Home ထိပ်တန်းသတင်း ကြိုတင်မဲများ‌ကြောင့် ‌ရွေး‌ကောက်ပွဲ ရက်တွင် မဲရုံမရှိ၊ လူမရှိ

ကြိုတင်မဲများ‌ကြောင့် ‌ရွေး‌ကောက်ပွဲ ရက်တွင် မဲရုံမရှိ၊ လူမရှိ

1892
နိုဝင်ဘာလ ၉ရက်။ ‌ကေအို်င်စီ

ဖာပွန်မြို့တွင် ‌ရွေး‌ကောက်ပွဲ‌နေ့ မတိုင်ခင် သုံးရက် ဆက်တိုက် ကြိုတင်မဲ‌ကောက်ခံထားမှု‌ကြောင့် မဲထည့်သည့် နိုဝင်ဘာလ ၇ရက်‌နေ့တွင် မဲရုံဟူ၍ သီးသန့်မရှိဘဲ မြို့နယ်အားကစားရုံ၌သာ မဲထည့်ရန်ကျန်ရှိသူများက သွား‌ရောက်မဲထည့်ခဲ့‌ကြောင်း သိ ရသည်။

မြို့ခံတစ်ဦးက “မဲ‌တွေက ဟိုး ၄ရက်၊ ၅ရက်၊ ၆ရက်‌နေ့‌တွေက ကြိုတင်မဲထည့်လိုက်တာ အ‌တော်များတယ်။ ဒါ‌ကြောင့် ‌ရွေး ‌ကောက်ပွဲရက်ကျ‌တော့ ဖာပွန်မှာ မဲရုံ‌တောင်မရှိဘဲ လက်ကျန်မဲ‌တွေ ထည့်ရ‌အောင်လို့ အားကစားရုံမှာ အဖြစ်သ‌ဘောနဲ့ပဲ လုပ် လိုက်တယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ထိုမဲဆန္ဒနယ်တွင် တစည၊ ကြံ့ဖွံ့နှင့် တသီးပုဂ္ဂလ ဟူ၍ မဲပုံးသုံးပုံ ထားရှိပြီး လူအများစုမှာ စပါးနှံတံဆိပ်ပါသည့် တစညကိုသာ မဲထည့်ခဲ့‌ကြောင်း မြို့ခံတစ်ဦးက ‌ပြောသည်။

“မဲရုံမှာက မဲပုံးကို သုံးပုံး ထားထား‌ပေးတယ်။ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်ကတစ်ပုံး။ အမျိုးသားလွှတ်‌တော် ကိုယ်စား လှယ်က တစ်ပုံး။ တသီးပုဂ္ဂလက တစ်ပုံး။ တစညက စပါးနှံ။ ကြံ့ဖွံ့က ခြ‌သေင့်္‌လေ။ လူထုက စပါးဟာ စားလို့ရတယ်ဆိုပြီး စပါး နှံကို သွားထည့်ကြတာ ပိုများတယ်။”ဟု မဲဆန္ဒရှင်တစ်ဦးက ဆိုသည်။

နိုဝင်ဘာလ ၄ရက်မှ ၆ရက်‌နေ့အထိ သုံးရက်စလုံးတွင် ‌ရွေးချယ်ထားသည့် ‌ကျောင်းဆရာ၊ ဆရာမများနှင့် ‌ကျောင်းသူ‌ကျောင်း သားများက ဘုန်းကြီး‌ကျောင်းရှိ လူရှင်းသည့်‌နေရာတွင်လည်း‌ကောင်း၊ လူ‌နေအိမ်များကို အလှည့်ကျ စာရွက်များ‌ပေးကာ မိမိ ကြိုက်နှစ်သက်သည့်ပါတီကို မဲထည့်ခိုင်းခဲ့သည်။

ထိုရက်အတွင်း ကြံ့ဖွံ့ပါတီက ဖာပွန်မြို့တွင်း ရပ်ကွက်များထဲမှ တအိမ်‌ထောင်လျှင် ဆန် ၃ပြည်နှင့် ဆပ်ပြာ ၃‌တောင့် ‌ဝေငှ‌ပေး ကမ်းခဲ့သလို ရွာတရွာကိုလည်း ဗီဒီယိုတလုံး ‌ပေးကမ်းခဲ့‌ကြောင်း သိရသည်။

ဖာပွန်မြို့နယ်တွင် ကြံ့ဖွံ့ပါတီမှ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ်အဖြစ် ဦး‌စောမြထွန်း‌အောင်၊ တစညပါတီမှ ပြည်သူ့လွှတ် ‌တော်ကိုယ်စားလှယ် ဦး‌အောင်ချစ်၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်များအဖြစ် ‌ဒေါ်ခင်ကြည်နှင့် ဦးခင်ကြူး(ယခင် ကရင်ပြည်နယ် ဥက္ကဌ ဒုဗိုလ်မှူးကြီးခင်ကြူး)က မဲရရှိရန် ဝင်‌ရောက်အ‌ရွေးခံခဲ့ကြသည်။

၎င်းအပြင် တစညပါတီကို မဲမထည့်သည့် လူထုအကုန်လုံးမှာ ကြံ့ဖွံ့ပါတီ၏ ပါတီဝင်များဖြစ်‌နေပြီး အဆိုပါမဲဆန္ဒနယ်‌မြေတွင် ကရင်တိုင်းရင်းသားပါတီတစ်ခုမျှ ဝင်‌ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့‌ပေ။

သို့‌သော် မဲလက်မှတ်များကို ‌ရွေး‌ကောက်ပွဲကျင်းပသည့် နိုဝင်ဘာလ ၇ရက်‌နေ့ည‌နေတွင် မဲရုံမှူးများက ‌ရေတွက်ခြင်းမရှိ‌သေး ‌ကြောင်း သိရသည်။