Home ထိပ်တန်းသတင်း ‌ပြောက်ကျားတိုက်ပွဲ‌ကြောင့် နအဖ အရာရှိများပါ ထိခိုက်

‌ပြောက်ကျားတိုက်ပွဲ‌ကြောင့် နအဖ အရာရှိများပါ ထိခိုက်

1589
မတ်လ ၁၈ရက်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) တပ်မဟာ(၇)နယ်‌မြေရှိ ကလို့‌ယော်ထာ့တွင် ‌ကေအဲန်အယ်‌အေ တပ်ဖွဲ့ဝင်များက နအဖတပ်ဖွဲ့ကို မတ်လ ၁၅ရက်‌နေ့က ‌ပြောက်ကျားတိုက်ခိုက်ရာ နအဖဘက်မှ တပ်ရင်းမှူး အပါအဝင် ၃ဦး ထိခိုက်သွားခဲ့ သည်ဟု ‌ကေအဲန်အယ်လ်‌အေဘက်က ‌ပြောသည်။

ထို‌နေ့မနက် ၅း၃ဝနာရီတွင် စစ်ကွပ်ကဲ‌ရေးဌာနချုပ် စကခ(၁၂) လက်‌အောက်ခံ ခမရ(၅၄၆)တပ်ကို ကရင်အမျိုးသားလွတ် ‌မြောက်တပ်ဖွဲ့(‌ကေအဲန်အယ်လ်‌အေ) တပ်မဟာ(၇)လက်‌အောက်ခံတပ်ရင်းများ ‌ပြောက်ကျားတိုက်ခိုက်မှု‌ကြောင့် တပ်ရင်းမှူး နှင့် တပ်ကြပ် ၂ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်‌စော‌ဂျော်နီက အတည်ပြု ‌ပြောဆိုသည်။

သူက “မနက် ၅နာရီခွဲ‌လောက်မှာ ပစ်ခတ်မှုဖြစ်တာ ခဏ‌လေးပါပဲ။ နအဖဘက်က တက်လာ‌တော့ ကျ‌နော်တို့ဘက် တပ်ရင်း (၁၉)နဲ့ တပ်ရင်း(၂၁)က ရဲ‌ဘော်‌တွေနဲ့ ပစ်ခတ်မှုဖြစ်တယ်‌လေ။ အဲဒီမှာ ကျ‌နော်တို့ သိရသ‌လောက်က ခမရ(၅၄၆) တပ်ရင်းမှူး နဲ့ တပ်ကြပ်နှစ်‌ယောက် ထိခိုက်တယ်။ အဲဒီထဲမှာ တပ်ကြပ်တ‌ယောက်က ဒဏ်ရာပြင်းတယ်လို့ သိရတယ်။”ဟု ဆိုသည်။

ထို‌နေ့မတိုင်ခင် မတ်လ ၁၄ရက် မွန်းလွဲ ၁နာရီခန့်ကလည်း ‌ကော့ကရိတ်မြို့အထွက် ‌ကြောင်လျှာကုန်းနှင့် အနီးတဝိုက်တွင် ဒီ‌ကေဘီ‌အေမှ နအဖ၊ ဗိုလ်မှူးမုတ်သုန်၏ နယ်ခြား‌စောင့်တပ်များနှင့် တိုက်ပွဲဖြစ်ပွားရာတွင် နအဖ၊ နယ်ခြား‌စောင့်တပ်ဘက်မှ ထိခိုက်ကျဆုံးမှု အနည်းငယ်ရှိသည်ဟု သိရ‌သော်လည်း အတိအကျကိုမူ မသိရှိရ‌ပေ။