Home ထိပ်တန်းသတင်း ‌သောင်းချီသည့် မြဝတီလူထု ထိုင်းနိုင်ငံ မဲ‌ဆောက်ဘက် ‌ပြောင်း‌ရွှေ့‌ရောက်ရှိ

‌သောင်းချီသည့် မြဝတီလူထု ထိုင်းနိုင်ငံ မဲ‌ဆောက်ဘက် ‌ပြောင်း‌ရွှေ့‌ရောက်ရှိ

1536
နိုဝင်ဘာလ ၈ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ် မြဝတီမြို့၌ ယ‌နေ့မနက် ၉နာရီ‌ကျော်တွင် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေ ဘီ‌အေ)နှင့် နအဖ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွား‌သော‌ကြောင့် မြဝတီပြည်သူ ‌ထောင်ချီ ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ဘက်ခြမ်းကို ကူး လာခဲ့သည်။

ယ‌နေ့ည‌နေ ၅နာရီအချိန်တွင် ထွက်‌ပြေးလာ‌သော မြဝတီမြို့ခံလူထုမှာ ဦး‌ရေ တစ်‌သောင်း‌ကျော်ရှိပြီး ၎င်းတို့ကို မဲ‌ဆောက်မြို့၊ မယ်‌တော်‌တောရ‌ကျောင်းနှင့် ထိုင်းစစ်တပ်(‌တော‌ချော‌ဒေါ)ရုံးတွင် ထားရှိပြီး လိုအပ်‌သော ‌သောက်‌ရေ၊ စားနပ်ရိက္ခာနှင့် ကျန်း မာ‌ရေး‌စောင့်‌ရှောက်မှုများကို International Organization for Migration-IOM က ကူညီ‌ထောက်ပံ့‌ပေးခဲ့သည်။

ထွက်‌ပြေးလာသူ မြဝတီ အမှတ်(၃)ရပ်ကွက်မှ ပြည်သူတဦးက “မြို့ထဲက ထွက်နိုင်တဲ့သူ‌တွေ အကုန်ထွက်တာပဲ။ ထွက်မ‌ပြေး လို့ မဖြစ်ဘူး။ ကျ‌နော်ထွက်လာတုန်းက လက်နက်ကြီး‌တွေ တဖက်နဲ့ တဖက်ထုတာ ကျ‌နော်တို့နဲ့ မနီးမ‌ဝေးမှာ ကျတယ်။ ကျ‌နော့်အိမ်ကို‌တော့ ပစ္စည်း‌တွေ အကုန်ထားခဲ့ပြီး ‌သော့နဲ့ ခတ်ထားပြီး ထွက်လာတာပဲ။ အပြင်းအထန်ပဲ။ တိုက်ပွဲက ဒီမနက်မှ ဖြစ်တာ ကံ‌ကောင်းတယ်။ ညက ဖြစ်ရင်‌တော့ မြို့က ပြည်သူ‌တွေ ‌တော်‌တော်‌သေမယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ထိုင်းစစ်တပ်ရုံးတွင် ထွက်‌ပြေး‌ရောက်ရှိလာသည့် မြဝတီမြို့ခံ လူငယ်တဦးက “‌ရွေး‌ကောက်ပွဲကို လက်မခံလို့ ဒီ‌ကေဘီ‌အေ ဘက်က စပစ်တယ်လို့ ထင်တာပဲ။ မ‌နေ့က ကျ‌နော် မဲသွားမထည့်ဘူး။ ဘယ်သူ့ထည့်ရမှန်း မသိလို့ မသွားတာ။ စိတ်လည်း မဝင်စားဘူး။ စားဝတ်‌နေ‌ရေး ‌ပြေလည်ရင်‌တော်ပြီ။ အခုလို အ‌ခြေအ‌နေဖြစ်လာတာ မ‌ကောင်း‌ပေမဲ့ ရင်ဆိုင်ရမှာပဲ‌ပေါ့။”ဟု ‌ပြောသည်။

အချို့မြို့ခံများမှာ ပစ်ခတ်မှုဖြစ်ပွားသည့် မြို့တွင်း‌နေရာများ၌ ပိတ်မိ‌နေကာ အိမ်တွင်းမှ အိမ်ပြင်မထွက်ရဲဘဲ ‌သေနတ်သံများကို ‌ကြောက်လန့်တကြား နားစွင့်‌နေကြသလို အချို့မှာ သဃင်္န်းညီ‌နောင်ဘက်သို့ ထွက်‌ပြေးတိမ်း‌ရှောင်သွား‌ကြောင်း မြို့တွင်းပိတ် မိ‌နေသည့် အမျိုးသမီးတစ်ဦးက ‌ပြောသည်။

မြဝတီမှ ထိုင်းနိုုင်ငံသို့ ထွက်‌ပြေးတိမ်း‌ရှောင်လာ‌သော စစ်‌ပြေးဒုက္ခသည်များ

“ကျမတို့‌တော့ ‌သေပါပြီ။ ထွက်လို့လည်းမရ၊ ထွက်လို့လည်း မရဲ‌တော့ဘူး။ ကိုယ်ပိုင်ကားရှိတဲ့သူ‌တွေက‌တော့ သဃင်္န်းညီ‌နောင် ဘက်ကို ‌ရှောင်ထွက်သွားကြတယ်။ လိုင်းကား‌တွေ‌တော့ တစီးမှမထွက်ဘူး‌လေ။ စစ်တပ်က လူ‌တွေကို မြို့ပြင်ထွက်သွားခိုင်း တယ်။။ ပြီးရင် သူတို့က ဒီ‌ကေဘီ‌အေကို အပြတ်ရှင်းမယ်ဆိုတဲ့သ‌ဘော။ ခုဆို တပ်မနဲ့ ဗျူဟာက‌တောင် အင်အားထပ်တိုးလာ တယ်။”ဟု ယ‌နေ့ည‌နေ ၄နာရီခန့်တွင် ‌ကေအိုင်စီကို ‌ပြောသည်။

မြန်မာဘက်ခြမ်း တံတားထိပ်တွင် တိုက်ပွဲဖြစ်ပွား‌သော‌ကြောင့် ပြည်သူများသည် ထိုင်း-မြန်မာနယ်စပ်ရှိ အမှတ်(၁)နှင့် အမှတ် (၂) ဂိတ်များမှ အလုံးအရင်း ‌ပြေးလွှားထွက်‌ပြေးလာ‌နေဆဲဖြစ်‌ကြောင်း သိရသည်။