Home သတင်း ငါး‌ထောင်တန်‌ငွေစက္ကူထွက်ရှိပြီး‌နောက်ပိုင်း ဖားအံတွင် ဆန်‌ဈေးတက်

ငါး‌ထောင်တန်‌ငွေစက္ကူထွက်ရှိပြီး‌နောက်ပိုင်း ဖားအံတွင် ဆန်‌ဈေးတက်

2607
‌အောက်တိုဘာလ ၉ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်ရှိ ဖားအံမြို့တွင် ‌အောက်တိုဘာလဆန်းပိုင်းမှစ၍ မြန်မာ‌ငွေစက္ကူ ကျပ်(၅)‌ထောင်တန် ထွက်ရှိ သည့်‌နောက်ပိုင်း ဆန်‌ဈေးများ သိသိသာသာ မြှင့်တက်သွားသည်ဟု သိရသည်။

ယခင်က ‌ပေါ်ဆန်း‌မွှေးဆန် တပြည်လျှင် ၉၅ဝကျပ်မှာ ယခု ၁,၁၀ဝကျပ်၊ စီယာဆန် တပြည်လျှင် ၇၅ဝကျပ်မှာ ယခု ၈၅ဝ ကျပ်နှင့် ဆန်ကြမ်း တပြည်လျှင် ၅၀ဝကျပ်နှင့် ယခု ၆၅ဝကျပ်အထိ ‌ဈေးတက်လာခဲ့ခြင်းဖြစ်သည်။

ယခုလို ဆန်‌ဈေး ရုတ်တရက် တက်လာရခြင်းနှင့်ပတ်သက်၍ ပြည်သူများအ‌နေဖြင့် စိုးရိမ်မကင်းဖြစ်လာ‌ကြောင်း ဖားအံမြို့ခံ တဦးဖြစ်သူ ‌နော်ဝါးဝါးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။ သူမက “ဒီဆန်‌ဈေးတက်တာကိုကြည့်ရင် စိုးရိမ်မှု‌တွေ ဖြစ်လာ တာအမှန်ပဲ။ ဘာဖြစ်လို့လဲဆို‌တော့ ပိုက်ဆံ‌ဖောင်းပွမှု‌တွေ ဖြစ်လာနိုင်တယ်‌လေ။ အခု‌တောင်မှ စ ‌နေပြီလို့‌တောင် ‌ပြောလို့ရ တယ်”ဟု ဆိုသည်။

ဆက်လက်၍ သူမက “အခုလို ၅‌ထောင်တန် ထွက်လာ‌တော့ ‌ဈေးဝယ်ရတာ အခက်အခဲအများကြီးရှိတယ်။ အထူးသဖြင့် ‌ဈေး ဝယ်တဲ့အခါမှာ ‌ငွေပြန်အမ်းရမှာ ပြဿနာတက်တယ်။ အဲလိုဖြစ်ရင် ကုန်ပစ္စည်း‌တွေ ဒီထက်ပို‌ဈေးတက်မှာ‌တော့ ‌သေချာ တယ်။ အခု တန်ဖိုးပမာဏနည်းတဲ့ တစ်ရာတန်၊ နှစ်ရာတန်တို့လို ပိုက်ဆံ‌တွေ အသစ်ထပ်ထုတ်တာလည်း မ‌တွေ့ရ‌တော့ဘူး။ ရှိတဲ့ဟာဆိုရင်လည်း ‌ဟောင်းနွမ်းတာ‌တွေပဲ ရှိ‌တော့တယ်။ စီးပွား‌ရေးချွတ်ခြုံ‌နေတဲ့ မြန်မာနိုင်ငံဟာ ဒီအတိုင်းဆိုရင် စိုးရိမ်စ ရာပဲ”ဟု ‌ပြောသည်။

ဖားအံမြို့၌ လက်ရှိအချိန်တွင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငါး၊ ပုဇွန်၊ အားလူး၊ ငါးပိ၊ ဆီ၊ ဆား၊ အချိုမှုန့် စသည့် ဆန် မဟုတ် ‌သော အခြား စားသုံးကုန်ပစ္စည်းများသည် ဆန်‌ဈေးနှုန်းကဲ့သို့ သိသိသာသာ မြှင့်တက်မှုများ မရှိ‌သေးဟု သိရသည်။

