– ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး ဖာပွန်ခရိုင်မှာ ရာသီအလိုက်ဖြစ်တဲ့ တုပ်ကွေးရောဂါ ကူးစက်မှုတွေ ဖြစ်ခဲ့တယ်လို့ ကြားခဲ့ရတယ်။ အဲဒါ ဘယ်ဒေသတွေမှာပါလဲ။
ဒီတုပ်ကွေးရောဂါ စဖြစ်တာကတော့ ဖာပွန်ခရိုင်၊ လူသောမြို့နယ်မြောက်ပိုင်းက ရွာကနေပေါ့နော်။ အဲဒီမှာ တရွာ၊ နှစ်ရွာ စဖြစ်တယ်။ အဲဒီကနေပြီး လေး ငါး ခြောက်ရွာလောက် ထပ်မံ ကူးစက်ပြန်တယ်။ တပတ်အတွင်းမှာ လူ ၃၀၀ကျော် ကူး စက်သွားတယ်။ အဲဒီကနေပြီးတော့မှ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးပညာပေး လုပ်ငန်းတချို့နဲ့ ဆောင်ရွက်ပေးတဲ့အ တွက်ကြောင့် နှစ်ပတ်၊ သုံးပတ်မှာတော့ ပျောက်ကင်းသွားတာပေါ့နော်။ အဲဒီနောက်ပိုင်းမှာ ကြီးကြီးမားမား ထပ်မဖြစ်တော့ဘူး ဆိုပေမဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိုတော့ အခုထိ ဆက်လုပ်နေတုန်းပဲ။ ဖြစ်သွားတာကတော့ ရွာပေါင်း ၂ဝကနေ ၃ဝ လောက်အထိ ရှိတယ်။ အခုဆို ရွာတွေ အတော်များများ ပျောက်ကင်းသွားပြီး ၇ရွာ၊ ၈ရွာလောက်ပဲ ကျန်တော့တယ်။
– ဒီတုပ်ကွေးရောဂါဟာ ဘယ်လိုကြောင့် အလျင်အမြန် ကူးစက်သွားရတာလဲ။ လက်ရှိမှာ ဘယ်လောက်အထိ စိုးရိမ်ရတဲ့ အ နေအထား ဖြစ်နေပါသလဲ။
ရောဂါကူးစက်မှု တအားများတယ်ဆိုတာကလည်း အရင် ပုံမှန်ရွာ အနေအထားမျိုး မဟုတ်ဘဲနဲ့ စုပေါင်းနေထိုင်ကြ တော့ ကူးစက်မြန်တာလည်း ပါတယ်။ မကြာသေးခင်က အဲဒီဂွင်က တောင်ယာ (၄)ခင်းကိုလည်း နအဖ စစ်တပ်က မီးရှို့ဖျက် ဆီးသွားတာ ရှိတယ်။ လူတွေက ကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့အတူ ထွက်ပြေးနေကြတော့ စိစစ်မယ်ဆိုရင် ရောဂါကူးစက်နှုန်း က ပိုများလာတာပေါ့။
လက္ခဏာအရ ပြန်ကြည့်မယ်ဆိုရင် အဓိက ကတော့ တုပ်ကွေးပေါ့နော်။ သို့သော်လည်းပဲ တခုစိုးရိမ်စရာက အခုပေါ် နေတဲ့ ဝက်တုပ်ကွေးလား ဆိုတဲ့ဟာမျိုးတွေ စဉ်းစားစရာ ဖြစ်တဲ့အခါကျတော့ သူတို့ရဲ့ သလိပ်တွေကိုယူပြီး မဲဆောက်ဆေးရုံ ကို ပို့ပြီးတော့မှ စစ်ဆေးတာပေါ့နော်။ ဒီတံထွေးသလိပ်တွေကို နှစ်ပတ်၊ သုံးပတ်အတွင်းမှာ အဖြေပြန်ရတာကတော့ ရာသီအ လိုက်ဖြစ်တဲ့ လူကနေ လူကို ကူးစက်တဲ့တုပ်ကွေးပဲ။ ဝက်တုပ်ကွေးဆိုတဲ့ တုပ်ကွေးအသစ်မျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ တုပ်ကွေးရောဂါက အသစ်ဖြစ်စေ၊ အဟောင်းဖြစ်စေ ကာကွယ်စောင့်ရှောက်မှု အသေအချာ မပေးနိုင်ရင်တော့ နှစ်မျိုးစလုံးက စိုးရိမ်စရာချည်းပဲ။
