Home သတင်း နအဖပစ်ခတ်မှု‌ကြောင့် BGF ၇ဦး ကျ၊ ၂ဦး ထိခိုက်

နအဖပစ်ခတ်မှု‌ကြောင့် BGF ၇ဦး ကျ၊ ၂ဦး ထိခိုက်

1371

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ရက်‌နေ့ ည‌နေ ၅း၂၅နာရီအချိန်တွင် ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်ရှိ တ‌ငေါရွာအနီးတဝိုက်၌ မိုင်းသတ္တုတူး‌ဖော်‌ရေးလုပ်ငန်း လုပ်ကိုင်‌နေသည့် ကရင်နယ်ခြား‌စောင့်တပ်ရင်း (၁၀၁၅)တပ်ဖွဲ့ကို နအဖ အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ်-ရတခ လက်‌အောက်ခံ ခမရ(၃၃၉) တပ်ရင်းက သွား‌ရောက်ပစ်ခတ်ရာ အဆိုပါ နယ်ခြား‌စောင့်တပ်ဖွဲ့ဝင် ၇ဦး ကျဆုံးကာ ၂ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရှိရသည်။