Home ကဗျာ ပါပီမသို့ကဗျာတပုဒ်

ပါပီမသို့ကဗျာတပုဒ်

2247
(လကင်္ာဒီပ)

ဒီအချိန်ဆို
တိမ်ညိုရိပ်‌တွေဆင်
ဇွန်မိုးဝင်လာပြန်ပြီ‌ပေါ့
‌ရောက်‌တော့မယ်‌လေ “ချည်ဖြူပွဲ”
သူလည်း ပြန်လာလိမ့်နိုးနိုးနဲ့။

ကဗျာမပီ စာမမီ
တခါဆီက ပါပီမ‌ရေ……
ဒီရာသီနဲ့အတူ ပြန်လာခဲ့‌နော်
အ‌ဖော်၊ငယ်ကျွမ်း‌တွေအတူ
ဒီခြည်ဖြူဖွဲ့ပွဲမှာ ပြန်ဆုံဖို့
‌မျှော်လို့ကြို‌နေကြပြီ‌လေ။

‌မြေခ သ‌ပြေသီး‌တွေဟာ
မင်းပြန်လာ‌ကောက်မလားတဲ့
ငါနဲ့အတူ ‌မျှော်‌နေကြ‌ပေါ့ကွယ်။

ပါပီမ‌ရေ….
ကရင်မှ ကြင်နာမယ်ဆို
ချိုသာခဲ့စကားများ
လွှင့်ပါးကာ မင့်အနားကခွာ
ဘယ်ကမ္ဘာများ ‌ရောက်လို့‌နေပါလိမ့်။

ပါပီမ‌ရေ…..
မင်းချစ်တဲ့ မင့်လူမျိုး
မင်းရိုးရာဓ‌လေ့
မ‌မေ့ပစ်လိုက်နဲ့‌နော်
‌မှော်ရုံနဲ့ မာယာကြား
အန္တရာယ်များလှတယ်
လာကွယ် ‌ဘေးရန်ကာဆီး
ခြည်ဖြူစည်းကြစို့။

ချိန်တန်ပြီ‌လေ ပါပီမ‌ရေ…..
ပလူးလာ.. ပလူးလာ.. ဂယ့်ထိုင်(ဟှယ့်ထါင်)
ငါကိုယ်တိုင် ခြည်ဖြူမျှင်နဲ့
မင့်ရဲ့လက်မှာ ချည်‌ပေးချင်‌နေ
မင်းဝိညာဉ်‌တွေ လန်းဖို့‌လေ။

မ‌မေ့ပါဘူး မုန်းပါဘူး
ခဲမှန်ဖူးခဲ့‌ပေမဲ့လည်း
ကြင်နာဆဲ အမျိုးသားအသိနဲ့
ငါ….ဝိုးတဝါးကြည့်ကာ ‌နေလိုက်မယ်ကွယ့်
မင်း ပြန်လာခဲ့‌တော့ ပါပီမ။