Home သတင်း ကရင့်အာဇာနည်‌နေ့ ဦး‌ဆောင်ကျင်းပသူများကို တရားစွဲဆိုခြင်းအ‌ပေါ် ပြည်တွင်း၊ ပြည်ပ ကရင်အဖွဲ့ အစည်းအချို့ ရှုတ်ချ

ကရင့်အာဇာနည်‌နေ့ ဦး‌ဆောင်ကျင်းပသူများကို တရားစွဲဆိုခြင်းအ‌ပေါ် ပြည်တွင်း၊ ပြည်ပ ကရင်အဖွဲ့ အစည်းအချို့ ရှုတ်ချ

2150

ဩဂုတ် ၁၉ ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ရန်ကုန်မြို့တွင် ကရင်အမျိုးသားအာဇာနည်‌နေ့အခမ်းအနား ဦး‌ဆောင်ကျင်းပသူများကို အာဏာပိုင်များမှ တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ ကန့်ကွက်ရှုတ်ချ‌ကြောင်း ပြည်တွင်း၊ ပြည်ပ ကရင်အဖွဲ့အစည်းအချို့က ယခုရက်ပိုင်းအတွင်း သ‌ဘောထားထုတ်ပြန်ချက် အသီးသီးထုတ်ပြန်မှုများပြုလုပ်ခဲ့ကြသည်။

ကရင်အာဇာနည်‌နေ့ ကျင်းပမှုများနှင့်ပတ်သက်ပြီး ကန့်ကွက်ခံရမှုနှင့် တရားစွဲဆိုမှုများကို ရှုတ်ချသည့်အ‌နေဖြင့် နိုင်ငံတကာ ကရင်အဖွဲ့အစည်း-IKO၊ ‌နော်‌ဝေးနိုင်ငံ‌ရောက် ‌နော်‌ဝေးကရင်ကွန်မြူနတီ-KCNနှင့် KNU-ကရင်အ မျိုးသားအစည်းအရုံး၏ ဒုဥက္ကဌ‌ဟောင်း ပဒို‌နော်စီဖိုးရာစိန် ဦး‌ဆောင်သည့် KNU Concerned Groupနှင့် ကရင် လူငယ်ကွန်ယက်-KYNစသည့် အဖွဲ့များက ကန့်ကွက်ရှုတ်ချ သ‌ဘောထားထုတ်ပြန်ခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၂ရက်‌နေ့၊ ရန်ကုန်မြို့ ဗန္ဒုလပန်းခြံတွင် ကရင်အမျိုးသား အာဇာနည်‌ခေါင်း‌ဆောင်များ ကို ဂုဏ်ပြုသည့် ကရင်အမျိုးသားအာဇာနည်‌နေ့ကို ခွင့်ပြုချက်မရဘဲ ကျင်းပခဲ့သည်ဟုဆိုကာ ဦး‌ဆောင် ကျင်း ပသူ ကရင်အမျိုးသမီးအစည်းအရုံး-KWU ဥက္ကဌ ‌နော်အုန်းလှအပါအဝင် ရန်ကုန်နှင့် အိမ်မဲရှိ ကရင်လူ ငယ်နှစ် ဦးကို ‌ကျောက်တံတားမြို့နယ် ရဲစခန်းမှ ငြိမ်းချမ်းစွာစု‌ဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပ‌ဒေ (ငြိမ်းစုစီ)ပုဒ်မဖြင့် တရားစွဲဆိုခံထားရမှုများဖြစ်‌ပေါ်ခဲ့သည်။

