Home သတင်း KNLA တပ်ရင်းမှူးကား ပစ်ခတ်ခံမှုကိစ္စ လက်နက်ဖြင့် ပြန်လည်တုံ့ပြန်မည်မဟုတ် KNU‌ခေါင်း‌ဆောင်‌ပြော

KNLA တပ်ရင်းမှူးကား ပစ်ခတ်ခံမှုကိစ္စ လက်နက်ဖြင့် ပြန်လည်တုံ့ပြန်မည်မဟုတ် KNU‌ခေါင်း‌ဆောင်‌ပြော

2267

‌အောက်တိုဘာလ ၁၁ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်း‌ရှောင်း

‌ကော့ကရိတ်မြို့နယ်တွင် ‌အောက်တိုဘာ ၁ဝရက်‌နေ့က ကရင်အမျိုးသားလွတ်‌မြောက် ‌ရေးတပ်မ‌တော် KNLA အရာရှိတစ်ဦးနှင့်တပ်ဖွဲ့ဝင်များ၏ကား ပစ်ခတ်ခံရသည့်ကိစ္စကို လက်နက်ဖြင့် ပြန်လည်တုံ့ပြန်မှာ မဟုတ်ဘဲ ငြိမ်းချမ်းသည့်နည်းလမ်းများဖြင့်သာ ‌ဖြေရှင်းမည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU တွဲဖက်အတွင်း‌ရေးမှူး(၁)ပဒို‌စော‌သောသီဘွဲက ယ‌နေ့‌ပြောဆိုလိုက်သည်။

“အခုလက်ရှိ အ‌နေအထားက‌တော့ လက်နက်နဲ့ပြန်လည် တုံ့ပြန် ‌ဖြေရှင်းဖို့ မစဉ်းစားပါဘူး။ ဘာဖြစ်လို့လဲ ဆို‌တော့ နဂိုကတည်းက ဒီကရင်ပြည်နယ်မှာ ကျ‌နော်တို့ဘက် ကစပြီး လက်နက်သံ‌ပေါက်တာမျိုး မလိုချင်ဘူး‌လေ။ မဟုတ်ရင်ပြည်သူ‌တွေက အမြဲတမ်းထိတ်လန့် ‌နေရတာအတွက်‌ကြောင့်ဖြစ်ပါတယ်” ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းဖြစ်စဉ်အရ ‌အောက်တိုဘာလ ၁ဝရက်‌နေ့က ‌ကော့ကရိတ်မြို့နယ်၊ ကွီးခလယ်ရွာအနီး မွန်းလွဲ ၂နာရီ အချိန်ခန့်တွင် KNLA တပ်ရင်း (၁၇)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ‌စောဖား‌ခေါ့နှင့်အတူတပ်ဖွဲ့ဝင် ၈ဦးစီးနင်း လာသည့်ကားကို ဆွဲမိုင်းဖြင့် အဆင်သင့်‌စောင့်ကာ ပစ်ခတ်ပြီး ထွက်‌ပြေးလွတ်‌မြောက်သွားခြင်းဖြစ်သည် ဟု ဒူးပလာယာခရိုင် တာဝန်ရှိသူများက ‌ပြောဆိုကြသည်။

၎င်းခရိုင်၏ အတွင်း‌ရေးမှူး မန်းက‌နေဒီက “‌နောက်ဆုံးခိုင်မာတဲ့သတင်းအရ တပ်စိပ်တစ်စိပ်‌လောက်ရှိ တဲ့သူ‌တွေက ‌တောထဲမှာ အ‌သေချာ‌စောင့်ပစ်တာ။ ပစ်ခံရတဲ့ကား‌ရှေ့တစ်ဖာလုံ ၂ဖာလုံမှာ BGF ကားတစ်စီးအရင်သွားတယ်။ သူ့ကိစ္စနဲ့သူသွားတာ။ ဘာဖြစ်လို့ အ‌သေချာ‌စောင့်ပစ်တယ်လို့ ‌ပြောလို့ရ လဲဆို‌တော့ အဲဒီလမ်း‌ဘေးမှာ မ‌ပေါက်တဲ့ဆွဲမိုင်း ၂လုံးရှာ‌တွေ့တယ်။ ဖြစ်နိုင်တာသူတို့ ပထမ မိုင်းဆွဲတာမ‌ပေါက်လို့ ‌နောက်ကလာတဲ့ကားကို‌သေနတ်နဲ့ပစ်တာ” ဟု ‌ပြောသည်။

