Home ဆောင်းပါး ဘယ်လို မဲ‌ပေးရမှန်း မသိ‌သေးဘူး

ဘယ်လို မဲ‌ပေးရမှန်း မသိ‌သေးဘူး

2123

ခွန်းအယ်‌သောင့်
နိုဝင်ဘာ ၂၇ရက်။ (‌ကေအိုင်စီ)

“‌ခေတ်မ‌ကောင်း‌တော့ စီးပွား‌ရေးလည်း သိပ်မ‌ပြေလည်ဘူးသားရဲ့။ အမိုးတို့လည်း ကိုယ့်အ‌ခြေအ‌နေနဲ့ ကိုယ်‌တော့ အဆင်‌ပြေ‌အောင်‌တော့ ‌နေရတာ‌ပေါ့။ ဟိုး ၁၉၆၂ ‌နှောင်းပိုင်းက‌နေစပြီး‌တော့ ဒီ‌နေ့အချိန်ထိ ပဲသားရယ်”

တည်ကြည်ပြီး ကျက်သ‌ရေရှိလှတဲ့ အသက် (၅၀)နှစ်အရွယ် ‌ဒေါ်တင်တင်(နံမည်အရင်းမဟုတ်)ဟာ မြန် မာနိုင်ငံရဲ့ စီးပွား‌ရေးအ‌ခြေအ‌နေကို စိတ်အားထက်သန်စွာနဲ့ သုံးသပ်‌ပြောဆိုသွားပါတယ်။

‌ဒေါ်တင်တင်ဟာ မွန်ပြည်နယ်၊ သထုံမြို့မှာ ‌နေထိုင်သူတဦးဖြစ်ပါတယ်။ သူမဟာ လက်ရှိ သထုံမြို့မှာ ‌နေ ထိုင်ပြီး‌တော့ ထိုင်း-မြန်မာနယ်စပ်၊ တရုတ်-မြန်မာနယ်စပ် စတဲ့‌နေရာ‌တွေ အပါအဝင် မြန်မာနိုင်ငံ အနှံ့မှာ ကျင်လည်ခဲ့သူဖြစ်တယ်။ ဘာဖြစ်လို့လဲဆို‌တော့ သူမ လုပ်တဲ့ ‌ကျောက်အ‌ရောင်းအဝယ်အလုပ်က ‌နေရာ တကာကို သွား‌နေရတာဖြစ်တယ်လို့ ‌ဒေါ်တင်တင်က ‌ပြောပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားအ‌ခြေအ‌နေမ‌ကောင်းလှ‌ပေမယ့် သူမရဲ့မိသားစုက‌တော့ သူမ လုပ်တဲ့ ‌ကျောက်အ ‌ရောင်းအဝယ်လုပ်ငန်းနဲ့ပဲ ‌ပြေ‌ပြေလည်လည် ‌နေနိုင်တယ်လို့ ‌ဒေါ်တင်တင်က ‌ပြောပါတယ်။

‌ဒေါ်တင်တင်ဟာ လွန်ခဲ့တဲ့ အနှစ်(၂၀)‌ကျော်က ခင်ပွန်းဖြစ်သူနဲ့ ကွဲသွားခဲ့ပြီး‌နောက်မှာ သူ့သားသမီး ၂ ‌ယောက်နဲ့အတူ ‌ကျောက်အ‌ရောင်းအဝယ်လုပ်ငန်းနဲ့ မိသားစု စားဝတ်‌နေ‌ရေးကို ‌ဖြေရှင်း‌နေခဲ့ရတယ်။

‌ကျောက်အ‌ရောင်းအဝယ်လုပ်ငန်းကို လုပ်ကိုင်လာခဲ့တာ နှစ်‌ပေါင်း အ‌တော်ကြာပြီဖြစ်‌ပေမဲ့လည်း အလိမ် ခံရတာတခါမှ မရှိခဲ့ဘူးလို့ ‌ဒေါ်တင်တင်က ဆိုပါတယ်။

