Home ထိပ်တန်းသတင်း တရုတ်-မြန်မာ ‌ရေကာတာသစ် အစီအစဉ်များအ‌ပေါ် ကရင်နီဖွံ့ဖြိုး‌ရေးသု‌တေသနအဖွဲ့ ကန့်ကွက်ရှုတ်ချ

တရုတ်-မြန်မာ ‌ရေကာတာသစ် အစီအစဉ်များအ‌ပေါ် ကရင်နီဖွံ့ဖြိုး‌ရေးသု‌တေသနအဖွဲ့ ကန့်ကွက်ရှုတ်ချ

1771
ဩဂုတ်လ ၁ဝရက်။ ‌နော်ဖြူဖြူသင်း (‌ကေအိုင်စီ)

ကရင်နီဖွံ့ဖြိုး‌ရေး သု‌တေသနအဖွဲ့မှ ကရင်နီပြည်နယ်တွင် တည်‌ဆောက်မည့် ‌ရေကာတာသစ် အစီအစဉ်များကို ပြင်းပြင်းထန် ထန် ရှုတ်ချကန့်ကွက်ပြီး နအဖနှင့် ဒါထာ ကုမ္ပဏီတို့၏ အစီစဉ်များကို ချက်ချင်း ရပ်တန့်ရန် ‌တောင်းဆိုထား‌ကြောင်း ကရင်နီ ဖွံ့ဖြိုး‌ရေး သု‌တေသနအဖွဲ့ (KDRG)၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

နအဖ စစ်အုပ်စုနှင့် ယူနန်ပြည်နယ်၊ ဒါထာ ‌ရေအားလျှပ်စစ် ထုတ်လုပ်‌ရေးကုမ္ဓဏီ Datang (Yunnan) United Hydropower Developing Co) တို့သည် ၂၀၁ဝ ခုနှစ် ဇန်နဝါရီလ (၇)ရက်‌နေ့တွင် ရွာသစ်‌ကျေးရွာအနီး လျှပ်စစ်ဓာတ်အား မီဂါဝပ်(၆၀၀) ထုတ်‌ပေးနိုင်သည့် ‌ရေကာတာတစ်ခု ‌ဆောက်လုပ်ရန် နှစ်ဖက် နားလည်မှု စာချွှန်လွှာ လက်မှတ်‌ရေးထိုးခဲ့ခြင်းနှင့် ‌ရေကာတာ သစ် အစီအစဉ်များအ‌ပေါ်ကရင်နီလူထုမှ ဆန့်ကျင်ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

ကရင်နီလူထုတို့သည် လွန်ခဲ့‌သော နှစ်‌ပေါင်း(၅၀)က ကရင်နီပြည်နယ်၊ ‌လောပီတတွင်မြန်မာနိုင်ငံ၏ ပထမအကြီးဆုံး ‌ရေအား လျှပ်စစ် ထုတ်လုပ်‌ရေးစီမံကိန်း တည်‌ဆောက်ခဲ့‌သော်လည်း ကယားပြည်နယ်အတွက် မည်သည့်အကျိုး‌ကျေးဇူးမှ မရရှိ ‌ကြောင်း ထုတ်ပြန်‌ဖော်ပြထားသည်။

“ဒီကိစ္စက ကျ‌နော်တို့က အများကြီး ‌တွေ့ခဲ့ရပြီးပြီ။ ‌လောပိတတို့၊ မိုးဗြဲ‌ရေကာတာတို့ ‌ဆောက်တုန်းက ကယားပြည်နယ်မှာ မီး ထိန်ထိန်လင်း‌စေရမယ် ဆိုပြီး‌တော့ ကတိ‌တွေ‌ပေးတယ်။ ‌နောက်‌တော့ ဘာမှလည်း မဟုတ်လာဘူး‌လေ။”ဟု ကရင်နီဖွံ့ဖြိုး‌ရေး သု‌တေသနအဖွဲ့မှ တာဝန်ခံ ခူး‌တော်ရယ်က ‌ပြောသည်။

