Home ထိပ်တန်းသတင်း မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်ပြည်သူများအတွက် အ‌ခြေခံ တည်‌ဆောက်‌ရေး ပစ္စည်းများလိုအပ်‌နေ

မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်ပြည်သူများအတွက် အ‌ခြေခံ တည်‌ဆောက်‌ရေး ပစ္စည်းများလိုအပ်‌နေ

2881

‌အောက်တိုဘာလ ၁၂ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်စခန်းတွင် အ‌ခြေချ‌နေထိုင်သူများပြားလာ‌နေမှု‌ကြောင့် ‌နေရာထိုင်ခင်းနှင့် စစ်‌ရှောင်အိမ် တန်းလျားများတည်‌ဆောက်‌နေထိုင်ရန် အမိုးအကာ၊ ဝါး‌တောင်ထန်းဖက်အင်ဖက် အမိုးများ စသည့်အ‌ခြေခံတည် ‌ဆောက်‌ရေးပစ္စည်းများလိုအပ်လျက်ရှိ‌နေ‌သေး‌ကြောင်း အကူအညီ‌ပေး‌ရေးအဖွဲ့များ က‌ပြော ဆိုသည်။

စက်တင်ဘာ ၂ရက်‌နေ့မှစတင်သည့် မဲ့သ‌ဝေါ‌ဒေသတွင်း တိုက်ပွဲများ‌ကြောင့် မြိုင်ကြီးငူ စစ်‌ဘေး ‌ရှောင်စခန်းနှစ်ခုနှင့် အနီးနားရှိ ရပ်ကွက်‌ပေါင်း၂ဝအုပ်စုတွင် ခိုလှုံ‌နေရသည့် စစ်‌ဘေး‌ရှောင်များအတွက် ‌ကျောက်စာတိုက် ဓမ္မာရုံကွင်းအတွင်း ‌မြေလွတ်‌နေရာများတွင် ယာယီတန်းလျားများ တည်‌ဆောက်‌ပေးရာ၌ စာရင်းဝင် ‌နေထိုင်လိုသူများပြားလာ‌နေမှု‌ကြောင့်ဖြစ်‌ကြောင်း သိရသည်။

စစ်‌ဘေး‌ရှောင်များအ‌ရေး ကူညီလုပ်‌ဆောင်‌ပေး‌နေသူ ကရင့်စာ‌ပေယဉ်‌ကျေးမှုအသင်းမှ ‌စောဝင်းစိုးက “သူတို့‌တွေက စစ်‌ရှောင်စခန်းမှာ လာမ‌နေကြဘူး။ အဆင်‌ပြေသလို အသိမိတ်‌ဆွေအိမ်‌တွေမှာ ခိုလှုံ‌နေကြ တာ၊ သူတို့ကို ထိထိ‌ရောက်‌ရောက်‌ထောက်ပံ့‌ပေးနိုင်ဖို့ မြိုင်ကြီးငူက ရပ်ကွက်အလိုက် အုပ်ချုပ်‌ရေးမှူး‌တွေနဲ့ ပူး‌ပေါင်းပြီး တစ်‌နေရာတည်း၊ တစ်စုတည်းဖြစ်ဖို့လုပ်တာပါ။ အခုလို ရပ်ကွက်အတွင်း ‌နေထိုင်သူ‌တွေ စခန်းကို စုပြုံ‌ရောက်လာတာ‌ကြောင့် ‌နေထိုင်ဖို့တည်‌ဆောက်‌ပေး‌နေတဲ့ ယာယီတဲ‌တွေ မ‌လောက်ငှတာမျိုး ကြုံ‌နေရတာပါ”ဟု ‌ပြောသည်။

၎င်းတို့ကို အလှူရှင်များ၊ ပြည်နယ်အုပ်ချုပ်‌ရေးပိုင်းဆိုင်ရာများ၊ NGOs များနှင့် ချိတ်ဆက်ကူညီမှုများ လုပ်‌ဆောင်‌ပေး‌နေပြီး အဓိကလိုအပ်ချက်များမှာ ဝါး၊ ဖက်အကာ၊ အိမ်‌ဆောက်ပစ္စည်း၊ အိမ်သာ၊ သုံး‌ရေချိုး‌ရေအတွက် ယာယီ‌ရေကန်များနှင့် စား‌သောက်‌ရေးအတွက် အိုးခွက်ပန်းကန်များလို‌နေ‌ကြောင်း သူက ဆက်လက်‌ပြောဆိုသည်။