ထိုကဲ့သို့ ကရင်အမျိုးသားအာဇာနည်‌နေ့ကို ဦး‌ဆောင်ကျင်းပပြုလုပ်သူများအား တရားစွဲဆိုခြင်းသည် ကရင် တစ်မျိုးသားလုံးအ‌ပေါ် ထိပါး‌စေခြင်းပင်ဖြစ်သည့်အပြင် ပြည်‌ထောင်စုတိုင်းရင်းသားများအတွင်း ဖက်ဒရယ် ပြည်‌ထောင်စု တည်‌ဆောက်နိုင်ရန်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုလည်း ထိခိုက်‌စေသည်ဟု KNU Concerned Groupက ဩဂုတ် ၁၇ရက်‌နေ့တွင် သ‌ဘောထားထုတ်ပြန်ကာ ‌ပြောဆိုသည်။ ကရင်လူငယ် ကွန်ယက် -KYN ကလည်း ထိုသို့တရားစွဲဆိုခြင်းမှာ တိုင်းရင်းသား အချင်းချင်း ကြားခွဲခြား ဆက်ဆံသကဲ့သို့ဖြစ် ‌စေပြီး တန်းတူကိုယ်ပိုင်ပြဌာန်းခွင့် ရရှိ‌စေ‌ရေးအတွက် သက်ဆိုင်ရာ တည်ဆဲ ဥ‌ပေဒနှင့် အညီ‌ဖြေရှင်းပြီး ဝန်းရံသွားမည်ဖြစ်‌ကြောင်း ဩဂုတ်လ ၁၇ ရက် ‌နေ့စွဲဖြင့် သ‌ဘောထားထုတ်ပြန် ‌ပြောဆိုထားသည်။

ထို့အပြင် ကရင်အမျိုးသားအာဇာနည်‌နေ့ကို ကျင်းပခြင်းကို အ‌ကြောင်းအမျိုးမျိုးပြပြီး အာဏာဖြင့် ဖိနှိပ်အနိုင် ကျင့်သည့် လုပ်ရပ်များသည် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးပွဲ ဖြစ်စဉ်ကို ထိခိုက်နိုင်သည်ဟု နိုင်ငံတကာ ကရင်အဖွဲ့ အစည်း-IKOက သုံးသပ်သလို ကရင့်အာဇာနည်‌နေ့ကို ပိတ်ပင်လိုက်ခြင်းအားဖြင့် အခြား‌သော ကရင့်သမိုင်းဝင် ‌နေ့ကြီးရက်ကြီးများ ကျင်းပခြင်းကိုလည်း အကျိုးသက်‌ရောက်နိုင်ဖွယ်ရှိ‌နေသည့်အတွက်‌ကြောင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ကရင်လူမျိုးများနှင့်အတူ ‌နော်အုန်းလှတို့ကို ဝန်းရံကြရန် ‌နော်‌ဝေးကရင်ကွန်မြူန တီ-KCN တို့က ဩဂုတ် ၁၈ရက်‌နေ့တွင် သ‌ဘောထားထုတ်ပြန်၍ တိုက်တွန်းခဲ့သည်။

ကရင်အာဇာနည်‌နေ့ကို အပစ်အခတ်ရပ်စဲ‌ရေးကာလ ‌နောက်ပိုင်းနှင့် NCA လက်မှတ်‌ရေးထိုးပြီး‌နောက်ပိုင်း ကရင်လူမျိုး‌နေထိုင်ရာ ‌ဒေသအချို့ဖြစ်သည့် ဧရာဝတီနှင့်ရန်ကုန်တို့တွင် နှစ်စဉ်ကျင်းပမှုများပြုလုပ်လာခဲ့ရာ ယခုနှစ်ကရင်အာဇာနည်‌နေ့ အသုံးအနှုန်း အသုံးမပြုရန် ဧရာဝတီတိုင်းတွင် တားမြစ်မှုများရှိခဲ့သလို ရန်ကုန်တွင်လည်း ခွင့်မပြုသည့် အ‌ခြေအ‌နေများဖြစ်‌ပေါ်ခဲ့သည်။

အလားတူ နိုင်ငံ‌ရေးပါတီတစ်ခုဖြစ်သည့် လူ့‌ဘောင်သစ်ဒီမိုကရက်တစ်ပါတီကလည်း ကရင်အမျိုးသား အာ ဇာနည်‌နေ့နှင့် ပတ်သက်၍ တားမြစ်ပိတ်ပင်ခံရမှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည့်အပြင် ယခု လိုတားမြစ်ခြင်းမှာ တိုင်းရင်းသားလူမျိုးတစ်မျိုး၏ အထိမ်းအမှတ်လက္ခဏာကို အမိန့်‌ပေးလျက် တားမြစ်ပိတ်ပင်ခြင်းမျိုးမဖြစ်သင့်ဟုလည်း ဩဂုတ်လ ၁၁ရက်‌နေ့စွဲဖြင့် သ‌ဘောထားထုတ်ပြန်ချက် တစ်‌စောင်ထုတ်ပြန်ထားသည်။