“အမိုး ဒီအလုပ်နဲ့ပဲ သားသမီး‌တွေကို လုပ်‌ကျွေးလာတာ နှစ်‌ပေါင်း ၂၀‌ကျော်ပြီ။ အလိမ်ခံရတာ တခါမှ မရှိခဲ့ ဘူး။ အမိုးတို့ လုပ်‌ဖော်ကိုင်ဖက်တချို့ဆိုရင် ဒီလုပ်ငန်း‌ကြောင့် ဘဝပျက်သွားတာ အများကြီးပဲ။ ဒါ‌တွေဟာ အမိုးရဲ့ ‌မေတ္တာတရား‌ကြောင့်ပဲ ။ လူ‌ကောင်းရင် နတ်‌စောင့်တယ် ထင်ပါတယ်”

လွန်ခဲ့တဲ့ အနှစ် (၂၀)‌ကျော်တုန်းက ‌ကျောက်အ‌ရောင်းအဝယ်လုပ်ငန်းနဲ့ တရုတ်နယ်စပ် ကချင်ပြည်နယ် ဘက်ကို သူမရဲ့ အလုပ်သမား‌တွေနဲ့ နယ်စပ်က တဲတလုံးမှာ သွားတည်းခို‌နေတဲ့အချိန်မှာ ကချင်ပြည်သူ့ လွတ်လပ်‌ရေးအဖွဲ့(‌ကေအိုင်အို)တပ်ဖွဲ့ဝင်‌တွေက ညသန်း‌ခေါင်ယံအချိန်မှာ ဝင်‌ရောက်စီးနင်းခဲ့ဖူးတယ်။ ဒါ ‌ပေမယ့် အဲဒီအချိန်မှာ သူမက လုပ်ငန်းကိစ္စနဲ့ တခြားတ‌နေရာမှာ သွား‌နေတဲ့အချိန်ဖြစ်လို့ သူမ လွှတ် သွားခဲ့တယ်လို့ ‌ပြောပြပါတယ်။

သူမရဲ့ ဦး‌နှောက်ထဲမှာ စီးပွား‌ရေးလုပ်ဖို့ပဲရှိတယ်။ နိုင်ငံ‌ရေးအ‌ကြောင်းလည်း နားမလည်ပါဘူး။ နိုင်ငံ‌ရေး လည်း စိတ်မဝင်စားဘူး။ အ‌ကြောင်းကတာ့ ၈၈အ‌ရေး‌တော်ပုံကာလမှာ သူမ ‌တွေ့ခဲ့ရတဲ့ အဖြစ်အပျက် ‌တွေကို လုံးဝ‌ကြောက်ရွံ့‌နေခဲ့ပြီလို့ ‌ဒေါ်တင်တင်က ‌ပြောပါတယ်။

၁၉၈၈ခုနှစ် ‌ကျောင်းသားအ‌ရေး‌တော်ပုံ‌ပေါ်‌ပေါက်ခဲ့တဲ့ ကာလမှာဆိုရင် သူမရဲ့ မိသားစုနဲ့အတူ မန္တ‌လေး မှာ ‌နေတဲ့အချိန်ဖြစ်တယ်။ အ‌ရေး‌တော်ပုံကြီး ‌ပေါ်‌ပေါက်လာတဲ့အချိန်ကာမှာ သူမ ကြုံ‌တွေ့ခဲ့ရတဲ့ အဖြစ် အပျက်‌တွေကို အခုလို ‌ပြောပြပါတယ်။

“အဲဒီ်အချိန်တုန်းကဆို အမိုးက မန္တ‌လေးမှာ ‌နေပါတယ်။ မြို့လယ်‌ခေါင်မှာ ‌ကျောင်းသား‌တွေ ‌အော်ဟစ်‌နေ တဲ့အချိန်ဆိုရင် အမိုးက က‌လေး‌တွေကိုစုပြီး‌တော့ လိုက်ပုန်း‌နေရတာ‌ပေါ့။ မကြာပါဘူး ‌သေနတ်သံလား။ လူ‌အော်သံလား ဆူညံ‌နေတာပဲ။ အမိုးက‌တော့ ‌တော်‌တော်‌ကြောက်တယ်”