၎င်းအပြင် ယခုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး သ‌ဘောထားအမျိုးမျိုးရှိ‌နေသည့်အတွက် ဗဟိုနှင့်ညှိ နှိုင်း‌ဆွေး‌နွေးပြီးမှသာ မိမိတို့၏သ‌ဘောထားများကို ထုတ်‌ဖော်‌ပြောဆိုနိုင်မည်ဖြစ်‌ကြောင်းလည်း မန်းက‌နေဒီက ဖြည့်စွက် ‌ပြောဆိုသည်။

ထိုသို့ပစ်ခတ်ခံရသည့်အတွက် KNLAတပ်ဖွဲ့ဝင် ၃ဦးမှာ စိုးရိမ်စရာမရှိသည့် ဒဏ်ရာအနည်းငယ်ရရှိသွားပြီး ယခုဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလက ကရင်ပြည်နယ်အတွင်း ပြန်လည်ဖြစ်ပွားလာသည့် တိုက်ပွဲများ ၏ ‌နောက်ဆက်တွဲပြဿနာများနှင့်ဆက်စပ်မှုများ ရှိနိုင်‌ကြောင်း အချို့က သုံးသပ် ‌ပြောဆိုမှုများရှိ‌နေသည်။

ပစ်ခတ်မှုဖြစ်ပွားရာ‌နေရာမှာ KNU၏ ခရိုင်(၇)ခုထဲမှ တစ်ခုဖြစ်သည့် ဒူးပလာယာခရိုင်၊ KNLA တပ်မဟာ (၆)နယ်‌မြေအတွင်းဖြစ်ပြီး ၎င်းနယ်‌မြေအတွင်းရှိ KNUစစ်ဘက်၊ အရပ်ဘက်‌ခေါင်း‌ဆောင်အချို့မှ ယင်းပစ်ခတ်မှု ဖြစ်စဉ်အ‌ပေါ် ယခုလိုခန့်မှန်း ‌ပြောဆိုမှုများရှိ‌နေသည်။

“အခုဖြစ်တဲ့‌နေရာမှာ ဗမာတပ်လည်းမရှိဘူး။ ငါတို့အချင်းချင်း မှားပစ်တာလည်းမဟုတ်ဘူး။ ဘယ်သူ‌တွေဝင်လာလဲဆိုတာလဲသိတယ်။ ဘယ်သူလုပ်တယ်ဆိုတာလည်းခန့်မှန်းမိတယ်။ ဒါ‌ပေမဲ့ လက်ဆုပ်လက်ကိုင်မပြနိုင်‌တော့ ဘာမှမ‌ပြောချင်ဘူး”ဟု ယင်းနယ်‌မြေအတွင်း အ‌ခြေစိုက်သည့် KNLA အရာရှိတစ်ဦးက ‌ပြောသည်။

KNUအ‌နေဖြင့် ၂၀၁၅ ခုနှစ်‌အောက်တိုဘာလ ၁၅ရက်‌နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်(NCA)ကို လက်မှတ်‌ရေးထိုးပြီး ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌နေစဉ် ကာလအတွင်း မြန်မာ့တပ်မ‌တော်(သို့) အခြား‌သောလက်နက်ကိုင်တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားမှုများ၊ ‌ချောင်း ‌မြောင်းပစ်ခတ်ခံရမှုများ မရှိသ‌လောက်‌လျော့နည်းသွားခဲ့သည်။