Home သတင်း အဆုံးအဖြတ်‌ပေးနိုင်သည့် အင်အားရှိဖို့လိုပါသည်

အဆုံးအဖြတ်‌ပေးနိုင်သည့် အင်အားရှိဖို့လိုပါသည်

1540
တူ‌မောင်ညို
(၂၀၁ဝ ဒီဇင်ဘာ ၁၃)

၂၀၁ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၂ရက်မှာ မြန်မာ့ယဉ်‌ကျေးမှုအဖွဲ့(‌နော်‌ဝေ)သို့ ‌ဒေါ်‌အောင်ဆန်းစုကြည်မှ စကားသဝဏ်လွှာ ‌ပေးပို့ခဲ့ ပါတယ်။ ဒီစကားသဝဏ်လွှာကို (ဒီဗွီဘီသတင်းဌာန) က အပြည့်အစုံ ‌ဖေါ်ပြထုတ်လွှင့်ခဲ့ပါတယ်။
စကားသဝဏ်လွှာမှာ ‌ဖေါ်ပြထားတဲ့ ‌အောက်ပါအချက်‌တွေဟာ အ‌ရေးကြီးတယ်လို့ ကျ‌နော်ယူဆပါတယ်။ ‌ကောက်နှုတ် ‌ဖေါ်ပြ လိုက်ပါတယ်။
– နိုင်ငံ‌ရေးအကျဉ်းသားများ အ‌ခြေအ‌နေ၊ နိုင်ငံ‌ရေးအကျဉ်းသားများ မိသားစုများရဲ့ဒုက္ခ‌တွေကို တကမ္ဘာလုံးက‌နေပြီး‌တော့ ‌သေ‌သေချာ ချာ သိဖို့ ကျကျနန လုပ်‌ပေးကြပါလို့ ‌မေတ္တာရပ်ခံပါတယ်။
– ဒုတိယပင်လုံ‌အောင်မြင်ဖို့ဟာ နားလည်မှုလွဲမှားတာ‌တွေ ပ‌ပျောက်သွား‌အောင် လုပ်‌ပေးဖို့လိုပါတယ်။
ဒုတိယပင်လုံဆိုတာ စင်ပြိုင်လွှတ်‌တော်မဟုတ်ပါဘူး၊ စင်ပြိုင်အစိုးရလည်းမဟုတ်ပါဘူး၊ ဘယ်သူ့ကိုမှ စင်ပြိုင်ချင်တဲ့စိတ်နဲ့ လုပ်တာ မဟုတ်ပါဘူး။ တိုင်းရင်းသားများ တကယ့်ကို ပြည်‌ထောင်စုစိတ်ဓါတ်နဲ့ ညီညီညွတ်ညွတ်လုပ်‌ဆောင်သွားဖို့အတွက် ကျင်းပမယ့် ဒုတိယပင်လုံ ဖြစ်ပါတယ်၊
– အခုဆိုလို့ရှိရင် မြန်မာနိုင်ငံဟာ အင်မတန်အ‌ရေးကြီးတဲ့ အ‌ခြေအ‌နေတစ်ခုကို ‌ရောက်‌နေပါတယ်။ ကျမတို့ဟာ လမ်း ၂သွယ်က‌နေပြီး ‌တော့ လမ်းတစ်သွယ်ကို ‌ရွေးရမှာဖြစ်ပါတယ်။
– လမ်းတစ်သွယ်က အများပါဝင်နိုင်တဲ့လမ်း၊ ‌နောက်လမ်းတစ်သွယ်ကလူနည်းစုသာ ပါဝင်နိုင်တဲ့လမ်း၊ ကျမတို့က‌တော့ အားလုံး ပါဝင် နိုင်တဲ့လမ်းက ပိုပြီး‌တော့ ‌ကောင်းတယ်လို့ ထင်ပါတယ်။
– အားလုံးပါဝင်တယ်ဆိုတာဟာ ကျမတို့တပ်မ‌တော်ကိုလည်း ဆိုပါတယ်။ တိုင်းရင်းသားအားလုံးကိုလည်း ဆိုလိုပါတယ်။ ပြည်သူလူထု အားလုံးကိုလည်း ဆိုလိုပါတယ်။ နိုင်ငံ‌ရေးအစု အဖွဲ့အားလုံးကိုလည်း ဆိုလိုပါတယ်။
– အဲဒီလို အားလုံးပါဝင်လို့ရှိရင် ကျမတို့ဟာ တကယ်ပဲ ငြိမ်းချမ်းပြီး‌တော့ တည်ငြိမ်တဲ့ ပြည်‌ထောင်စုကြီးတစ်ခုကို ထူ‌ထောင်နိုင်မယ်ဆို တာကို ယုံကြည်ပါတယ်။
– အ‌ဝေး‌ရောက်‌နေတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဟာ ညီညီညွတ်ညွှတ်နဲ့ အမိနိုင်ငံတိုးတက်‌ရေးအတွက် ဝိုင်းဝန်း‌ဆောင်ရွက်‌ပေး ကြပါလို့ ‌မေတ္တာရပ်ခံပါတယ်။

