ကျနော်နာမည် စောလားပွယ်ဖြစ်ပါတယ်။ ကျနော်ရန်ကုန်မှာရှိနေတဲ့ ယူဂိုစလပ်သံရုံးမှာ ၁၉၆၅ခုနှစ်မှ ၁၉၈၂ခုနှစ်အထိ အလုပ်လုပ်ခဲ့ပါတယ်။ တဖန် အင်ဒိုနီးရှားသံရုံးကို ပြောင်းရွှေ့ပြီး ၁၉၈၈ခုနှစ်အထိ အလုပ်လုပ်ခဲ့ပါတယ်။ ထို့နောက် Unoca IU.S oil Company မှာ တဖန်ပြောင်းရွှေ့ပြီး(၇)နှစ်နီးပါး အလုပ်လုပ်ခဲ့ပါတယ်။ ၉၃မှာ ရန်ကုန်မှာရှိတဲ့ ရေနံကုမ္မဏီ အား လုံးနီးပါး Withdraw လုပ်ပြီး အလုပ်သမားတော်တော်များများ အလုပ်နားရပါတယ်။ အဲဒီအထဲမှာ ကျနော်လဲ ပါသွားပါ တယ်။ သို့သော် မမျှော်လင့်ဘဲ ၉၄မှာ နိုင်ငံခြားကို အလုပ်လုပ်ဖို့ ထွက်ခွင့်ရလို့ အီဂျစ်နှင့် အစ္စရေးနိုင်ငံကို ၆နှစ်နီးပါး အလုပ်သွားလုပ်ခွင့် ရပါတယ်။ ၂၀၀ဝ ခုနှစ်မှာ ကျနော်ပြန်ရောက်ပါတယ်။
ကျနော်ပြန်လာတဲ့ အကြောင်းရင်းကတော့ သာသနာအလုပ်လုပ်ရန် ဖြစ်ပါတယ်။ ဒါပေမယ့် အခြေအနေမကောင်းလို့ တဖန်ပြည်လည်ပြီးတော့ Singapore သံရုံးမှာ အလုပ်ပြန်လုပ်ခွင့်ရပါတယ်။ တနှစ်ကျော်ကျော် အလုပ်လုပ်ပြီး စားဝတ်နေ ရေး မလုံလောက်လို့ အမေရိကန်သံရုံးကို အလုပ်ပြောင်း ခွင့်ရပါတယ်။ အမေရိကန်သံရုံးမှာ အလုပ်လုပ်တဲ့အခါ အတွေ့ အကြုံတော်တော်များများ ရခဲ့ပါတယ်။ ဒါပေမယ့် မကြာပါ။ ၅လလောက်ရှိတဲ့အချိန်မှာ မိတ်ဆွေတစ်ယောက်လာပြီး အကူ အညီတောင်းလို့ အလုပ် လစ်လပ်တာရှိတာနဲ့ အလုပ်သွင်းပေးခဲ့ပါတယ်။ အဲဒါကို ကျနော့်ဆရာက ဘာမှမပြောဘဲ ကျနော့် ကို အလုပ်ရပ်စဲခဲ့ပါတယ်။ မေးကြည့်တော့လည်း ဘာမှ သေသေချာချာ မပြောပါ။ ကျနော် စောစောက ပြောတဲ့ အတွေ့အ ကြုံတော်တော်များများသိခွင့် ရတာက ဒီလိုပါ။ အမေရိကန်လူမျိုးတွေ အများအားဖြင့် ကျနော်သိရသလောက် ဒုက္ခရောက် တဲ့လူများကို ကူညီခဲ့တာတွေကို ကျနော်သိရပါတယ်။ သူတို့တတွေ ရန်ကုန်စရောက်တဲ့အချိန်မှာ တော်တော်ကောင်းကြပါ တယ်။ နှစ်လ၊ သုံးလ အချိန်ရောက်တဲ့အခါ သူတို့စိတ်တွေ ပြောင်းသွားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သံရုံးထဲမှာနေတဲ့ လူဟောင်းတွေက သူတို့ကို စိတ်ပြောင်းပေးတာပါပဲ။ သူတို့က ငွေ(ဒေါ်လာ)ကို အပြင်မှာ ဘယ်လိုရောင်းရမလဲ။ ဘယ်လို အခွင့်အရေးတွေ ရတယ်ဆိုတာ လူဟောင်းတွေက သူတို့ကို သင်ပေးခဲ့တာပါပဲ။ သံရုံးထဲမှာရှိတဲ့ မြန်မာသူလျှိုတွေက လည်း သူတို့ကို ကောင်းကောင်းစည်းရုံးခဲ့တာပဲ။ ဒါကြောင့် သူတို့စိတ်ဓါတ်တွေက တဖြည်းဖြည်းနဲ့ ပြောင်းသွားပြီး သူတို့မှာ ရှိတဲ့ ဒီမိုကရေစီအတွေးအခေါ်တွေ ပျောက်ကွယ်ပြီး မြန်မာစစ်အစိုးရဘက်ကို ပြောင်းသွားတာကို ကျနော်တို့ တွေ့ရပါ တယ်။
