Home ကဗျာ အာဇာနည်သစ္စာ

အာဇာနည်သစ္စာ

2027
လကင်္ာဒီပ

လက် ‌ပြောင်တဲ့ကြယ်စင်
နက် နဲအလင်း‌တွေ ‌ပေးခဲ့သူ
ချ ထားမူ‌တွေအတိုင်းရယ်
စ လယ်ဆုံး မနားတမ်းအကြား
ကား ပြန့်သွားဝကင်္ဘာထဲ‌လေ
အ ‌ဖြေရှာ ‌လျှောက်လှမ်းသွားရင်း
လျဉ်း လျဉ်း‌လေးစိမ့်ဝင်သွားထင့်
မ ‌မျှော်လင့်သ‌ဘောတရား
‌ပြော သွားခဲ့မူသစ္စာများ
ရ ထားသက္ကရာဇ်များနှင့်အတူ ကိုင်စွဲထားဆဲပါသခင်။

က လူကျီစယ်လိုက်တဲ့
ရင် ဘတ်မဲ့ဇာတ်ဆရာ
ပြည် ပျက်ရာသူဖန်တီး
ပြီး မဆုံး‌သေး အမှုအ‌ရေး။

ပြည့် စုံမှု ‌ဆောင်ကြဉ်းနိုင်ခွင့်‌တွေ
စုံ ‌ရေရှာဆန်ခရီးမှာဖြင့်
ရ သင့်တဲ့ တန်းတူ‌ရေး
မည်(မြည်) သံ‌ကြွေးရယူ သက်‌ပေးခဲ့ကြရှာ‌ပေါ့။

က နဦးစနုနု
ရင့် ကျက်မှုမရှိခင်များ
လက် ဖဝါးသွယ်သွယ်ဟန်
နက် ‌မှောင်ဆံ‌ကောသာဖြန့်ကာ
က ခုန်ကာသီဆိုရင်း
ရင့် ကျက်ခြင်းများ ရှာ‌ဖွေခဲ့ကြ
လက် ‌တွေ့ဘဝအခန်းတွင်
ထဲ ထဲဝင်ဝင် ကြင်ကြင်နာနာ
တွင် တွင်ရှာ သူလိုလူ‌တွေ
ရှိ ပါ‌လေအုံးမလား ‌ဖွေရှာ
ရ(ယ) ထာဘူတကျကျ ‌တွေး‌နေဆဲ
မည်(မြည်) မြဲကျွဲချိုသံလည်း မသာယာ‌တော့။

က ဆုန်‌ပေါက်‌ပြေးလွှား
ရင့် သီးခါးတူးခြင်းဟာ
ကြ မ္မာမုန်တိုင်းများနှင့်အတူပါ
မာ ထန်ကာ ‌ရော‌မွှေ‌နေ
က ‌ချေသည်မျက်‌စောင်း
ရင် ‌ခေါင်းကိုထိုးသွင်းလာ‌လေလားတဲ့
ဖန် လာခဲ့ကံအငြိုးမုဆိုး
တီး ထိုးလိုက်ဖားစည်သံ‌အောက်
ရ ပိုင်ခွင့်‌လျှောက်လဲချက်‌တွေလည်း
မည်(မြည်) သံစွဲ၊ ရန်ကာမြဲတိုက်‌နေဆဲပါ အာဇာနည်တို့။ ။

မှတ်ချက် ။ ။ ‌ကြွေလွှင့်သွားကြသည့် ပန်းပျိုးဥယျာဉ်မှူး‌ကောင်းများသဖွယ်ဖြစ်‌သော ကရင့်အာဇာနည် သူရဲ‌ကောင်းများကို ဦးညွှတ်လျက် ဩဂုတ်လ (၁၂)ရက်‌နေ့၌ ကျ‌ရောက်‌သော နှစ် ၆၀‌မြောက် အာဇာနည် ‌နေ့ကို ဤကဗျာ‌လေးဖြင့် မှတ်တမ်းတင်အပ်ပါသည်။