Home သတင်း ‌ကော့ကရိတ်မြို့ ဗုံး‌ပေါက်ကွဲမှု‌ကြောင့် အရပ်သား ၁၁ဦး ထိခိုက်‌သေဆုံး

‌ကော့ကရိတ်မြို့ ဗုံး‌ပေါက်ကွဲမှု‌ကြောင့် အရပ်သား ၁၁ဦး ထိခိုက်‌သေဆုံး

1845
‌ဖေ‌ဖော်ဝါရီလ ၁၉ရက်။ ‌စောထွန်းနိုင် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့၌ ယ‌နေ့ ‌နေ့လည်ပိုင်းတွင် ဗုံးနှစ်လုံး‌ပေါက်ကွဲမှု‌ကြောင့် အရပ်သား ၉ဦး ဒဏ်ရာရရှိကာ ၂ဦး ပွဲချင်းပြီး ‌သေဆုံးခဲ့သည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

ထို‌ပေါက်ကွဲမှုနှင့်ပတ်သက်၍ ‌ကော့ကရိတ်မြို့ခံတစ်ဦးက “ဒီ‌နေ့ ‌ကော့ကရိတ်မြို့ နာရီစင်အနီးမှာ ဗုံးတလုံး အရင် ‌ပေါက်ကွဲ တာ အရပ်သား သုံးဦးဒဏ်ရာရရှိပြီး နှစ်ဦးက‌တော့ ပွဲချင်းပြီး‌သေဆုံးသွားတယ်။ အဲလို‌ပေါက်ကွဲပြီး ‌နောက် ဆယ်မိနစ်ကြာ ‌တော့ ရဲစခန်းအနီးမှာ ဗုံး‌နောက်တလုံး ထပ်မံ‌ပေါက်ကွဲ‌သေးတယ်။ အဲဒီမှာ‌တော့ ‌သေဆုံးသူ မရှိ‌ပေမဲ့ ၆ဦး‌တော့ ဒဏ်ရာရသွား တယ်”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

‌ပေါက်ကွဲမှု‌ကြောင့် ထိခိုက်‌သေဆုံးသူများကို ‌ကော့ကရိတ်‌ဆေးရုံသို့ ပို့‌ဆောင်ခဲ့ပြီး ၎င်းဗုံး‌ပေါက်ကွဲမှုမှာ ကရင်အမျိုးသားအ စည်းအရုံး(‌ကေအဲန်ယူ)၏ လက်ချက်ဖြစ်သည်ဟု ‌ကော့ကရိတ်ရှိ ရဲအသိုင်းအဝိုင်းက ‌ပြောဆို‌နေကြ‌ကြောင်း အဆိုပါ ‌ကော့က ရိတ်မြို့ခံက ‌ပြောသည်။

‌ကေအဲန်ယူ ဒူးပလာယာခရိုင် အတွင်း‌ရေးမှူး ‌စောလစ္စတန်က “ကရင်ပြည်နယ်မှာ ဗုံး‌ပေါက်ကွဲတိုင်း နအဖက ‌ကေအဲန်ယူကို စွပ်စွဲ‌နေတာ သူတို့ လုပ်ရိုးလုပ်စဉ်ပဲ။ ဒီဖြစ်ပွားမှုဟာ ကျ‌နော်တို့နဲ့ မဆိုင်ပါဘူး။ လူထုကို ထိခိုက်‌စေမယ့် အဲဒီလိုလုပ်ရပ်မျိုး လုံးဝ မလုပ်ဖို့ ကျ‌နော်တို့ ‌အောက်‌ခြေက လူ‌တွေကို ညွှန်ကြားထားပြီးသားပါ”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

လွန်ခဲ့သည့် ဇန်နဝါရီလ ၂၆ရက်‌နေ့ ကရင်ပြည်နယ် ‌ကျောက်ကြီးမြို့နယ်မှ ဗုံး‌ပေါက်ကွဲမှုနှင့် လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဒီဇင် ဘာလ ၁၆ရက်‌နေ့က ဖာပွန်မြို့ရှိ ကရင်နှစ်သစ်ကူးပွဲ‌တော်အတွင်း ဗုံး‌ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာတွင် ‌ကေအဲန်ယူ၏လက်ချက် ဖြစ်သည်ဟု နအဖက တဖက်သတ် စွပ်စွဲခဲ့သည်။

ယခုရက်ပိုင်းသည် ကုလသမဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အ‌ရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား မြန်မာနိုင်ငံ ‌ရောက်ရှိ‌နေချိန်ဖြစ်သလို အလားတူ ၂၀၀၉ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ (၁၄)ရက်‌နေ့ကလည်း မစ္စတာကင်တားနား မြန်မာ့ခရီးစဉ်အ တွင်း ကရင်ပြည်နယ်သို့ လာ‌ရောက်ခဲ့စဉ်က မြဝတီမြို့၌ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုမှာလည်း ‌ကေအဲန်ယူ လက်ချက်ဖြစ် သည်ဟု နအဖက သတင်းထုတ်ပြန်ခဲ့သည်။