– ရောဂါဖြစ်ပွားတဲ့ ဒေသတွေဟာ နအဖ စစ်အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ဒေသတွေများလား။ ဒါဆို အစိုးရကျန်းမာ ရေးဌာနတွေကရော ဘယ်လိုကုသစောင့်ရှောက်မှုမျိုးတွေ ရှိပါသလဲ။
ရောဂါဖြစ်တဲ့ ဒေသတွေကတော့ နအဖရဲ့ အုပ်ချုပ်ဒေသမှာ မဟုတ်ပါဘူး။ မဟုတ်တဲ့အပြင် နအဖ စစ်အစိုးရကနေ နှိမ်နင်းတဲ့ဒေသတွေ ဖြစ်နေတယ်။ တချိန်တည်းမှာ ပြီးခဲ့တဲ့လကပဲ နအဖ ထိုးစစ်ဆင်ဖို့ သတင်းရနေတဲ့အခါ ကျတော့ အဲဒီ ကျေးရွာတွေက ရွာသားတွေကလည်း ရွာထဲမှာ မနေရဲတော့ဘဲနဲ့ တောထဲမှာ စုပုံပုန်းအောင်း လာကြတာပေါ့။ များသောအား ဖြင့် ရွာပုန်းရွာရှောင် ရွာသားတွေဖြစ်တယ်။ ဒါကြောင့် အစိုးရရဲ့ ကျန်းမာရေးဌာန တွေနဲ့ အလှမ်းဝေးနေတဲ့ ဒေသတွေချည်းပဲ ဖြစ်တယ်။
– ရောဂါခံစားနေရတဲ့ လူနာတွေကို ဘယ်ကျန်းမာရေး အဖွဲ့အစည်းတွေက ကူညီလုပ်ဆောင်ပေးနေပါသလဲ။
ဖာပွန်ခရိုင်အတွင်းက မိမိတို့ နယ်မြေဒေသမှာရှိထားတဲ့ ကျနော်တို့ အခြေခံကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့ အစည်း ဖြစ်တဲ့ ကျန်းမာရေးနဲ့ ကယ်ဆယ်ရေးဌာနက ဆေးမှူးတွေရယ်၊ နောက် နယ်လှည့်ကျောပိုးအိတ် ဌာနက ဆေးလုပ်သားအဖွဲ့ တွေရယ်၊ နောက် ဒေါက်တာစင်သီယာမောင်ကနေ ပံ့ပိုးပေးထားတဲ့ ဆေးခန်းတွေရယ် စုစုပေါင်း ကျနော်တို့ ကျန်းမာရေးဝန် ထမ်း အယောက် ၂ဝနီးပါးက သုံးလေးငါးဖွဲ့ ခွဲပြီးတော့မှ စုစည်းဆောင် ရွက်ပေးနေတာ ဖြစ်ပါတယ်။ ကျနော်တို့ဆီမှာ နယ်ဆင်း တယ်ဆိုတာထက် နယ်မြေအတွင်းမှာရှိတဲ့ ကိုယ့်ဒေသရဲ့ ကျေးရွာတွေက ကျန်းမာရေးလုပ်သားတွေပဲ ပြုစုကုသတာ ဖြစ် တယ်။
ကလေးတယောက် ဆုံးသွားတာကတော့ အဓိက ရောဂါနောက်ဆက်တွဲဖြစ်တဲ့ အအေးမိ၊ အဆုပ်အအေးမိရောဂါ တွေနဲ့ ကျနော်တို့ လက်လှမ်းမမီဘဲ နောက်ကျသွားတဲ့အတွက် ဖြစ်ကောင်းဖြစ်နိုင်တယ်။ နောက် ကလေးက လည်း ငယ်နေ သေးတဲ့အခါကျတော့ ခံနိုင်ရည်မရှိတာလည်း ပါတာပေါ့။ တဖက်မှာလည်း ပြေးလွှားပုန်းအောင်း ဆောင်ရွက်နေရတဲ့အပေါ်မှာ လည်း သေသေချာချာ မပြုစု၊ မစောင့်ရှောက်နိုင်ခဲ့ဘူး။ တချိန်တည်းမှာ ရွာပုန်းရွာ ရှောင်ဖြစ်နေတော့လည်း ဆောင်ရွက်ဖို့ အခက်အခဲ အများကြီး ရှိတာပေါ့။ ကျနော်တို့ အတတ်နိုင်ဆုံး စုပေါင်းဆောင်ရွက်တဲ့အခါကျတော့ နောက်ထပ် သေဆုံးမှုတော့ မရှိတော့ပါဘူး။
– အရင်နှစ်တွေက အဲဒီဒေသမှာ ဒီလိုရာသီအလိုက် တုပ်ကွေးရောဂါ ဖြစ်ပွားမှု အခြေအနေလေးကို ပြန်ပြောပြပေးပါလား။