စကားသဝဏ်လွာမှာ ‌ဖေါ်ပြထားရှိတဲ့ စိတ်ဓါတ်၊ ‌စေတနာ၊ သ‌ဘောထား၊ လုပ်နည်းကိုင်နည်း စတာ‌တွေဟာ သိပ်‌ကောင်းမွန်ပါတယ်။ ‌ကောင်းမွန်လှတဲ့ စိတ်‌ကောင်း‌စေတနာ‌တွေ အကျိုးသက်‌ရောက်လာ‌စေဖို့၊ လက်‌တွေ့ဖြစ်ထွန်းလာ‌စေဖို့ ‌အောက်ပါအချက် ၂ခု ဖြစ်‌မြောက် ‌အောင် ‌ဆောင်ရွက်ဖို့ လိုပါတယ်။

၁။ လက်ရှိနိုင်ငံ‌ရေးအာဏာကိုဆုပ်ကိုင်/ချုပ်ကိုင်ထားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေနဲ့(နအဖ)စစ်‌ကောင်စီက သ‌ဘော‌ပေါက် လက်ခံ ပြီး ပူး‌ပေါင်းပါဝင်‌ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
၂။ ပြည်သူအားလုံး၊ တိုင်းရင်းသားအားလုံး၊ (ပြည်တွင်းပြည်ပ/ဥပ‌ဒေတွင်းဥပ‌ဒေပ)နိုင်ငံ‌ရေးအစုအဖွဲ့အားလုံး၊ တပ်မ‌တော်သား အားလုံးက ညီညီညွတ်ညွတ်နဲ့ အမိနိုင်ငံတိုးတက်‌ရေးကို‌ရှေ့ရှုပြီး တစ်စည်းတစ်လုံး တည်းပါဝင်‌ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
‌ဖေါ်ပြပါအချက် ၂ ခုအနက် တစ်ခုခုကိုမျှ လက်‌တွေ့ ဖြစ်‌မြောက်‌ပေါ်ထွန်းလာ‌အောင် လုပ်ကိုင်နိုင်စွမ်းမရှိခဲ့ပါလျှင်‌ကောင်းမွန် လှတဲ့ စိတ်ဓါတ်‌စေတနာ သ‌ဘောထား လုပ်နည်းကိုင်နည်းများဟာ စိတ်‌ကောင်း‌စေတနာ‌ကောင်း သက်သက်မျှသာတည်ရှိ‌နေပါလိမ့်မယ်။
“ခင်မင်မှု‌တွေ‌ရောင်ပြန်ဟပ်မယ့်‌နေ့” ကို‌စောင့်‌မျှော်‌နေရင်း “‌မေတ္တာ‌ရေစုန်‌မျောရမယ့်” အဖြစ်‌တော့ မဖြစ်‌စေလိုပါ။ ထားရှိအပ်‌သော စိတ်‌စေတနာ‌ကောင်းများအ‌ပေါ် သံသယသဲမြူမှုန်မျှမရှိပါ။ သို့ပါ‌သော်လည်း ဗိုလ်သန်း‌ရွှေစစ်အုပ်စု၏ အ‌ပေါ်တွင်ကြီးစွာ‌သော နက်ရှိုင်း‌သော သံသယသည် ရှမ်းရိုးမ‌တောင်တန်းကြီးလို ထုနှင့်ထည်နှင့်ရှိ‌နေပါတယ်။
“ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ(၂၀၀၈)နှင့် ၂၀၁၀‌ရွေး‌ကောက်ပွဲရလဒ်” သည် (နအဖ) စစ်အစိုးရအဖို့ မဆုတ်တန်းခံစစ်မျဉ်းနှင့် ခံတပ်များ ဖြစ် ပါတယ်။ “ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ(၂၀၀၈)နှင့် ၂၀၁၀‌ရွေး‌ကောက်ပွဲရလဒ်” ဆိုတဲ့ “ဦးချို” (ဂျို)‌ပြောင်းလဲတပ်ထားသည့် စစ်အာဏာရှင်စနစ် ဖြစ်သည်။ “အထိမခံ သိမ်‌မွေ့လှ‌သော အ‌ခြေအ‌နေ”ဟုပင် သတင်းစာ‌ဆောင်းပါးတစ်ခုတွင် ‌ဖေါ်ပြထားပါတယ်။