၈၈‌ကျောင်းသားအ‌ရေး‌တော်ပုံကြီး ‌ပေါ်‌ပေါက်လာတဲ့‌နောက်ပိုင်း မန္တ‌လေးမှာ မ‌နေ‌တော့ဘဲ သူမရဲ့မိသားစု နဲ့အတူ သထုံဘက်ကို ပြန်‌ပြောင်းလာခဲ့တယ်။ ဒီလိုနဲ့ သူ့ရဲ့ ‌ကျောက်အ‌ရောင်းအဝယ်လုပ်ငန်းကို ဆက် လက် လုပ်ကိုင်ခဲ့တယ်လို့ ‌ပြောပါတယ်။

‌ဒေါ်တင်တင်ဟာ အသက် ၅၀‌ကျော်ပြီဖြစ်‌ပေမယ့် သူ့ဘဝမှာ တခါမှ မဲမ‌ပေးဖူးပါဘူး။ မြန်မာနိုင်ငံမှာ လွန် ခဲ့တဲ့ ၁၉နှစ်က ကျင်းပခဲ့တဲ့ ၁၉၉ဝခုနှစ် ‌ရွေး‌ကောက်ပွဲကာလတုန်းကလည်း သူမရဲ့ ‌ကျောက်အ‌ရောင်းအ ဝယ်လုပ်ငန်းနဲ့ ထိုင်းနယ်စပ်၊ တရုတ်နယ်စပ်ဘက်ကို လာခဲ့ရတဲ့အတွက်‌ကြောင့် မဲမ‌ပေးခဲ့ရပါဘူး။

၁၉၉ဝခုနှစ် ‌မေလ ၂၇ ရက်‌နေ့မှာ ‌ဒေါ်တင်တင် မဲထည့်ခွင့် မရ‌ပေမယ့် မဲ‌ပေးခွင့်ရှိသူ သန်း ၂ဝအနက် ၁၅သန်း‌ကျော် မဲ‌ပေးခဲ့ကြပါတယ်။ ‌ရွေး‌ကောက်ပွဲမှာ လွှတ်‌တော်ကိုယ်စားလှယ် ၄၈၅ ‌နေရာအနက် ၃၉၂ ‌နေရာ (၈၇.၆၉ ရာခိုင်နှုန်း)ကို အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ်(အဲန်အဲလ်ဒီ)က အနိုင်ရရှိခဲ့ပါတယ်။ ဒါ‌ပေ မယ့်လည်း အားလုံးသိကြတဲ့အတိုင်း အနိုင်ရရှိတဲ့ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ကို မြန်မာစစ်အစိုးရက အာဏာလွဲမ‌ပေးခဲ့သလို က‌နေ့အထိလည်း အသိအမှတ် မပြု‌သေးပါဘူး။

အလားတူပဲ ပြီးခဲ့တဲ့ ၂၀၀၈ခုနှစ်က ပြည်သူ့ဆန္ဒမဲ‌ကောက်ယူရာမှာ ၉၂.၄၈ရာခိုင်နှုန်း တခဲနက် ‌ထောက် ခံခဲ့ကြတယ်လို့ စစ်အစိုးရက ‌ကြေညာပြီး ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို အတည်ပြုခဲ့ပါတယ်။ အဲဒီတုန်းက လည်း မဲ‌ပေးပုံစနစ်အ‌ကြောင်းကို ‌ကောင်းစွာ နားမလည်တဲ့အတွက်‌ကြောင့် ‌ဒေါ်တင်တင် မဲမ‌ပေးခဲ့ရပါ ဘူး။

အခုလည်း မြန်မာစစ်အစိုးရ ဦးစီးဦး‌ဆောင်ပြီး‌တော့ ကျင်းပပြုလုပ်မယ့် ၂၀၁၀‌ရွေး‌ကောက်ပွဲကိုလည်း သူမအ‌နေနဲ့ ဘယ်လိုမဲ‌ပေးရမလဲဆိုတာကို လုံးဝ နားမလည်‌သေးဘူးလို့ ဆိုပါတယ်။

