Home ထိပ်တန်းသတင်း ‌ဒေသခံ အထမ်းသမားများ စစ်တပ် ဖမ်းဆီးပြီး‌နောက် သွားလာခွင့် တားမြစ်ခံရ

‌ဒေသခံ အထမ်းသမားများ စစ်တပ် ဖမ်းဆီးပြီး‌နောက် သွားလာခွင့် တားမြစ်ခံရ

1741
‌အောက်တိုဘာလ ၂၈ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ် သံ‌တောင်မြို့နယ် မာလာ‌တော‌ကျေးရွာမှ ‌ဈေး‌ရောင်း‌ဈေးဝယ် အထမ်းသမား ၁ဝဦး‌ကျော်သည် နအဖ စစ်တပ် ၏ ဖမ်းဆီးခြင်းကို ခံရပြီး‌နောက်ပိုင်း ယခုအချိန်တွင် ရွာသားများအား သွားလာခွင့်ကို တားမြစ်ထားသည်ဟု သိရသည်။

သ‌ပြေညွှန့်တပ်စခန်း အ‌ခြေစိုက် နအဖ ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်‌အောက်ခံ ခလရ(၄၈)တပ်ဖွဲ့၏ တပ်စိပ်တစိပ်သည် မာလာ‌တော‌ကျေးရွာနှင့် ၃မိုင်ကွာ‌ဝေးသည့် သ‌ပြေညွှန့်စုစည်း‌ကျေးရွာသို့ ‌ဈေးဝယ်သွားသည့် ၎င်းရွာသူရွာသား အထမ်းသမား များကို ‌အောက်တိုဘာလ ၂ဝရက်‌နေ့က ရွာအပြန် တယ်ကွယ်‌လေးခို့‌နေရာတွင် ဖမ်းဆီးကာ ကျပ်‌ငွေ (၁၀)သိန်းဖိုးကို သိမ်း ဆည်းပြီး ‌နောက်ပိုင်း ယခုလို တားမြစ်ခံရခြင်းဖြစ်သည်။

သံ‌တောင်မြို့နယ်မှ ‌ဒေသခံတဦးက “သ‌ပြေညွှန့်စုစည်း‌ကျေးရွာ အ‌ခြေစိုက် နအဖ ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်‌အောက်ခံ တပ်ရင်း ခလရ(၄၈) ဒုရင်းမှူး တင်မိုး‌ကျော်က သူတို့ကိုဖမ်းတာ ‌အောက်တိုဘာလ ၂ဝရက်‌နေ့မှာ‌ပေါ့‌နော်။ ၂၄ရက်‌နေ့မှာကျ ‌တော့ သ‌ပြေညွှန့်စခန်းကို စစ်တပ်က ‌ခေါ်သွားပြီး ‌နောက်ထပ် ‌ဈေး‌ရောင်း‌ဈေးဝယ် မလုပ်ဖို့၊ ‌ဈေးမလာဝယ်ထမ်းဖို့၊ လာလို့‌တွေ့ ရင် ပစ်သတ်ဖို့‌ပေါ့။ အဲလို အမိန့်ထုတ်ထားတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ထိုသို့ သွားလာခွင့် တားမြစ်ခံရသည့်‌နောက် လက်ရှိအချိန်တွင် ရွာသားများမှာ မည်သို့မျှ သွားသွားလာလာ မလုပ်ကြရ‌တော့သ ဖြင့် အခက်အခဲများစွာ ကြုံ‌တွေ့‌နေရ‌ကြောင်း ပြည်တွင်းဌာ‌နေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာ ‌ကော်မတီ (CIDKP) မှ ‌စောဘယ် ထူးက ယခုလို ‌ပြောပြသည်။

၎င်းက “‌လော‌လောဆယ် အဲဒီ ဖမ်းထားတဲ့လူ‌တွေကို ပြန်လွှတ်‌ပေးတာ မရှိ‌သေးဘူးလို့ ကြားတယ်။ သူတို့(နအဖ)က‌တော့ ဒီလို အပြစ်မဲ့ရွာသား‌တွေကို လုပ်ချင်တဲ့အခါ လုပ်လိုက်တာပဲ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

နအဖ စစ်တပ်အ‌ခြေစိုက်သည့် သ‌ပြေညွှန့်စုစည်း‌ကျေးရွာသည် အဝတ်အထည်နှင့် စားသုံးကုန်ပစ္စည်းများ အစုံအလင် ‌ရောင်း သည့်အတွက် အနီးအနားရွာများဖြစ်သည့် မာလာ‌တော၊ ‌မောကဲသာ့ပယ်ခို့၊ တာကွယ်‌လေးခို့ရွာများအပြင် ‌တောင်ငူမြို့နယ် တိပ်ပု‌ကျေးရွာမှ ရွာသူရွာသားများလည်း ‌ရောင်းဝယ်‌ဖောက်ကား ဝင်ထွက်သွားလာ‌လေ့ရှိသည်။

အင်အား ၂၀ဝ ဝန်းကျင်ရှိ သ‌ပြေညွှန့် အ‌ခြေစိုက် နအဖ ခလရ(၄၈)တပ်ရင်းသည် အဆိုပါ‌ဒေသရှိ ‌ဒေသခံ ရွာသူရွာသားများကို တပ်ရိက္ခာများသယ်‌ပေးရန် မကြာခဏဆိုသလို လုပ်အား‌ပေး ‌ခေါ်ယူခဲ့သည်။