ကမ္ဘာ့တဝှမ်းရှိ တည်ငြိမ်အေးချမ်းမှု မရှိသောနိုင်ငံများတွင် ဒုက္ခသည်များ သိန်းသန်းများစွာ ဖြစ်ရှိနေရသည်။ ထိုအခြေအနေ ကြောင့် ဇွန်လ ၂ဝရက်နေ့ကို ကမ္ဘာ့ဒုက္ခသည်များနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် အခမ်းအနားများ ကျင်းပလာခဲ့သည်။ မြန် မာလူထုသည် မိမိနိုင်ငံရှိလျှက် ဖိနှိပ်အုပ်ချုပ်သူ စစ်အာဏာရှင်တစ်စုကြောင့် တည်ငြိမ်အေးချမ်းစွာ မနေနိုင်ကြ။ အိမ်နီးချင်း တစ်ပါးနိုင်ငံတွင် တရားမဝင် အလုပ်သမားအဖြစ်လည်းကောင်း၊ စစ်ပြေးဒုက္ခသည်များအဖြစ်လည်းကောင်း၊ ပုံစံမျိုးစုံနှင့် ဒုက္ခ သည် ဖြစ်နေရသည်။
တည်ငြိမ်အေးချမ်းမှု၊ စစ်ရေးလှုပ်ရှားမှု၊ စီးပွားရေးကြပ်တည်းမှုများကြောင့် ပြည်နယ်၊ ပြည်ပမှ မြန်မာတိုင်းရင်းသား ဒုက္ခသည် များမှာ အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ်နှင့် အိနိ္ဒယ၊ တရုတ်၊ ဘဂင်္လားဒေ့ရှ်နယ်စပ်များသို့ ရောက်ရှိနေကြရသည်။ ကုလ သမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး၏ ယခုနှစ်ဇန်နဝါရီလအထိ တည်ရှိသော မှတ်တမ်းများအရ ၎င်းတို့ အသိအမှတ် ပြုကာ ကူညီစောင့်ရှောက် ထားသူများနှင့် ပြည်တွင်းအိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသူ မြန်မာဒုက္ခသည်ဦးရေမှာ လေးသိန်း နှင့် ခုနှစ်သောင်းကျော်ရှိသည်။
ဒီမိုကရေစီစနစ် ကျင့်သုံးနေသည့် ထိုင်းနိုင်ငံသည် ဒုက္ခသည်များကို လက်ခံထားရန် လက်မှတ်ရေးထိုးထားသည့် နိုင်ငံတစ်ခု မဟုတ်သော်လည်း မြန်မာနိုင်ငံကို အစစအရာရာ ချွတ်ခြုံကျအောင် အုပ်ချုပ်လာခဲ့သည့် စစ်အာဏာရှင်များကြောင့် ထွက်ပြေး ခိုလှုံလာသူများကို လူသားချင်း စာနာထောက်ထားဖြင့် လက်ခံထားလျှက်ရှိသည်။
ထိုင်းနိုင်ငံ ဒုက္ခသည်များကို ဝန်ထုပ်ဝန်ပိုးသဖွယ် လက်ခံထားမှုမှ လျော့ပါးစေရန် ၂၀၀၆ခုနှစ်မှစ၍ ဒုက္ခသည်များအား တတိ ယနိုင်ငံသို့ သွားရောက်ခိုလုံမှု အစီအစဉ်ကို ယခုအချိန်ထိ လုပ်ဆောင်လာနေခဲ့သည်။ ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည်များ သည် အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ နော်ဝေ၊ ဆွီဒင်၊ အဂင်္လန် အစရှိသည့် နိုင်ငံများသို့ ထွက်ပေါက်တစ်ခုအဖြစ် လူဦး ရေ သောင်းနှင့်ချီ၍ သွားရောက်ခိုလှုံခဲ့ကြသည်။ သို့သော် မြန်မာပြည်ကို အုပ်ချုပ်နေသည့် စစ်အစိုးရ၏ မတရားလုပ်ဆောင်မှု များ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်ဦးရေမှာ လျော့မသွားဘဲ တိုး၍သာ လာနေ သည်။
နေ့စဉ် တိုးပွားလာနေသည့် ဒုက္ခသည်ဦးရေကြောင့်လည်းကောင်း၊ ကမ္ဘာ့စီးပွားရေး နိမ့်ကျလာမှုကြောင့်လည်းကောင်း၊ ထို့အ တွက် ဒုက္ခသည်များကို အိမ်သုံးပစ္စည်းများနှင့် လစဉ် အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ကူညီပေးနေသည့် ထိုင်း-မြန်မာနယ်စပ် ကူညီစောင့်ရှောက်ရေးအဖွဲ့ (တီဘီဘီစီ)က ရိက္ခာအချို့ကို မကြာခင် လျှော့ချဖြတ်တောက်သွားတော့မည် ဖြစ်သည်။
ဒုက္ခသည်များသည် ဆယ်စုနှစ် ၃ဝနီးပါးအတွင်း နေရပ်ဌာနေလည်း ပြန်မရောက်နိုင်ကြ။ အိမ်ရှင်နိုင်ငံနှင့် ကုလသမဂ္ဂမှ ကန့် သတ်နေရာချထားသည့် ဒုက္ခသည်များစခန်းတွင် မွန်းကြပ်စွာ သက်ရှင်လှုပ်ရှားနေရသည်။ ထိုအခြေအနေအောက်တွင် အနောက်နိုင်ငံကြီးများနှင့် ဥရောပ၊ အာရှနိုင်ငံ အချို့မှ လူသားချင်းစာနာထောက်ထားသည့် အဖွဲ့အစည်းများက နယ်စပ်ဖြတ် ကျော်ကူညီမှုများ ဆက်လက်၍ တိုးမြှင့်ပေးသွားရန် လိုအပ်နေပေသည်။ ဒုက္ခသည်များသည် မပြောင်းလဲ၊ မပျက်စီးသေး သည့် မြန်မာနိုင်ငံ၏ အာဏာရှင် ခေတ်စနစ်အောက်တွင် ဌာနေပြန်ရမည့် လွတ်လပ်မှုရောင်ခြည်ကို မျှော်လင့်ရင်း ဒုက္ခများ ကြားက ဒုက္ခသည်များအဖြစ် ရပ်တည်နေရသရွေ့ နိုင်ငံတကာ၏ လူသားချင်းစာနာကူညီမှုမှာ လိုအပ်နေမည်ပင်ဖြစ်ကြောင်း ကရင်သတင်းစဉ်မှ ရှုမြင်သုံးသပ်ကာ တောင်းဆိုလိုက်ရပေသည်။