Home ထိပ်တန်းသတင်း ‌ရွှေ့‌ပြောင်း‌ကျောင်းသားများ ကရင်ရိုးရာချည်ဖြူဖွဲ့မဂင်္လာပွဲ စည်ကားစွာ ကျင်းပ

‌ရွှေ့‌ပြောင်း‌ကျောင်းသားများ ကရင်ရိုးရာချည်ဖြူဖွဲ့မဂင်္လာပွဲ စည်ကားစွာ ကျင်းပ

1420
ဩဂုတ်လ ၂၃ရက်။ ‌နော်ဖြူဖြူသင်း (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ ဆာသူး‌လေ‌ကျောင်းတွင် ဆာသူး‌လေ‌ကျောင်းနှင့် (CDC) ‌ကျောင်းတို့မှ ‌ကျောင်းသူ‌ကျောင်းသားများ စု‌ပေါင်းသည့် ကရင်ရိုးရာချည်ဖြူဖွဲ့ မဂင်္လာပွဲတခု ယ‌နေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားတွင် (CDC) ‌ကျောင်းမှ ‌ကျောင်းသူ‌ကျောင်းသားများအပါအဝင် ဆရာ၊ ဆရာမများ၊ ဧည့်သည်‌တော်များအားလုံး စုစု‌ပေါင်း ၈၀ဝခန့် တက်‌ရောက်ခဲ့ကြပြီး နံနက်ပိုင်း လက်ချည်ပွဲအခမ်းအနားတွင် ကရင်အဆို‌တော် ထူးဝါးနှင့် အခြားအဆိုဝါသနာ ရှင်များ ‌တေးသီချင်းများနှင့် ကရင်ရိုးရာဒုံးယိမ်းအကများဖြင့်လည်း ‌ဖျော်‌ဖြေတင်ဆက်ခဲ့ကြသည်ဟု သိရသည်။

ကရင်အမျိုးသားတရပ်လုံး အမြတ်တနိုးထားသည့် ရိုးရာများကို ‌မေ့‌ပျောက်မသွားဘဲ အမှတ်ရ‌နေ‌စေရန်နှင့် ကရင်လူမျိုးများ စုစည်းညီညွှတ်မှု ရှိ‌နေ‌စေရန်အတွက် ရည်ရွယ်၍ ဤအစီအစဉ်ကို ပြုလုပ်ခြင်းဖြစ်‌ကြောင်း လက်ချည်ပွဲအခမ်းအနား တက်‌ရောက် လာသည့် “ခွဲက‌ဘောင်” ‌ကျောင်းတာဝန်ခံ မန်းဗလရှင်က ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“ကိုယ့်ရဲ့ လူမျိုးယဉ်‌ကျေးမှုကို‌တော့ မ‌မေ့‌ပျောက်ဖို့ အ‌ရေးကြီးတယ်။ အဲဒါ‌ကြောင့်မို့လို့ ဝါ‌ခေါင်လက်ချည်ပွဲ ‌ရောက်တိုင်း‌ရောက် တိုင်း ကိုယ့်ရဲ့ ကရင်လူမျိုးကို ကိုယ်ချစ်ရင် ချည်ဖြူကို လက်‌ပေါ်ချည်ထားရမယ်။ ချည်ဖြူ လက်‌ပေါ် မရှိဘူးဆိုရင် ဒီလူက‌တော့ လိပ်ပြာ‌ပျောက်သွားပြီး လမ်းမှားသွားပြီး။ ဒါဟာ ဘိုးဘွား‌တွေ လက်ထက်ထဲက ထားခဲ့တဲ့ အ‌မွေအနှစ်ဖြစ်တယ်။”ဟု ‌ပြောသည်။

