Home ထိပ်တန်းသတင်း ဘုရားသုံးဆူမြို့တွင် ချိန်ကိုက်ဗုံးတစ်လုံး‌ပေါက်ကွဲ ၅ဦးဒဏ်ရာရရှိ

ဘုရားသုံးဆူမြို့တွင် ချိန်ကိုက်ဗုံးတစ်လုံး‌ပေါက်ကွဲ ၅ဦးဒဏ်ရာရရှိ

1562
ဩဂုတ်လ ၂၅ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်စပ် ဘုရားသုံးဆူမြို့၌ ယ‌နေ့ည‌နေ ၅နာရီခန့်တွင် ချိန်ကိုက်ဗုံး တစ်လုံး ‌ပေါက်ကွဲခဲ့ရာ နအဖနှင့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင် ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကိုယ်တိုင်မြင်‌တွေ့ခဲ့သူတစ်ဦးက ‌ကေအိုင်စီကို ‌ပြောသည်။

၎င်းက “ဒီ‌နေ့ ကရင်လက်ချည်ပွဲ အခမ်းအနားရှိတယ်‌လေ။ ဗုံးကို‌ထောင်ထားတာက ‌နေ့လည်အချိန်‌လောက်က ဖြစ်မယ်။ အ ခမ်းအနားပြီးမှ ဗုံးကို ရပ်ကွက်(၂)က လမ်း‌ဘေးမှာ ‌တွေ့တာ။ ဗုံးကို ဖယ်ရှားဖို့ သက်ဆိုင်ရာအာဏာပိုင်‌တွေ သွားကြည့်တဲ့အ ချိန်မှာ ဗုံးက ‌ပေါက်ကွဲသွားတယ်။ ငါး‌ယောက် ဒဏ်ရာရတယ်။ အဲဒီအထဲမှာ နအဖ တပ်သား ၂‌ယောက်နဲ့ ဒီ‌ကေဘီ‌အေ တပ် သား ၁‌ယောက် ဒဏ်ရာ အပြင်းအထန်ရတယ်။”ဟု ‌ပြောသည်။

RPG M-79 ထိပ်ဖူးဖြင့် ပြုလုပ်ထားသည့် ၎င်းချိန်ကိုက်ဗုံး ‌ပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာ ရရှိသူများအနက် ခလရ(၃၂) တပ် ရင်းမှူး ဒုဗိုလ်မှူးကြီး‌အောင်ဝင်းခိုင် အပါအဝင် ဒီ‌ကေဘီ‌အေ တပ်မဟာ (၅)မှ ဗိုလ်‌အေဝမ်းလည်း ပါဝင်သည်ဟု သိရှိရသည်။ ဒဏ်ရာ အပြင်းအထန် ရရှိသည့် နအဖတပ်ဖွဲ့ဝင်နှစ်ဦးအား ထိုင်းနိုင်ငံ၊ ကန်ဘူရီ‌ဆေးရုံသို့ ပို့‌ဆောင်လိုက်ပြီဟု သိရသည်။

ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှ တပ်မှူးတစ်ဦးက “အခုအချိန်မှာ ရှုတ်ရှုတ်ယှက်ယှက် အချိန်မှာဆို‌တော့ ဘယ်သူဘယ်ဝါ လက် ချက်ဆိုတာက ‌ပြောရခက်တယ်။ တခု‌ပြောနိုင်တာက‌တော့ ကျ‌နော်တို့ နအဖနဲ့ နီးနီးကပ်ကပ်‌နေတာကို အမြင်မရှင်းတဲ့လူ‌တွေ ရဲ့လက်ချက် ဖြစ်နိုင်ပါတယ်။”ဟု ခန့်မှန်း‌ပြောဆိုသည်။

၎င်းအပြင် ဘုရားသုံးဆူ၌ ယ‌နေ့ ကျင်းပပြုလုပ်သည့် ကရင့်လက်ချည်ပွဲအခမ်းအနားတွင် နအဖမှ ခလရ(၃၂) တပ်ရင်းမှူး ကိုယ်တိုင် တက်‌ရောက်‌သော‌ကြောင့် တပ်ရင်းမှူးကို လုပ်ကြံရန် ‌ထောင်ထားသည့် ဗုံးလည်းဖြစ်နိုင်‌ကြောင်း သုံးသပ်‌ပြောဆိုသူ များလည်း ရှိသည်။

ဘုရားသုံးဆူမြို့တွင် ဩဂုတ်လအတွင်း ယခုအကြိမ် အပါအဝင် ချိန်ကိုက်ဗုံး (၃)ကြိမ် ‌ပေါက်ကွဲပြီး ယခင်‌ပေါက်ကွဲမှုများက လည်း ထိခိုက်‌သေဆုံးမှုရှိသည်ဟု ဘုရားသုံးဆူရှိ ဒီ‌ကေဘီ‌အေ အသိုင်းအဝိုင်း၏ ‌ပြောပြချက်အရ သိရသည်။