Home လူထုအသံ ပေးစာကဏ္ဍ ‌ထောင်ထဲမှာ တစ်‌ယောက်ကို ဆယ့်ငါး‌ကြောင်းပဲ ‌ရေးလို့ရတယ်…

‌ထောင်ထဲမှာ တစ်‌ယောက်ကို ဆယ့်ငါး‌ကြောင်းပဲ ‌ရေးလို့ရတယ်…

1771

အယ်ဒီတာ

ကရင်သတင်းစဉ်ပို့‌ပေးလိုက်တဲ့ January mouth the Karen newsletter သတင်းစဉ်တ‌စောင်ကို ၂၇ရက်‌နေ့က ကျ‌နော်တို့ ‌ကောင်းမွန်စွာ လက်ခံရရှိခဲ့ပါတယ်။ ကျ‌နော်တို့ ကရင်မြန်မာပြည်သားများအားလုံး အထူးပဲ ‌ကျေးဇူးတင်ပါတယ်။ ကျ‌နော်တို့ ဆီသို့ အမြဲတမ်းပို့လာ‌ပေးပါလို့ ကျ‌နော်‌မေတ္တာရပ်ခံပါသည်။ ဒီကရင်သတင်းစဉ်ထဲက သတင်း‌တွေ ဖတ်ရ‌တော့ ကျ‌နော်တို့ စိတ်မ‌ကောင်းဖြစ်မိပါတယ်။ ဒီ‌ခေတ် ဒီရာစုမှာ ဒီလိုရက်စက်ယုတ်မာတဲ့ ဒီလိုအလုပ်မျိုး‌တွေကို စစ်အစိုးရမလုပ်သင့်ဘူးလို့ ကျ‌နော်မြင်တယ်။ အခုချိန်မှာ ကမ္ဘာဟာ ဘယ်အထိ တိုးတက်‌နေပြီးလဲဆိုတာ လူသားရဲ့စိတ်‌တွေ ဘယ်အထိမြင့်တက်‌နေပြီး လည်းဆိုတာ စစ်အစိုးရ သိမြင်ဖို့ လိုအပ်ပါတယ်။ လက်နက်မဲ့တဲ့ ရွာသူရွာသားများ‌တွေ တုန့်ပြန်ခြင်းမရှိတဲ့ လူသား‌တွေကို စစ်အစိုးရက ဘယ်အထိရက်စက်အုံးမှာလည်းဆိုတာ ဗုဒ္ဓဘာသာတိုးတက်တဲ့နိုင်ငံကို အုပ်ချုပ်‌နေတဲ့ဦးသန်း‌ရွှေဟာဗုဒ္ဓဘာသာ တရား‌တော်မြတ်‌တွေကို ယုံကြည်ကိုးကွယ်မှု နည်းနည်းမရှိဘူးလား။ ဘာပဲဖြစ်ဖြစ် တ‌နေ့‌နေ့တစ်ချိ်န်ချိန်‌တော့ မြန်မာပြည်‌မြေ ‌ပေါ်မှာ စစ်အုပ်ချုပ်‌ရေးစနစ် ‌ပျောက်ကွယ်သွားရမှာ ‌သေချာပါတယ်။ တည်မြဲခြင်းမရှိတဲ့လူ့‌လောကထဲမှာ မြန်မာနိုင်ငံက စစ်အ စိုးရလည်း တသက်လုံးအုပ်ချုပ်ရမှာ မဟုတ်ဘူး။ အခုချိန်မှာ အိမ်ကြက်ကို အိုးမဲသုတ်ပြီး ပြန်ခွတ်ခိုင်းတဲ့ စစ်အစိုးရရဲ့ စီမံချက် အဓိကဖြစ်တဲ့ DKBAဟာ ဘယ်‌တော့မှ မ‌အောင်မြင်နိုင်ပါဘူးလို့ ကျ‌နော်ယုံကြည်ပါတယ်။ ခွပ်ရင်းခွပ်ရင်းနဲ့ ပြန်သတိရလာပြီး တိုင်းပြည်က တိုင်းရင်းသားများအလားလုံး စည်းလုံးညီညွတ်မှုနဲ့ ပြည်ပထဲက ရှိ‌နေတဲ့ အဖွဲ့အစည်း‌တွေအားလုံး စည်းလုံးညီ ညွတ်မှုနဲ့ စစ်အစိုးရရဲ့ သက်တမ်း ကုန်ဆုံးသွားပါလိမ့်မယ်လို့ ကျ‌နော်‌မျှော်လင့်ခဲ့ပါတယ်။ The Karen Newsletter အဖွဲ့အ စည်းမှထုတ်တဲ့ ကရင်သတင်းစဉ် ပြည်သူလူထုအတွက် အနစ်နာခံခြင်း‌တွေကို ကျ‌နော်‌လေးစားစွာဖြင့် ဂုဏ်ယူပါတယ်။ ကျ‌နော်တို့လည်း စာ‌တွေ အများကြီး ‌ရေးချင်ပါတယ်။ ဒါ‌ပေမဲ့ ကျ‌နော်တို့ရဲ့‌ထောင်ထဲမှာ တစ်‌ယောက်ကို ဆယ့်ငါး‌ကြောင်းပဲ ‌ရေးလို့ရတယ်။