မြန်မာစစ်အစိုးရသည် ယခု ‌အောက်တိုဘာ (၁)ရက်‌နေ့မှစ၍ (၅,၀၀၀)ကျပ်တန် ‌ငွေစက္ကူအသစ်ကို စတင်ထုတ်‌ဝေသုံးစွဲ‌တော့ မည်ဖြစ်‌ကြောင်း မြန်မာ့ရုပ်မြင်သံကြား-MTV သတင်းဌာနမှ စက်တင်ဘာလ ၂၄ရက်‌နေ့တွင် အသိ‌ပေး‌ကြေညာခဲ့‌သော်လည်း လက်ရှိ သုံးစွဲ‌နေသည့် ‌ငွေစက္ကူနှင့် ‌ငွေသားများမှာ တရားဝင်သုံးစွဲ‌ငွေအဖြစ် ဆက်လက်တည်ရှိ‌သေး‌ကြောင်း မြန်မာနိုင်ငံ ‌တော် ဗဟိုဘဏ်က သတင်းထုတ်ပြန်လိုက်သည်။

စက်တင်ဘာလ ၂၅ရက်စွဲထုတ် ‌ကြေးမုံသတင်းစာတွင် ‌နေပြည်‌တော်ရှိ မြန်မာနိုင်ငံ‌တော် ဗဟိုဘဏ်မှ ငါး‌ထောင်ကျပ်တန် ‌ငွေ စက္ကူ အမျိုးအစားသစ်ကို ပြည်သူများအား ၂၀၀၉ ခုနှစ်၊ ‌အောက်တိုဘာလ (၁)ရက်‌နေ့တွင် ဘဏ်ဖွင့်ချိန်အတွင်း ဗဟိုဘဏ် ‌ငွေ‌ကြေးဌာနတွင်လည်း‌ကောင်း၊ ဘဏ်များနှင့် အစိုးရ‌ငွေတိုက်များတွင်လည်း‌ကောင်း စတင်ထုတ်‌ဝေ‌ပေးမည်ဟု သတင်း‌ကြေ ညာချက်တွင် ‌ဖော်ပြထားသည်။

၁၅ x ၇ စင်တီမီတာအရွယ်ရှိ အဆိုပါကျပ်ငါး‌ထောင်တန်မှာ အနီ‌ရောင်‌ပေါ်လွင်ပြီး ‌ငွေစက္ကူနံပါတ်ကို မြန်မာ၊ အဂင်္လိပ် နှစ်ဘာ သာဖြင့် ရိုက်နှိပ်ထားရာ အ‌ရှေ့ဘက်တွင် ဆင်ဖြူ‌တော်ပုံနှင့် ‌ကျောဘက်တွင် လွှတ်‌တော်အ‌ဆောက်အအုံပုံကို ရိုက်နှိပ်ထား ခြင်းဖြစ်ပြီး ၎င်း‌ငွေစက္ကူသစ်ထုတ်‌ဝေရခြင်း၏ ရည်ရွယ်ချက်အ‌ကြောင်းရင်းကို နအဖ အစိုးရ အာဏာပိုင်များက တိတိကျကျ ‌ရေးသား‌ဖော်ပြထားခြင်းမရှိ‌ပေ။

ငါး‌ထောင်ကျပ်တန်‌ငွေစက္ကူသစ်ကို ထုတ်‌ဝေမည်ဟု စစ်အစိုးရ ‌ကြေညာသည့်‌နေ့တွင် ‌ရွှေ၊ ‌ငွေ‌ကြေးနှင့် ဆန်‌ဈေးကွက်များ တွင် ‌ဈေးနှုန်းများ မတည်မငြိမ်ဖြစ်ကာ အ‌ရောင်းအဝယ်များ ‌ခေတ္တရပ်ဆိုင်းခဲ့ရသည့် အ‌ခြေအ‌နေမျိုးလည်း ရှိခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ် ‌ငွေလဲနှုန်းကိုပါ ရိုက်ခတ်မှုများ ရှိခဲ့သည်။