ရာသီအလိုက် တုပ်ကွေးကတော့ နှစ်တိုင်းလိုလို ဖြစ်တာပဲ။ ကျနော်တို့ သတိမထားတာ ဖြစ်ကောင်းဖြစ်မယ်။ ပြီးခဲ့တဲ့ နှစ်ကလည်း စဖြစ်တာပဲ။ ဒါပေမယ့် သတိမထားမိဘူးဆိုတာက အခုလိုမျိုး ဒီလောက်ထိ မြန်မြန်ဆန်ဆန် ကူးစက်တာမျိုး တော့ မရှိဘူးပေါ့နော်။ ကြိုကြားကြိုကြားနဲ့ ပုံမှန်ဖြစ်နေတဲ့အပေါ်မှာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းနဲ့ ကုသမှုလုပ်ငန်း အပေါ်မှာ ကျနော်တို့ ထိန်းထားနိုင်ခဲ့တယ်။ ဒါပေမယ့် ဒီနှစ်မှာ ကူးစက်မှုနှုန်း တအား မြန်ဆန်တဲ့အခါကျတော့ ကျနော်တို့ ပိုမို ပြီးတော့လည်း ဒီထက် အင်အားထုတ်ပြီးတော့မှ ဆောင်ရွက်ရတာပေါ့။ အခြေအနေကိုလည်း ကျနော်တို့ စိုးရိမ်မိတော့ လိုအပ် တဲ့ ရောဂါရှာဖွေဖော်ထုတ်တဲ့ နည်းစနစ်ကအစ ဆောင်ရွက်ပေးရတယ်။ အမှန်အားဖြင့် ပြီးခဲ့တဲ့နှစ်တွေမှာလည်း ဒီရောဂါဟာ ပုံမှန်ဖြစ်ခဲ့တာပါပဲ။
– အဲဒီဒေသတွေမှာ ကျန်းမာရေးလုပ်ငန်းတွေ ထိရောက်အောင် လုပ်ဆောင်နိုင်ဖို့ ဘယ်လိုအခက်အခဲတွေရှိပြီး လတ်တလော အနေအထားလေးနဲ့ ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတာကို အနည်းငယ် ပြောပြပေးစေချင်ပါတယ်။
ကျနော်တိုု့ ကာကွယ်မှုလုပ်ငန်းတွေ ဆောင်ရွက်ရတာတော့ ထိရောက်မှုက အများကြီး အကန့်အသတ်တော့ ရှိတာ ပေါ့။ ဘာဖြစ်လဲဆိုတော့ တောတောင်ထူထပ်တယ်။ ရွာသားတွေကလည်း ထွက်ပြေးပုန်းအောင်းရတယ်။ မတည်ငြိမ်တဲ့ဒေသ မှာ ကျန်းမာရေးနဲ့ တကိုယ်ရေသန့်ရှင်းရေးကအစ ပညာပေးမှုတွေ တကယ့်လက်တွေ့ လုပ်ဆောင်ပေးသော်ငြားလည်းပဲ လိုအပ်တဲ့အခြေအနေတွေ အများကြီး ရှိနေသေးသလို အဟန့်အတား တွေလည်း အများကြီးရှိတာပေါ့နော်။ လက်ရှိ ကုသမှုအ ပိုင်းမှာ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ အတတ်နိုင်ဆုံး စုပေါင်းဆောင်ရွက်တဲ့အခါကျတော့ အလှမ်းဝေးလို့ အရောက်နောက် ကျပြီး သေဆုံးသွားရတဲ့ ကလေးငယ် တယောက်ကလွဲရင် ကျန်တာတွေတော့ အသေအပျောက် မရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဆေးဝါးကုသမှုနဲ့ ကျန်းမာရေးပညာပေးမှုတွေ ပိုထိရောက်ဖို့က နယ်မြေတည်ငြိမ်မှုအပေါ်မှာလည်း အများကြီး မူတည်ပါတယ်။
ဒီတုပ်ကွေးရောဂါတိုက်ဖျက်ရေးကို ဒီထက်ပိုပြီးတော့ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ ပညာပေးလုပ်ငန်းတွေ ဆက်ပြီးတော့ ဆောင်ရွက်သွားဖို့ လိုတယ်။ တချိန်တည်းမှာပဲ တုပ်ကွေးရောဂါအသစ်ဖြစ်တဲ့ ဝက်တုပ်ကွေးဆိုတဲ့ ကမ္ဘာ့ လူ့ တုပ်ကွေးအပေါ်မှာလည်းပဲ ဖြစ်နိုင်ရင် ကျနော်တို့ အမြဲတမ်း အကဲခတ်ပြီးတော့မှ စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာဖို့တော့ လိုအပ်ပါတယ်။