အပိုင်း(၂)
ကျ‌နော်လည်း စစ်အစိုးရရဲ့ မတရားနှိပ်စက်မှုနဲ့ ယုတ်မာမှုကို က‌လေးဘဝအထိ ခံလာခဲ့ရတဲ့ ကရင်လူမျိုး ‌သွေးတစ်‌ယောက် ဖြစ်ပါတယ်။ အ‌ကြောင်းအမျိုးမျိုး‌ကြောင့် အခု ကျ‌နော်ဘဝ ထိုင်းနိုင်ငံ အကျဉ်း‌ထောင်ထဲမှာ ‌ရောက်ရှိခဲ့ရပါတယ်။ ကျ‌နော် ထိုင်းလူမျိုးမဟုတ်‌ပေမယ့် ထိုင်းမှာ‌ပေးတဲ့ လူ့အခွင့်အ‌ရေး‌တွေကို ကျ‌နော် အပြည့်အဝရခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီလိုအခွင့် အ‌ရေးမျိုး‌တွေ နည်းနည်း‌လောက်သာ ရခဲ့ရင် ကျ‌နော့်ဘဝ ဒီလိုအ‌ခြေအ‌နေမျိုး‌ရောက်မှာ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ အုပ်ချုပ် တဲ့လူကြီး‌တွေ ပြည်သူလူထုအ‌ပေါ်မှာ ‌မေတ္တာမရှိတဲ့အတွက်‌ကြောင့် ကျ‌နော်တို့ မြန်မာပြည်သား‌တွေအားလုံး ဒုက္ခမျိုးစုံနဲ့ ဘဝ ကို ရင်ဆိုင်‌နေရပါတယ်။ ကျ‌နော်တို့နိုင်ငံမှာ လူအခွင့်အ‌ရေးအပြည့်အဝရရှိတဲ့ ဒီမိုက‌ရေစီဆိုတဲ့ အရသာကို မကြာ‌သော အနာ ဂတ်မှာ ကရင်ပြည်သားများအားလုံး ခံစားရမယ်လို့ ကျ‌နော်‌မျှော်လင့်တယ်။ စစ်အစိုးရ အမြန်ဆုံး ပြုတ်ကျပါ‌စေလို့ ဆု‌တောင်း ‌ပေးလိုက်ပါတယ်။ ‌နောက်ထပ် တာဝန်ခံ အယ်ဒီတာ နန်း‌ဖော့‌ဂေအ‌နေနဲ့ ကရင်မြန်မာပြည်သားများ နိုင်ငံရဲ့ အ‌ခြေအ‌နေ‌တွေ ကို ပိုပြီးသိရှိလာ‌အောင် ပို၍‌ထောက်ခံအား‌ပေးဖို့အတွက် ကရင်မြန်မာပြည်သားများဖြစ်ကြတဲ့ ထိုင်းနိုင်ငံ အကျဉ်း‌ထောင်ထဲ၌ မိန်းက‌လေးအ‌ဆောင်ရှိကြတဲ့ နှစ်ရှည်အကျဉ်းကျခံ‌နေရတဲ့ ကရင်အမျိုးသမီး‌တွေ ဗဟုသုတရရှိဖို့ ရည်ရွယ်ပြီး‌တော့ ကရင် သတင်းစဉ် အဖွဲ့အစည်းအ‌နေနဲ့ လူ့အခွင့်အ‌ရေး အပြည့်အဝရရှိ‌အောင် ထပ်မံ၍ ဖြန့်‌ဝေ‌ပေးနိုင်ပါက ကျ‌နော်ရဲ့ မိတ်‌ဆွေများရဲ့ လိပ်စာများသို့လည်း တ‌စောင်စီ ပို့‌ပေးလိုက်ပါရန် ‌လေးစားစွာဖြင့် ‌တောင်းခံအပ်ပါသည်။ ကရင်သတင်းစဉ် ထုတ်‌ဝေသူများ ကျန်းမာ၍ လိုအပ်‌သော ဆန္ဒ‌မျှော်လင့်ချက်များ ပြည့်ဝနိုင်ပါ‌စေလို့ ဆုမွန်‌ကောင်း ‌တောင်းလိုက်ပါတယ်။

Mr. Joe Jeipek

Sanmut prakan prison,
Thailand (1.0.5.5.0)
18/3/2011