Home ထိပ်တန်းသတင်း ၄၈နှစ်‌မြောက် ဆဲဗင်း ဇူလိုင်‌နေ့ ကျင်းပ

၄၈နှစ်‌မြောက် ဆဲဗင်း ဇူလိုင်‌နေ့ ကျင်းပ

1927
ဇူလိုင်လ ၇ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင် အသက်‌ပေးသွားကြသည့် ‌ကျောင်းသူ‌ကျောင်းသားများကို ရည်စူး၍ ယ‌နေ့ ကျ‌ရောက် သည့် ၄၈နှစ်ပြည့် ဆဲဗင်းဇူလိုင်‌နေ့ ‌အောက်‌မေ့ဖွယ်အခမ်းအနားတခုကို ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့တ‌နေရာတွင် ပြုလုပ်ကျင်းပခဲ့ သည်။

ယင်းအခမ်းအနား ကျင်းပရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ဗမာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများသမဂ္ဂ-နိုင်ငံခြား‌ရေး‌ကော် မတီ၏ တာဝန်ခံတဦးဖြစ်သူ ကိုမင်းနိုင်က ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“ဗမာပြည်မှာ ၁၉၆၂ခုနှစ်မှာ စစ်အာဏာရှင်စနစ် စတင် သ‌န္ဓေတည်ခဲ့တဲ့နှစ်မှာပဲ ‌သွေးစွန်းတဲ့ ဆဲဗင်းဇူလိုင် အ‌ရေးအခင်း ‌ပေါ် ‌ပေါက်လာတာပဲ။ လူထုနဲ့ ‌ကျောင်းသားထုအ‌ပေါ် ဖိနှိပ်‌နေတဲ့ စစ်အာဏာရှင်ကို ဘယ်‌တော့မှ ‌မေ့မထားဖို့နဲ့ စစ်အာဏာရှင်စနစ်ကို လုံးဝ ဖျက်သိမ်းနိုင်တဲ့အထိ တိုက်ပွဲဝင်သွားနိုင်ဖို့ဆိုပြီး ဒီအခမ်းအနားကို ကျင်းပရတာပါ”ဟု သူက ‌ပြောသည်။

ဆက်လက်၍ သူက “မြန်မာပြည်မှာရှိတဲ့ ‌ကျောင်းသားလူငယ်‌တွေ အများစု‌တွေ အ‌နေနဲ့က နှစ်ကာလ‌တွေလည်း ကွာ‌ဝေးသွားပြီ။ ၄၈နှစ် ရှိပြီဆိုတဲ့အခါမှာ တချို့လည်း လုံးဝ မသိတဲ့ ‌ကျောင်းသား‌တွေ၊ လူငယ်‌တွေ ရှိမယ်။ ဒါ‌ကြောင့် ဆဲဗင်းဇူလိုင် အ‌ရေး‌တော်ပုံ ကြီး ဘာ‌ကြောင့် ဖြစ်ခဲ့ရလဲ၊ ဘယ်လိုဖြစ်ခဲ့လဲဆိုတာ သိ‌စေချင်တဲ့ဆန္ဒနဲ့ အခမ်းအနားကို လုပ်ရတာလည်းဖြစ်တယ်”ဟု ‌ပြော ဆိုသည်။

ဆဲဗင်းဇူလိုင်အခမ်းအနားကို တက်‌ရောက်ခဲ့သည့် ‌ကျောင်းသား‌လေးတဦးက မြန်မာပြည်တွင် ‌ကျောင်းသားသမိုင်းအ‌ကြောင်းများ ကို သိခွင့်ရသည့်အတွက် ဗဟုသုတများစွာ ရရှိခဲ့‌ကြောင်း ‌ပြောသည်။
အခမ်းအနားတွင် မဲ‌ဆောက်‌ဒေသရှိ ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမား၊ ‌ကျောင်းသူ‌ကျောင်းသားနှင့် အတိုက်အခံ ဒီမိုက‌ရေစီ အင် အားစုများ အပါအဝင် ပရိဿတ် တစ်ရာဝန်းကျင် တက်‌ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီး‌နောက် ရန်ကုန်မြို့ရှိ တက္ကသိုလ်‌ကျောင်းဝင်းထဲတွင် ခွပ်‌ဒေါင်းအလံကို လွှင့်ထူပြီး စစ် အာဏာရှင်စနစ် အလိုမရှိ၊ ‌ကျောင်းသားထုတရပ်လုံး၏ အခွင့်အ‌ရေးကို အပြည့်အဝ‌ပေးရန် ငြိမ်းချမ်းစွာ ဆန္ဒပြ‌တောင်းဆိုကြ သည့် ‌ကျောင်းသူ‌ကျောင်းသားများကို စစ်တပ်က ဂျာမဏီနိုင်ငံမှ ဝယ်ယူ‌သော G-3 လက်နက်ကြီးများဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ရာ ၁၉၆၂ခုနှစ် ဇူလိုင်လ ၇ရက်‌နေ့တွင် ‌ကျောင်းသူ‌ကျောင်းသား တစ်ရာ‌ကျော် ကျဆုံးခဲ့ရသည့် သမိုင်းဝင်‌နေ့တ‌နေ့ဖြစ်သည်။

