Home သတင်း ထိုင်းရွာသားတဦး ပစ်သတ်ခံရ

ထိုင်းရွာသားတဦး ပစ်သတ်ခံရ

1472
‌ဖေ‌ဖော်ဝါရီလ ၁၇ရက်။ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ ထာ့‌ဆောင်ယန်းမြို့နယ်ရှိ နိုဘိုး(‌နောင်ဘွား)ရွာသားတဦးကို ယ‌နေ့ မွန်းလွဲပိုင်းအချိန်တွင် မြန်မာဘက်ခြမ်းရှိ ဒီ ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်တဦးက ဝင်‌ရောက်ပစ်သတ်ခဲ့‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

ပစ်သတ်ခံရသူ နိုဘိုးရွာသား ‌စောဖားဒါးဖိုး၏ ‌နေအိမ်၌ ယ‌နေ့မွန်းလွဲ (၁၂)နာရီခွဲအချိန်တွင် မြန်မာပြည်ဘက်ခြမ်းရှိ ကရင် ပြည်နယ်၊ ‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေအတွင်း လှုပ်ရှားလျှက်ရှိ‌သော ဒီ‌ကေဘီ‌အေ တပ်မဟာ (၉၉၉)မှ တပ်ရင်း(၇) တပ်ဖွဲ့ဝင်တဦးဖြစ်သူ ဖားဒိဟူ ‌ရောက်ရှိလာပြီး ‌စောဖားဒါးဖိုးအား ‌ခေါ်ယူပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ‌သေဆုံးသူ၏ ‌ဆွေမျိုး ‌တော်စပ်သူတဦးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“ဒီ‌နေ့လယ်မှာ ဒီ‌ကေဘီ‌အေတ‌ယောက် ဖားဒါးဖိုးအိမ်ကို ‌ရောက်လာပြီး အရက်‌တောင်း‌သောက်တယ်။ ဖားဒါးဖိုးက ပိုက်ဆံ ‌ပေးပြီး သူ့ကို သွားဝယ်ခိုင်း‌တော့ မသွားနိုင်ဘူးတဲ့။ က‌လေး‌တွေကို သွားဝယ်ခိုင်းမယ်ဆိုလည်း မရဘူး။ နင်ကိုယ်တိုင်သွားဝယ် ‌ပေးဆိုပြီး ဖားဒါးဖိုးလည်း သူ့‌နောက်ကို လိုက်အသွား ခြံဝင်းထဲမှာပဲ ဖားဒါးဖိုးကို ‌သေနတ်နဲ့ သုံးချက်ပစ်သတ်လိုက်တယ်”ဟု သူက ‌ပြောသည်။

အသက် ၃၈နှစ်ရှိသူ ‌စောဖားဒါးဖိုးမှာ ယင်းသို့ ပစ်သတ်မှု‌ကြောင့် ဦး‌ခေါင်းတွင် တချက်၊ ရင်ဘတ်တွင် နှစ်ချက် ထိမှန်ကာ ပွဲ ချင်းပြီး ‌သေဆုံးသွားခဲ့ပြီး ပစ်သတ်သူ ဒီ‌ကေဘီ‌အေမှာ တဘက်ကမ်းသို့ ပြန်လည်ထွက်‌ပြေးသွားခဲ့သည်ဟု သိရသည်။

‌သေဆုံးသူမှာ ထိုင်းနိုင်ငံ၊ နိုဘိုး‌ကျေးရွာသားဖြစ်‌သော်လည်း ကရင်ပြည်နယ်ဘက်ခြမ်းတွင် လယ်ယာနှင့် ‌ပြောင်းခြံများရှိပြီး ဒုဗိုလ်မှူးကြီးလိုက်သိမ့် ဦးစီး‌သော ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များနှင့် ရင်းနှီး‌နေသဖြင့် ၎င်းတို့အကြား ပြဿနာ တစုံတရာရှိ၍ ယခု လို အသတ်ခံရခြင်းဖြစ်နိုင်သည်ဟု ရွာသားများက ‌ကောက်ချက်ချကြသည်။

၎င်းတို့နှင့် နီးစပ်သူတဦးက “‌စောဒါးဖိုးဟာ ကရင်ပြည်ဘက်ခြမ်းက သူ့လယ်‌တွေ၊ ‌ပြောင်းခြံ‌တွေရှိ‌တော့ အဲဒီမှာ အလုပ်သွား လုပ်တယ်။ သူ့လယ်တဲမှာလည်း ဒီ‌ကေဘီ‌အေအဖွဲ့‌တွေ သွား‌နေတယ်။ ပြီး‌တော့ ဒီ‌ကေဘီ‌အေ‌တွေက သူ့တဲနှစ်လုံးကို မီးရှို့ လိုက်ကြတယ်။ အဲဒီအ‌ပေါ်မှာ သူတို့ အချင်းများတာ ရှိ‌ကောင်းရှိနိုင်တယ်။ ဒါ‌ကြောင့် သူ့ကို မ‌ကျေနပ်လို့ ပစ်သတ်တာလည်း ဖြစ်နိုင်တယ်”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

လက်ရှိအချိန်တွင် အခင်းဖြစ်ပွားခဲ့ရာ ‌စောဒါးဖိုး‌နေအိမ်တွင် ထိုင်းရဲနှင့် နယ်စပ်လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များက သွား‌ရောက်ကာ စစ် ‌ဆေး‌မေးမြန်းမှုများ လုပ်‌ဆောင်‌နေ‌ကြောင်း သိရသည်။

အဆိုပါ ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင် ဖားဒိဟူသည် ‌သောင်ရင်းမြစ်တွင် ‌လှေ‌မောင်းကာ ဖြတ်သန်းသွားလာသည့် ရွာသူရွာသားများ ထံမှ ‌ငွေ‌ကောက်ခံ‌နေသူတဦးဖြစ်ပြီး ‌စောဒါးဖိုးမိသားစုနှင့် ရင်းနှီးကာ ၎င်းတို့၏အိမ်သို့ ရံဖန်ရံခါ ဝင်ထွက်‌နေသူတဦးလည်း ဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သက်၍ ဒီ‌ကေဘီ‌အေ တပ်ရင်း(၇)မှူး ဒုဗိုလ်မှူးကြီးလိုက်သိမ့်က “အဲဒီဖြစ်ပွားမှုဟာ ကျ‌နော်တို့တပ်ဖွဲ့နဲ့ မဆိုင် ဘူး။ သူတို့ရွာသား‌တွေ အချင်းချင်း ဖြစ်တဲ့ဟာကို ကျ‌နော်တို့ကိုပဲ နာမည်ပျက်‌အောင် အပြစ်ပုံချတာပဲ”ဟု ‌ကေအိုင်စီကို ‌ပြော သည်။

လွန်ခဲ့သည့် ၂၀၀၉ခုနှစ်၊ ဇွန်လ ၂၃ရက်‌နေ့က ထိုင်းနိုင်ငံ ထာ့‌ဆောင်ယန်းမြို့နယ်ရှိ မဲ့တရီဂွင်တွင် ‌နေထိုင်သူ ရွာသားနှစ်ဦးကို အမည်မသိ ‌သေနတ်သမားများ လာ‌ရောက်ပစ်သတ်မှုတခု ဖြစ်ပွားခဲ့သည်။