ယင်းစီမံကိန်း‌ကြောင့် ‌ဒေသခံ ၁၂,၀၀၀‌ကျော်တို့သည် အခြား‌ဒေသများသို့ အတင်းအဓမ္ဓ ‌ပြောင်း‌ရွှေ့ခံခဲ့ရပြီး လျှပ်စစ်ဓာတ် အား ၉၅ရာခိုင်နှုန်းကို မြန်မာပြည် ‌ဒေသအသီးသီးသို့ ပို့‌ဆောင်‌ပေးခဲ့ပြီး စက်ရုံလုံခြုံ‌ရေးအတွက် ‌မြေမြှုပ်မိုင်းအလုံး‌ပေါင်း ၁၈,၀၀ဝ မြှုပ်နှံထားခြင်း‌ကြောင့် ‌မြေမြှုပ်မိုင်းများသည် ကရင်နီလူထုအတွက် စိုးရိမ်စရာတစ်ခု ဖြစ်‌နေ‌ကြောင်း ဆက်လက် ‌ပြောသွားသည်။

ယခုကဲ့သို့ ‌နောက်ထပ် တည်‌ဆောက်မည့် ‌ရေကာတာသစ်များသည် ဆယ်စုနှစ်များအတွင်း မြန်မာစစ်တပ်၏ စနစ်တကျ လူ့ အခွင့်အ‌ရေးချိုး‌ဖောက်မှုများဖြစ်သည့် အစုလိုက်အပြုံလိုက် အဓမ္ဓ‌ပြောင်း‌ရွှေ့မှု၊ ‌ကျေးရွာမီးရှို့ဖျက်ဆီးမှု၊ သတ်ဖြတ်မှု၊ ညှင်းပမ်း နှိပ်စက်မှုနှင့် အမျိုးသမီးများအား အဓမ္မပြုကျင့်ကာ အနိုင်ကျင့်‌စော်ကားမှုများ ကြုံ‌တွေ့ခံစား‌နေရခြင်းနှင့် ပတ်သက်၍လည်း ခူး‌တော်ရယ်က ဆက်လက် ‌ပြောဆိုသည်။

“ဒီလျှပ်စစ်အား‌တွေကို စစ်အစိုးရက တရုတ်ကို ပို့တယ်။ ပြီး‌တော့ သူတို့‌တွေ ‌ဒေါ်လာ‌တွေရမယ်။ အဲဒါ‌တွေကို အာဏာရှင်ရဲ့ ဖိနှိပ်‌ရေး ယန္တရားမှာ သူတို့ပြန်သုံးတယ်။ ဒုက္ခ‌တွေကို လူထု‌တွေက ခံရတယ်။ ဒါက‌တော့ မတရားဘူး။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

နှစ်ဖက် သ‌ဘောတူစာချုပ်ချုပ်ပြီးချိန်မှစ၍ ရွာသစ်အနီးရှိ ‌ကျောက်ကျဉ်းတွင် ‌ရေကာတာ ‌ဆောက်လုပ်ရန် လိုအပ်သည့် တိုင်း တာမှုကို ၂ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့သည့်အပြင် မြန်မာနိုင်ငံအလယ်ပိုင်းမှ အလုပ်သမားများ ‌ခေါ်‌ဆောင်လာကာ ‌ရေကာတာ ‌ဆောက်လုပ်‌ရေးပစ္စည်းများကိုလည်း တည်‌ဆောက်မည့်‌နေရာသို့ စတင် ပို့‌ဆောင်‌နေပြီဖြစ်‌ကြောင်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြ ထားသည်။

နအဖနှင့် ဒါထာကုမ္ပဏီတို့၏ ချုပ်ဆိုထားသည့် ထိုနားလည်မှု စာချွှန်လွှာတွင် ကရင်နီပြည်နယ်တွင်း သဘက်‌ချောင်းတွင် လျှပ် စစ်ဓာတ်အား ၁၁ဝ မီဂါဝပ်နှင့် ပွန်‌ချောင်းတွင် လျှပ်စစ်ဓာတ်အား ၁၃ဝ မီဂါဝပ် အသီးသီး ထုတ်လုပ်‌ပေးနိုင်မည့် ‌ရေကာတာ များကိုလည်း တည်‌ဆောက်သွားရန် ပါရှိသည်။

၎င်းအပြင် စစ်အုပ်စု၏ ‌မြေလှန်စစ်ဆင်‌ရေးများ‌ကြောင့် ထိုင်းနိုင်ငံအတွင်း ခိုလှုံ‌နေရသည့် ‌သောင်းနှင့်ချီ‌သော ကရင်နီဒုက္ခ သည်များသည် ထိုင်းနိုင်ငံ၊ မဲ‌ဟောင်‌ဆောင်ခရိုင်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)နှင့် အမှတ်(၂)တွင် ‌နေထိုင်လျှက်ရှိပြီး ဒုက္ခသည်‌ပေါင်း ၂၀,၀၀ဝနီးပါးရှိ‌ကြောင်း သိရသည်။