“၂၀၁၀‌ရွေး‌ကောက်ပွဲကို ကျင်းပမှာ‌တော့ဟုတ်ပြီ။ အမိုးက‌တော့ မဲမ‌ပေးတတ်ဘူး။ အိမ်က လူ‌တွေကိုကြည့် ပြီး လုပ်တတ်မယ်ထင်ပါတယ်။ အမိုးက‌တော့ မဲ‌ပေးမလား၊ မ‌ပေးဘူးလားဆိုတာကို‌တော့ အရင်ဆုံး သွား ကြည့်ရမယ်ထင်တယ်။ ကိုယ့်အတွက် အကျိုးရှိတဲ့ဟာကိုပဲ ‌ရွေးထည့်မယ်လို့ အမိုးစဉ်းစားထားပါတယ်” လို့ ‌ဒေါ် တင်တင်က ‌ပြောပါတယ်။

လာမယ့် ၂၀၁၀‌ရွေး‌ကောက်ပွဲဟာ ကျင်းပဖြစ်၊ မဖြစ်ကို‌တော့ မ‌သေချာ‌သေး‌ပေမယ့် အကယ်၍ ကျင်းပ ဖြစ်မယ်ဆိုရင် စစ်အစိုးရက အနိုင်ရဖို့အတွက် ကြိုတင်ပြင်ဆင်မှု‌တွေ လုပ်ထားတဲ့အတွက်‌ကြောင့် စစ်အ စိုးရကပဲ အနိုင်ရမယ်ဆိုတာ သူမ ယုံကြည်ပါတယ်။ စစ်အစိုးရ ကျင်းပပြုလုပ်မယ့် ၂၀၁၀‌ရွေး‌ကောက်ပွဲ ဟာ လွတ်လွတ်လပ်လပ် မဲ‌ပေးခွင့်ရမယ်ဆိုရင် မြန်မာနိုင်ငံသူ နိုင်ငံသား‌တွေအတွက် အကျိုးရှိတဲ့ ‌ရွေး ‌ကောက်ပွဲဖြစ်တယ်လို့ သူမက ‌ပြောပါတယ်။

ဒါ‌ပေမယ့် ‌ဒေါ်တင်တင်က သူမအ‌နေနဲ့က‌တော့ နိုင်ငံ‌ရေးအ‌ကြောင်း နားမလည်တဲ့အတွက် စစ်အစိုးရက ဘယ်လိုပဲလုပ်လုပ် သူမ နားမလည်‌ကြောင်း၊ အဓိက‌တော့ သူမဘဝမှာ သူ့မိသားစု စားဝတ်‌နေ‌ရေး‌ပြေ လည်ပြီး‌တော့ သိုက်သိုက်ဝန်းဝန်းနဲ့ ‌အေး‌အေးချမ်းချမ်း ‌နေရဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

လာမယ့် ‌ရှေ့အပတ်မှာ ရန်ကုန်က ‌ကျောက်ကုန်သည်‌တွေနဲ့ ‌ကျောက်အ‌ရောင်းအဝယ်လုပ်ငန်းဆိုင်ရာ ကိစ္စ ‌တွေ့ဆုံဖို့ရှိတဲ့အပြင် မသွားမဖြစ် သွားရအုံးမယ်လို့ ‌ဒေါ်တင်တင်က ‌ပြောပါတယ်။

“အမိုးက‌တော့ ‌ကျောက်အ‌ရောင်းအဝယ်လုပ်တယ်ဆို‌ပေမယ့် သူ‌ဌေးမကြီး‌တော့ တခါမှ မဖြစ်ပါဘူး။ သူ ‌ဌေးဖြစ်ရင်လည်း အန္တရာယ်များပါတယ်။ ‌ခေတ်မ‌ကောင်း‌တော့ စီးပွား‌ရေးလည်း သိပ်မ‌ပြေလည်ဘူး သား ရဲ့။ အမိုးတို့လည်း ကိုယ့်အ‌ခြေအ‌နေနဲ့ ကိုယ်‌တော့ အဆင်‌ပြေ‌အောင် ‌နေရတာ‌ပေါ့။ အခု အ‌ခြေအ‌နေမျိုး ဆို ‌တော်‌လောက်ပါပြီ”လို့ သူမဘဝကို ‌ရောင့်ရဲတင်းတိမ်စွာနဲ့ ‌ပြောပါတယ်။