ဒါတွေ မကဘူး။ ကျနော်တို့ အလုပ်သမားတွေကောင်းလို့ အလုပ်လည်း လုပ်ချင်တိုင်း မလုပ်ရတဲ့အတွက် အလုပ်လက်မဲ့ တွေ အများကြီးရှိပါတယ်။ ဒါကြောင့် သူတို့ကလည်း ဒီအခြေအနေကိုသိတော့ အလုပ်သမားတွေကို တလ ဒေါ်လာ ၇၀၊ ၈ဝ ပေးပြီး အချိန်မရွေး ခေါ်လို့ရတယ်ဆိုပြီး အမှန်တကယ် အလုပ်ကောင်းကောင်း လုပ်တဲ့သူကို စပြီး ဒုက္ခပေးတော့တာ ပဲ။ နှိမ်တော့တာပဲ။ အဓိပ္ပါယ်က “ပေးထားတဲ့လစာနဲ့ မင်းမလုပ်နိုင်ရင် သွားလို့ရတယ်။ နောက်တစ်ယောက်ခေါ်လို့ ရ တယ်”။ ဒီကိစ္စနဲ့ပြောရရင် သူတို့စိတ်ဓါတ်တွေကို စစ်အစိုးရဘက် လုံးလုံးပြောင်းသွားအောင် သံရုံးမှာရှိတဲ့ သူလျှိုတွေက လုပ်ဆောင်ပေးတာကို တွေ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်တာကို ကျနော်ပြောချင်တာက ဒီလိုပါ။ ဒီစစ်အာဏာရှင်ဟာ ဘာ ကြောင့် အာဏာတည်မြဲရသလဲဆိုတာ ဒီအကြောင်းကြောင့်ပါပဲ။
သံတမန်တွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေဟာ ဒီပေးထားတဲ့ သံတမန်အခွင့်အရေးတွေဖြစ်တဲ့ ဒေါ်လာရောင်းစားရတဲ့ အခွင့်အရေး။ လာဒ်ပေးလာဒ်ယူ အခွင့်အရေးကို အထူးခံစားရတဲ့အတွက် သူတို့က ဒီစစ်အစိုးရကို အမြဲကောင်းကြတယ်လို့ ပြောကြတာပါပဲ။ မကောင်းလည်း ကောင်းတာပဲ။ သံတမန်ဟာ ဒီလိုအမြင်မျိုးရှိနေရင် ဒီစစ်အစိုးရကို ဖြုတ်ချလို့ ဘယ် တော့မှ ရမှာမဟုတ်ဘူး။ တိုင်းပြည်တစ်ပြည်နှင့်တစ်ပြည်ဟာ သံတမန်ဆိုတာ အင်မတန်မှ အရေးပါပါတယ်။
ဥပမာ-တိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာ သံတမန်တွေနဲ့စုပေါင်းပြီး မကောင်းတဲ့ အစိုးရကို တွန်းအားပေးပြီး ဖြုတ်ချ လိုက်ရင် သမတ၊ ဝန်ကြီးချုပ်တော်တော်များများ ပြုတ်ကျသွားတာကို ကျနော်တို့တွေ့ရပါတယ်။ ဒါပေမယ့် အခု ဒီလို မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ သံတမန်တွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းအသီးသီးတွေက အထက်က ပြောထားသလို သူတို့က အခွင့်ထူးတွေ ခံစားရနေရတဲ့အတွက်၊ သူတို့က စစ်အစိုးရဘက်ကပဲ ရှိနေတဲ့အတွက် ဒီစစ်အစိုးရကို ဖြုတ်ချဘို့ ကို မလွယ်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ တဆက်တည်း စစ်အစိုးရက အာဏာတည်မြဲဘို့ သံတမန်တွေကို အပိုင်ကိုင်ထား တယ်။ နည်းမျိုးစုံနဲ့ အခွင့်ထူးခံတွေကို သူတို့ကို ပေးထားတာကို ကျနော်တို့တွေ့ရပါတယ်။ အထူးသဖြင့် ရန်ကုန်မှာရှိတဲ့ အာဆီယံ(၁၀)နိုင်ငံဟာဆိုလို့ရှိရင် ပိုပြီးအခွင့်ထူးတွေ ပေးထားတာကို တွေ့ရပါတယ်။ သူတို့က (dane)နာယက အလှည့် ကျ ပေးထားတာကို တွေ့ရပါတယ်။ သံတမန် စည်းမျဉ်းစည်းကမ်းဆိုတာ တိုင်းပြည်တိုင်းမှာ ရှိပါတယ်။ နာယကတစ် ယောက်ကိစ္စ တစ်ခုခုပေါ်လာလို့ရှိရင် သူကနေပြီးတော့ အမိန့်ပေးလိုက်လို့ရှိရင် သူ့ရဲ့အောက်မှာရှိနေတဲ့ အဖွဲ့ဝင်တွေက ပိုပြီး လုပ်ဆောင်ပေးရပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံတမန်တွေဟာ ဒီအမိန့်အောက်မှာပဲ ရှိပါတယ်။ ဘာ ကြောင့်လဲဆိုတော့ သူတို့က သံအမတ်ကြီးမထားတဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော် ပြောချင်တာက အထက် က တင်ပြထားတဲ့အရာများကို နိုင်ငံတကာများမှာရှိတဲ့ ခေါင်းဆောင်များကို အထူးသဖြင့် အမေရိကန် သမတ အိုဘားမား၊ မစ္စကလင်တန်တို့လို ပုဂ္ဂိုလ်ကြီးများကနေ ရန်ကုန်မြို့မှာရှိတဲ့ ဝန်ထမ်းများရဲ့ လုပ်ဆောင်မှုများကို စုံစမ်းဖော်ထုတ်ပေးဖို့ အလေးအနက် မေတ္တာရပ်ခံအပ်ပါတယ်။ တဆက်တည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုလည်းပဲ ရန်ကုန်မြို့ မှာရှိတဲ့ ဝန်ထမ်းများကို စုံစမ်းဖော်ထုတ်ပေးဘို့ အလေးအနက် မေတ္တာရပ်ခံအပ်ပါတယ်။ ထို့အတူ ဒီမိုကရေစီရရှိရန် လှုပ် ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းအသီးသီးများကိုလည်း ဒီမိုကရေစီခေါင်းဆောင်ကြီးများမှာရှိတဲ့ ခေါင်းဆောင်ကြီးများ ကို သိရှိနိုင်ရန် တတ်နိုင်သရွေ့ တင်ပြပြောဆိုပေးပါရန်။ ဦးစိန်ဝင်း၊ ဦးဘိုလှတင့်၊ ဦးသောင်းထွန်း၊ ဦးအောင်ခင် စသည့် ပုဂ္ဂိုလ်များ အထက်အကြောင်းအရာများကို ပြောပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ ခင်ဗျားတို့ တိုင်းပြည်ကို တကယ်ချစ် မြတ်နိုးရင် ဒီအကြောင်းတွေကို စဉ်းစားပြီးတော့ လုပ်ဆောင်ဖို့ လိုတယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆို တော့ သတင်းထဲမှာ ကြားရတဲ့အကြောင်းအရာတွေဟာ စိတ်မကောင်းစရာတွေကြီး ဖြစ်ပါတယ်။ အမှန်တရားဘက်ကို ရပ် တည်နေတဲ့အရာအားလုံးဟာ တစ်နေ့ကျရင် အောင်မြင်မှုရကြမှာ အမှန်ဧကန်ဖြစ်ပါတယ်။ ကျနော်ယုံကြည်ပါတယ်။ ခင် ဗျားတို့ကို အသိပေးပြောချင်ပါတယ်။ ခင်ဗျားတို့လည်း တာဝန်ရှိပုဂ္ဂိုလ်ကြီးများနဲ့ တွေ့တဲ့အခါတိုင်း တင်ပြနိုင်ဘို့ရန် ကျနော် ေမျှော်လင့်ပါတယ်။
စောလားပွယ်
တိုင်းပြည်နဲ့ လူမျိုးချစ်တဲ့ သိမြင်သူတစ်ဦး


