ဗိုလ်ချုပ်‌နေဝင်း ဦးစီး‌သော စစ်တပ်သည် ဇူလိုင်လ ၇ရက်‌နေ့တွင် ‌ကျောင်းသူ‌ကျောင်းသားများအား ပစ်ခတ်နိမ်နင်းပြီး ‌နောက်တ ‌နေ့တွင် ‌ကျောင်းသားထုတခုလုံး စုစည်း၍ စစ်အာဏာရှင်စနစ်ကို မဆန့်ကျင်နိုင်‌အောင် ကိုလိုနီနယ်ချဲ့‌တော်လှန်‌ရေး၏ ဌာနချုပ် ဖြစ်‌သော သမိုင်းဝင် ‌ကျောင်းသားသမဂ္ဂ အ‌ဆောက်အဦကို ဒိုင်းနမိုက်ဖြင့် ဖြိုခွဲဖျက်ဆီးခဲ့သည်။

ထိုသမိုင်းဝင်‌နေ့တွင် ကျဆုံးသွား‌သော အာဇာနည် ‌ကျောင်းသူ‌ကျောင်းသားများကို နိုင်ငံတကာ မြန်မာအမျိုးသား ကွန်ကရက် ‌ဖောင်‌ဒေးရှင်း(IFBNC)မှ ဦးညွတ်ဂုဏ်ပြုပါ‌ကြောင်း ယခုလ (၄)ရက်‌နေ့က ‌ကြေညာတ‌စောင် ထုတ်ပြန်ခဲ့သည်။
ထို‌ကြေညာချက်တွင် စစ်အစိုးရက ‌ကျောင်းသူ‌ကျောင်းသားများ၏ နိုင်ငံ‌ရေးနိုးကြားမှု၊ ‌တော်လှန်သည့် စိတ်ဓါတ်များကို ချိုးနှိမ်ခဲ့ ‌သော်လည်း ယ‌နေ့အချိန်ထိ မပျက်စီးမတိမ်‌ကောဘဲ ပိုမိုရှင်သန်လျှက်ရှိပြီး စစ်အာဏာရှင်စနစ် မပျက်သုဉ်းသ‌ရွေ့ အဖိနှိပ်ခံ ဘဝ တူ တိုင်းရင်းသားများ၊ ပြည်တွင်းပြည်ပရှိ နိုင်ငံ‌ရေးအင်အားစုများအားလုံး စုစည်းတိုက်ပွဲဝင်ကြရန် တိုက်တွန်းနိုး‌ဆော်ထားသည်။

မြန်မာနိုင်ငံတွင် ဒီမိုက‌ရေစီနည်းကျ ‌ရွေးချယ်တင်‌မြှောက်ထားသည့် ဦးနုအစိုးရကို ဗိုလ်ချုပ်‌နေဝင်းက ၁၉၆၂ခုနှစ်၊ မတ်လ ၂ရက် ‌နေ့တွင် အာဏာသိမ်းခဲ့ပြီး‌နောက် ၅လအကြာတွင် ဗိုလ်ချုပ်‌နေဝင်း ဦးစီး‌သော စစ်အစိုးရကို ‌ကျောင်းသူ‌ကျောင်းသားများက စတင် ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ရာမှ ဆဲဗင်းဇူလိုင် အ‌ရေး‌တော်ပုံ ‌ပေါ်‌ပေါက်လာခဲ့သည်။