‌မောင်စူးစမ်းနှင့် ‌ကျော်ဝင်းကလည်း “လွှတ်‌တော်၃ ရပ်နိုင်ငံ‌ရေးဂိမ်းမှာပါဝင်ကစားကြ‌ရေး/၂၀၀၈ အ‌ခြေခံဥပ‌ဒေစည်းဝိုင်းထဲမှာသာ ကစားကြရန်/ ဤစည်းဝိုင်းကို ‌ကျော်လွန်ရန်/ထိုး‌ဖောက်ခြင်းမပြုရန်” ‌ဟော‌နေပါတယ်။
ဒါ့အပြင် “လွှတ်‌တော်ထဲတွင်သာ အ‌ကျေအလည်‌ဆွေး‌နွေးနိုင်ကြလျှင် ‌ဘေးထွက်ဆိုးကျိုးကင်းကင်းဖြင့် အ‌ဖြေတစ်ခု ရလိမ့်မည်ထင် ပါသည်/ လွှတ်‌တော်ပြင်ပ လမ်း‌ကြောင်းများနှင့်သွားကြလျှင်မူ ဆိုခဲ့ပြီး‌သော ‌ဘေးထွက်ဆိုးကျိုးများ ကြုံရနိုင်စရာရှိ၍ အမှန်ပင် စိုးရိမ်မိပါ သည်”တဲ့။ သို့ဖြင့် ဒီချုပ်နှင့် ဒုတိယပင်လုံ‌ဆော်ဩ‌နေသူ‌တွေကို (‌ကျော်ဝင်း) က“ဦး‌နှောက်ကြီးကြီး” ဖြင့်စဉ်းစား‌ပေးဖို့ ‌ချော့မြှူသလိုလိုနှင့် စစ်အာဏာရှင်စနစ်ဖြင့် ‌ခြောက်‌နေပါတယ်။
ရှင်း‌နေသည့်အချက်မှာ “ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ (၂၀၀၈) နှင့် ၂၀၁၀‌ရွေး‌ကောက်ပွဲရလဒ်”ကို ထိပါးလာလျှင် မည်သူ့ကိုမဆို/ မည် သည့်‌ဆောင်ရွက်ချက်ကိုမဆို (နအဖ) စစ်အစိုးရအ‌နေဖြင့် ‌ရေရှည် သီးညည်းခံ‌နေလိမ့်မည် မဟုတ်ပါ။
‌နောက်ဆုံးတွင်၊ အဆုံးအဖြတ်ကာလတွင် “အင်အား”က၊ “အင်အားကိုချုပ်ကိုင်‌စေစားနိုင်သူ” ကသာ အနိုင်ရရှိသွားစမြဲ ဖြစ်သည်။ ထို အင်အားမျိုး/ထိုသို့ အင်အားကို ချုပ်ကိုင်‌စေစားနိုင်သည့် အ‌နေအထားမျိုး ကျ‌နော်တို့ဘက်တွင် ဖွဲ့ဖွဲ့စည်းစည်း မရှိ‌သေးပါ။
‌ဒေါ်‌အောင်ဆန်းစုကြည်ကို ပြန်လည် ထိန်းသိမ်းလိုက်သည့်အခါများတွင် ကျ‌နော်တို့၏ နိုးကြားတက်ကြွမှုများသည် အခိုက်အတန့်အား ဖြင့် ပြာဖုံးသွားသည့် မီးခဲပမာဖြစ်သွားခဲ့ဖူးသည့် သာဓကများကို သက်‌သေပြုပါတယ်။

နှစ် (၅၀)နီးပါး သက်တမ်းရင့်မာခဲ့ပြီဖြစ်‌သော မြန်မာပြည်က စစ်အာဏာရှင်စနစ်ကို အကြမ်းမဖက် အနုနည်းသက်သက်ဖြင့် ဘယ် ‌တော့မှ ‌အောင်ပွဲခံနိုင်လိမ့်မည် မဟုတ်ပါ။ ‌အောင်ပွဲခံနိုင်မည်ဟု ထင်မှတ်‌နေလျှင် ထင်မှတ်‌နေသူများ၏ ထင်မှတ်မှားမှုသာ ဖြစ်ပါလိမ့်မည်။
လူထုသာ သမိုင်းကို ဖန်တီးသည့် တွန်းအားဖြစ်သည်ဟူ‌သော သ‌ဘောတရားကို ယုံကြည်မြဲ၊ ယုံကြည်ဆဲ ဖြစ်ပါတယ်။