်အတွက် လူထုက လွတ်လပ်စွာ ထုတ်‌ဖော်‌ပြောဆို လုပ်ကိုင်သွားလာနိုင်ရမည်။ လူ့အခွင့်အ‌ရေးကို အ‌ခြေခံသည့် ဒီမိုက‌ရေစီနိုင်ငံတခုအဖြစ် တိုင်းရင်းသား ပြည်သူလူထုတရပ် လုံးမှာ တည်ငြိမ်‌အေးချမ်းစွာ သက်ရှင် ရပ်တည် လှုပ်ရှားခွင့် ရှိရမည်။

သို့‌သော် ပစ္စက္ခတ် အ‌ခြေအ‌နေအရ မြန်မာပြည်သူလူထု တရပ်လုံး ရင်ဆိုင်‌နေရသည့် အ‌ခြေခံ လူ့အခွင့်အ‌ရေး ဆုံးရှုံးမှုများမှာ ဒီမိုက‌ရေစီနှင့် လားလားမျှ မအပ်စပ်။ ၎င်းအ‌ခြေအ‌နေများကို ‌ဖြေရှင်းနိုင်‌ရေးမှာ လက်ရှိ အစိုးရသစ်၊ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများနှင့် လူထု‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည် ပါဝင်သည့် ဒီမိုက‌ရေစီအင်အားစုတို့ သုံးဖက်သုံးတန် နိုင်ငံ‌ရေး စားပွဲဝိုင်း ‌ဆွေး‌နွေးမှုသာဖြစ်၍ ဤသည်ကို မြန်မာလူထု အပါအဝင် နိုင်ငံတကာကလည်း လိုလားခဲ့ကြသည်။

စစ်အစိုးရလက်ထက်က အဆိုပါပုဂ္ဂိုလ်နှစ်ဦး၏ ‌တွေ့ဆုံမှုမှာ ၉ကြိမ်ရှိခဲ့‌သော်လည်း မည်သည့်အကျိုးဆက်‌ကောင်းကိုမျှ မလုပ် ‌ဆောင်နိုင်ခဲ့။ ဦးသိန်းစိန် သမ္မတဖြစ်လာပြီး ၄လအကြာတွင် လူထု‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် အစိုးရကိုယ်စား လှယ် ဦး‌အောင်ကြည်တို့ ဇူလိုင် ၂၅ရက်‌နေ့တွင် မိနစ် ၈ဝကြာ ‌တွေ့ဆုံ‌ဆွေး‌နွေးဖြစ်ခဲ့ကြသည်။ တိုင်းရင်းသားပြည်သူလူထု၊ ဒီမိုက‌ရေစီဘက်‌တော်သားများနှင့် လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များက ‌သောင်း‌သောင်းဖျဖျ ကြိုဆိုကြသည်။ တဆက် တည်းတွင်လည်း အကျိုးဖြစ်ထွန်းမည့် လက်‌တွေ့ အ‌ကောင်အထည်‌ဖော်မှုကို လိုလားကြသည်။

အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် ‌တွေ့ဆုံမှုသည် ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာ‌စေ‌ရေးအတွက် ပူး‌ပေါင်း ‌ဆောင်ရွက်ရန် ကြိုးပမ်းခဲ့သည်ဟု သတင်းမီဒီယာများကို ထုတ်‌ဖော်‌ပြောဆိုခဲ့သည်။ ပြဿနာတစ်ခုကို ‌ဖြေရှင်းမှု၏ရလဒ်မှာ ‌တွေ့ဆုံမှု၏ ‌နောက်ဆက်တွဲ လက်‌တွေ့ လုပ်‌ဆောင်မှုပင်ဖြစ်သည်။ ယခုဆိုလျှင် ‌ဒေါ်‌အောင်ဆန်းစုကြည်က နိုင်ငံနှင့် လူထုအ တွက် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များတွင် ကိုယ်စွမ်းရှိသမျှ ပါဝင် ကြိုးပမ်း‌ပေးရန် အသင့်ရှိသည့် သူမ၏ သ‌ဘောထားကိုပါ ထုတ် ‌ဖော်‌ပြောဆို‌နေပြီဖြစ်သည်။

ထို့အတွက် လက်ရှိ အာဏာရ အစိုးရအ‌နေဖြင့် စစ်‌ဘေး၊ သဘာဝ‌ဘေး၊ ငတ်မွတ်‌ခေါင်းပါး‌ဘေး စသည့် အသွယ်သွယ်‌သော ‌ဘေးအန္တရာယ်များနှင့် ဆယ်စုနှစ်‌ပေါင်းများစွာ ခါးစည်းခံခဲ့ရသည့် လူထုအတွက် အဓိပ္ပါယ်ရှိ‌သော၊ လက်‌တွေ့ကျ‌သော သုံးပွင့် ဆိုင် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုကို မ‌နှေး အမြန် အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်မှုသည်သာလျှင် ပဓာနကျသည့် နိုင်ငံ‌ရေးလုပ်ငန်း စဉ် ကဏ္ဍတရပ်ဖြစ်‌ကြောင်း တင်ပြအပ်ပါသည်။