Home သတင်း လျှပ်စစ်မီးကိစ္စ‌ကြောင့် KNU/KNLA (PC)တပ်ဖွဲ့ဝင်က ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးအား ‌သေနတ်ဖြင့်ပစ်ခတ်သဖြင့် ‌ဆေးရုံတင်ထားရ

လျှပ်စစ်မီးကိစ္စ‌ကြောင့် KNU/KNLA (PC)တပ်ဖွဲ့ဝင်က ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးအား ‌သေနတ်ဖြင့်ပစ်ခတ်သဖြင့် ‌ဆေးရုံတင်ထားရ

2724

ဩဂုတ် ၂ဝ ရက်၊ ၂ဝ၁၉ခုနှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ မြဝတီမြို့ ‌ဝှေ့ရှမ်း‌ကျေးရွာအုပ်စု ‌ညောင်နန်းသာ‌ကျေးရွာအတွင်း လျှပ်စစ်မီး အသုံးပြု‌ရေးသွယ် တန်းမှုကိစ္စနှင့်ပတ်သက်၍ အချင်းများရာမှ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ KNU/ KNLA (PC) အဖွဲ့ဝင်အချို့က ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးဖြစ်သူအား ‌သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်အတွက် လက်ရှိ အုပ်ချုပ်‌ရေးမှူးမှာ ‌ဆေးရုံတင်ထားလိုက်ရသည်ဟု သိရသည်။

‌ညောင်နန်းသာ‌ကျေးရွာတွင် လက်ရှိသုံးစွဲ‌နေ‌သော ထိုင်းလျှပ်စစ်မီးကိုရုတ်သိမ်းပြီး မြန်မာလျှပ်စစ်မီးကို သွယ်တန်းရန် ‌ပြောဆိုမရသဖြင့် အချင်းများရာမှာ ‌ကျေနပ်မှုမရှိ၍ ဩဂုတ်လ ၁၈ ရက်၊ ည ၉ နာရီအချိန်ခန့်တွင်
မြဝတီမြို့နယ်၊ ‌ဝှေ့ရှမ်း‌ကျေးရွာအုပ်စု၊ ‌ညောင်နန်းသာ‌ကျေးရွာ၊ သမာဓိ(၄)လမ်း‌နေ ‌ညောင်နန်းသာ ‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး ဦးသက်ဦး ‌နေအိမ်သို့ KNU/KNLA (PC) တပ်ရင်း(၇ဝ၉)ရင်းမှူး (ဒုဗိုလ်မှူးကြီး)အဆင့်ရှိ ‌စောဝမ်းနိုင်း၏ လက်‌အောက်ခံများဖြစ်‌သော ကြည်နိုင်ဆိုသူနှင့် အ‌ပေါင်းအပါ(၅)ဦးက ‌သေနတ်ဖြင့် ၅ချက် ပစ်ခတ်ခဲ့ပြီး တိမ်း‌ရှောင်သွားခဲ့သည်ဟု ‌ဒေသအာဏာပိုင်များဘက်က ‌ပြောသည်။

ထိုသို့ ‌သေနတ်ဖြင့်ပစ်ခတ်မှု‌ကြောင့် ဦးသက်ဦး၏ ယာဘက်ရင်အုံတွင် ကျည်‌ဖောက်ထွက် ဒဏ်ရာ(၁)ချက်၊ ယာတံ‌တောင်ဆစ်တွင် ကျည်ထိမှန်ဒဏ်ရာ(၁)ချက်နှင့် ယာ‌ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာ (၁)ချက်တို့ရရှိခဲ့၍ ထို‌နေ့ ည ၂၂း၃ဝ (ဆယ်နာခွဲ)အချိန်တွင် ၎င်းအားမြဝတီခရိုင်‌ဆေးရုံကြီးသို့ ပို့‌ဆောင်၍အတွင်းလူနာအဖြစ် ‌ဆေးဝါးကု သမှုများ ခံယူလျက်ရှိသည်ဟု သိရသည်။

အဆိိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အစည်းအ‌ဝေးတက်‌ရောက်‌နေသည့် KNU/KNLA (PC)မှ တွဲဖက်အတွင်း‌ရေးမှူး ဗိုလ်မှူးကြီး ‌စော‌ကျော်ညွန့်က “ ၇ဝ၉ တပ်ရင်းမှူးကလည်း ဗိုလ်ဝမ်းနိုင်းမဟုတ်ပါ ဘူး။ ခုက ချင်းမိုင်မှာ၊ ဌာနချုပ်နဲ့လည်း အဆက်သွယ်လုပ်လို့မရဘူးဆို‌တော့‌လေ။ ‌စောင့်ကြည့်နား‌ထောင် ‌နေတုန်းပဲ။ တီး(ဦး) အ‌နေနဲ့က‌တော့ ဘာမှမ‌ပြောနိုင်‌သေးဘူး။ လိုင်း‌ပေါ်မှာ တင်ထားတဲ့သတင်းအရ‌တော့ တိတိကျကျ မ‌ပြောနိုင်‌သေးဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ပစ်ခတ်ခံရသူ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ဦးသက်ဦးသည် ထိုင်းနိုင်ငံမှ ဖြန့်‌ဝေ‌ပေး‌သော လျှပ်စစ်မီးအား ‌ကျေးရွာ မီးလင်း‌ရေးအတွက် တာဝန်ယူ‌ဆောင်ရွက်သူတစ်ဦးဖြစ်ပြီး ပစ်ခတ်သူ ကြည်နိုင်ဦးစီးအဖွဲ့သည် လက်ရှိ‌ကျေးရွာတွင် မြန်မာ့လျှပ်စစ်မီးအား သွယ်တန်းရရှိအသုံးပြုနိုင်‌ရေးအတွက် တာဝန်‌ပေးအပ်ခြင်းခံရသူ တစ်ဦးဖြစ်သည်ဟု သိရှိရသည်။ ယင်းပစ်ခတ်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး တရားခံများအား ဖမ်းဆီးရမိ‌ရေး အတွက် ဆက်လက်‌ဆောင်ရွက်လျက်ရှိ‌ကြောင်း သကင်္န်းညီ‌နောင်နယ်‌မြေရဲစခန်းက ‌ပြောဆိုသည်။

မြဝတီမြို့ ‌ဝှေ့ရှမ်း‌ကျေးရွာအုပ်စု ‌ညောင်နန်းသာ‌ကျေးရွာတွင် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့မှတစ်ဆင့် ဖြန့်‌ဝေ‌ပေး‌သော လျှပ်စစ်မီးကို ဝယ်ယူပြီး အသုံးပြု‌နေခြင်းဖြစ်သည်။

ကရင်ပြည်နယ်၏ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့သည် လက်နက်ကိုင်အဖွဲ့များကြီးစိုးရာ ‌ဒေသဖြစ်သဖြင့် အလားတူဖြစ်စဉ်မျိုး မကြာခဏ ဖြစ်‌ပေါ်‌လေ့ရှိ‌သော်လည်း တရားခံများ ဖမ်းဆီးရမိခြင်းမရှိသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။