ယ‌နေ့ ကျင်းပပြုလုပ်သည့် ကရင်ရိုးရာ ချည်ဖြူဖွဲ့မဂင်္လာပွဲတွင် ဆာသူး‌လေ‌ကျောင်းမှ (၁၁)တန်း ‌ကျောင်းသူတစ်ဦးက “ကိုယ့်ရိုး ရာယဉ်‌ကျေးမှုကို ထိုင်းနိုင်ငံမှာ အခုလို ‌ပျော်‌ပျော်ရွှင်ရွှင် ကျင်းပခွင့်ရတာ အရမ်းဝမ်းသာတယ်။ ပြီး‌တော့ တခြားဘာသာဝင်‌တွေ လည်း တက်‌ရောက်တယ်‌လေ။ ကျမလို ကရင်လူငယ်‌တွေ ကိုယ့်လူမျိုးရဲ့ ယဉ်‌ကျေးမှုကို မ‌မေ့ဘဲ သတိရ‌နေကြဖို့ ‌ပြောချင်တယ်” ဟု သူမ၏ ခံစားချက်ကို ‌ပြောဆိုသည်။

ထိုင်းနိုင်ငံတွင် ‌ရောက်ရှိလာသည့် မြန်မာပြည်သားများသည် မိသားစုစိတ်ဓါတ်ဖြင့် စုစည်းပြီး ကရင်ရိုးရာ လက်ချည်ပွဲကို ယခုလို စည်စည်ကားကား ကျင်းပနိုင်ခြင်းအ‌ပေါ် ဝမ်း‌မြောက်ဂုဏ်ယူမိ‌ကြောင်း ဆာသူး‌လေ‌ကျောင်းမှ ဆရာမတစ်ဦးက ယခုလို ‌ပြော သည်။

“ဒီလိုမျိုး သူများနိုင်ငံမှာ မိသားစု စိတ်ဓာတ်နဲ့ ကိုယ့်ရဲ့ရိုးရာကို မ‌မေ့တာကို ဂုဏ်ယူတယ်‌ပေါ့‌နော်။ ဒီထိုင်းနိုင်ငံမှာ လာ‌နေတဲ့ မိဘ ‌တွေရဲ့ ပံ့ပိုးမှု၊ ကူညီမှု‌တွေကို ‌ကျေးဇူးတင်တယ်။ ‌ကျောင်းသားလူငယ်‌တွေအ‌နေနဲ့လည်း ကိုယ့်ရဲ့ရိုးရာကို စဉ်ဆက်မပြတ် မပ ‌ပျောက်‌အောင် ဆက်ထိန်းထားဖို့ လိုတယ်”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ယခုလို ကရင့်ရိုးရာ ချည်ဖြူဖွဲ့မဂင်္လာကို မဲ‌ဆောက်မြို့ရှိ ဆာသူး‌လေ အထက်တန်း‌ကျောင်းတွင် ပြုလုပ်လာခဲ့သည်မှာ ယခုနှစ်ဆို လျှင် ၄ကြိမ်‌မြောက်ရှိပြီး ဖြစ်သည်။

ယင်းသို့ လက်ချည်ပွဲ ပြုလုပ်ရာတွင် ထမင်းဆုပ်၊ ‌ကောက်ညှင်း၊ ငှက်‌ပျောသီး၊ ပန်းနုနွယ်၊ ကြံ၊ ‌ရေ၊ ချည်ဖြူ စသည့် ပစ္စည်းအမယ် များ ပါဝင်ပြီး ‌မောင်နှံစုံလင်သည့် သက်ကြီးရွယ်အိုများက ချည်ဖြူဖွဲ့ရစ်ပတ်‌ပေးကြသည်။ ကရင့်ရိုးရာ ဝါ‌ခေါင်လက်ချည်ပွဲသည် ရိုးရာယဉ်‌ကျေးမှု အ‌မွေအနှစ်တခုဖြစ်ပြီး နှစ်စဉ် ဝါ‌ခေါင်လပြည့်‌နေ့‌ရောက်တိုင်း ကရင်အမျိုးသားများ အားလုံး စုစည်းညီညွှတ်စွာ ဖြင့် ကျင်းပပြုလုပ်ကြခြင်းဖြစ်သည်။