အဆိုပါ မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်စခန်းများတွင် စစ်‌ဘေး‌ရှောင်‌ဒေသခံမိသားစုဝင် ၉၈၁စုမှ လူဦး‌ရေ ၅,၇၅၁ဦးအထိ လာ‌ရောက်ခိုလှုံ‌နေ‌ကြောင်း ‌ကောက်ယူထားသည့် စာရင်းများအရသိရှိရပြီး စာရင်းမဝင်ဘဲ မြိုင်ကြီးငူရပ်ကွက်များအတွင်း အသိမိတ်‌ဆွေနှင့် ‌ဆွေမျိုးအိမ်များတွင် ယာယီ ခိုလှုံ‌နေထိုင်မှုများလည်းရှိ ‌နေ ‌ကြောင်း သိရသည်။
idp-1
စစ်‌ရှောင်စခန်းအတွင်း မဲ့သ‌ဝေါရွာမှ လာ‌ရောက်ခိုလှုံသူ ‌စောဖား‌ပျော့က“ ဒီကို‌ရောက်တာ နှစ်ပတ်ရှိပြီ တိုက်ပွဲစဖြစ်‌တော့ ထိုင်းဘက်ကမ်း တက်‌ပြေးရတယ်။ ‌နောက်ဆရာ‌တော် ဒုတိယ တစ်‌ခေါက်လာပြန် ‌ခေါ်‌တော့ ဒီမြိုင်ကြီးငူ စခန်းကိုလိုက်တက်လာတာ။ စားတာက‌တော့ ထမင်းရုံမှာပဲ။ ကျ‌နော်က မိသားစု ၅‌ယောက်၊ ခ‌လေး ၃‌ယောက်၊ ကျ‌နော် နဲ့ကျ‌နော့်မိန်းမနဲ့‌ပေါ့ ။ ရွာပြန်လို့ မရ‌သေး‌တော့ ဒီမှာပဲ ‌နေရအုံးမယ်ထင်တယ်။ ရွာက စိုက်ခဲ့တဲ့စပါး‌တွေ‌တော့ ပျက်ပြီထင်တယ်” ဟု ၎င်းက ‌ပြောသည်။

ထို့အတူ ကျုံ‌ထော် ရွာသား‌စောကုလားကလည်း “အခုက ဒီမှာ‌နေ‌နေရတယ်။ အလုပ်မရှိဘူး။ စခန်းက အလုပ်‌တွေ ဝိုင်းလုပ်‌ပေး‌ပေါ့ ။ ဖက်တဲ‌တွေ ထိုးဖို့ ဝါး‌တွေ၊ ဖက်‌တွေ ‌တော်‌တော်လို‌နေ‌သေးတယ်။ မြို့က လာပို့လိုက် ဝိုင်းယူ၊ ဝိုင်းသယ် ကိုယ့်တဲအတွက်လိုတာ‌တွေ လုလုသယ်‌နေကြ‌တော့ တချို့‌တွေ‌နေဖို့ အဆင် မ‌ပြေကြ‌သေးဘူး။ တစ်ချို့လည်း တဲ‌ဆောက်ရင်း တန်းလန်း‌တွေ ဖြစ်‌နေလို့ ‌နေလို့ မရကြ‌သေးဘူး။ အဲ့သလိုဖြစ်‌နေတယ်” ဟု ဆိုသည်။

တိုက်ပွဲများ‌ကြောင့် စစ်‌ဘေး‌ရှောင်စခန်း မြိုင်ကြီးငူ‌ဒေသတွင် (၂)ခု၊ ထိုင်း နိုင်ငံဘက်ခြမ်း ‌နော်တရွာနှင့် ထီး‌သေ့ခီး‌ကျေးရွာ ၂ရွာအပါအဝင် မြန်မာနှင့်ထိုင်း စုစု‌ပေါင်း စစ်‌ဘေး‌ရှောင်စခန်း (၄)ခုတွင် လူဦး‌ရေ ၇,၀၀ဝ ‌ထောင်ခန့်ရှိနိုင်‌ကြောင်း စစ်‌ဘေး‌ရှောင်ကူညီ‌ထောက်ပံ့‌ရေး ပရဟိတအဖွဲ့များက ‌ပြောသည်။

မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်စခန်းတွင် ‌အောက်တိုဘာ ၂ရက်‌နေ့အထိ တစ်လအကြာ‌ကောက်ယူထားသည့် စာရင်းအရ စစ်‌ဘေး‌ရှောင်‌ကျေးရွာ ၃၃ရွာမှ လူဦး‌ရေ ၅,၇၅၁ဦး၊ ထိုင်းဘက်ခြမ်း ‌နော်တရွာလူဦး‌ရေ ၃၃၉ဦးနှင့် ထီး‌သေ့ခီးရွာတွင် ၆၁၄ဦးရှိ‌ကြောင်း သိရှိရသည်။