Home ထိပ်တန်းသတင်း နအဖတပ်မှ ကရင်ရွာသားတစ်ဦးကို ပစ်သတ်

နအဖတပ်မှ ကရင်ရွာသားတစ်ဦးကို ပစ်သတ်

2011
မတ်လ ၁၇ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် လက်ရှိ လှုပ်ရှား‌နေသည့် နအဖ ‌ခြေမြန်တပ်မ ဌာနချုပ်- တမခ (၁၁)လက်‌အောက်ခံ တပ် ရင်းမှ ကျွဲအ‌ရောင်းအဝယ်လုပ်‌နေသည့် ရွာသားများကို သွား‌ရောက်ပစ်ခတ်ခဲ့သည့်အတွက်‌ကြောင့် ‌ခေးထာ့ရွာသားတစ်ဦး ပွဲ ချင်းပြီး ‌သေဆုံးသွားခဲ့သည်ဟု ‌ဒေသခံတဦးက ‌ကေအိုင်စီကို ‌ပြောသည်။

‌သေဆုံးသွားခဲ့သည့် အသက် ၃၉နှစ်အရွယ် ဖား‌မော့‌လောသည် ‌ခေးထာ့ရွာမှ‌နေ၍ ကျိုးခိုဒဲရှိ ကျွဲများကိုဝယ်ယူရန် ကျွဲပိုင်ရှင် နှင့် ‌ဆွေး‌နွေး‌ပြောဆို‌နေစဉ် တမခ(၁၁)လက်‌အောက်ခံ ခမရ(၂၁၄)မှ ဗိုလ်ပြုံး‌မောင်‌မောင် ဦးစီး‌သောအဖွဲ့က တမင်သွား‌ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်း‌ဒေသခံက ‌ပြောသည်။

သူက “စစ်တပ်က ရွာသား‌တွေ ကျွဲအ‌ရောင်းအဝယ်လုပ်တာကို ကြိုသိထားလို့ဖြစ်မယ်။ လာပြီးပစ်တာ။ ကျွဲ‌ရောင်းတဲ့လူ‌တွေ ထွက်‌ပြေးလွတ်‌မြောက်‌ပေမဲ့ ဖား‌မော့‌လောက ထိသွားတယ်။ အဲဒီမှာပဲ ‌သေဆုံးသွားတယ်။ သူ့မှာပါလာတဲ့ ထိုင်းဘတ်‌ငွေ သုံး ‌သောင်းကိုလည်း စစ်တပ်က အကုန်ယူလိုက်တယ်။”ဟု ‌ပြောသည်။

ယင်းသို့ ဖား‌မော့‌လော ‌သေဆုံးသွားသည့်အတွက် ၎င်းအား မှီခို‌နေရသူ ဇနီးသည်နှင့် သားသမီး ၃ဦးတို့သည် ယခုအချိန်တွင် စိတ်‌သောက‌ရောက်‌နေရ‌ကြောင်း သိရသည်။

လက်ရှိ ဖာပွန်‌ဒေသရှိ် နအဖတပ်များသည် တပ်ရိက္ခာ ပို့‌ဆောင်‌နေဆဲဖြစ်ပြီး ရိက္ခာပို့‌ဆောင်‌ရေးအတွက် ဗိုလ်ပြုံး‌မောင်‌မောင် နှင့်အဖွဲ့သည် ‌ခေါပူနှင့် ဆာ့ညာ့‌ကျေးနယ်အကြားတွင် လုံခြုံ‌ရေးတာဝန်ယူကာ လှုပ်ရှား‌နေ‌ကြောင်း ဖာပွန်ခရိုင်အတွင်းရှိ KNU တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူး‌စောကလယ်ဒို့က ‌ပြောသည်။

ဖာပွန်‌ဒေသတွင် နအဖ တပ်များမှ ပစ်သတ်၊ သတ်ဖြတ်မှု‌ကြောင့် ၂၀၁ဝခုနှစ်အတွင်းတွင် ရွာသူရွာသား ၅ဦး ‌သေဆုံးခဲ့ပြီး ယခု ၂၀၁၁ခုနှစ်တွင် ဖား‌မော့‌လောသည် ပထမဦးဆုံး ပစ်သတ်ခံရသည့် ရွာသားတဦးဖြစ်သည်ဟု သိရသည်။