Home သတင်း ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်‌သော အသိပညာ‌ပေးအလုပ်ရုံ‌ဆွေး‌နွေးပွဲ အပစ်ရပ် DKBAအဖွဲ့ ပြုလုပ်

ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်‌သော အသိပညာ‌ပေးအလုပ်ရုံ‌ဆွေး‌နွေးပွဲ အပစ်ရပ် DKBAအဖွဲ့ ပြုလုပ်

1971

‌အောက်တိုဘာ ၁၂ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်(NCA)ကို လက်မှတ်‌ရေးထိုးထားသည့် ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော် DKBAမှ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေသည့် ကာလအတွင်း လိုက်နာ ကျင့်သုံးရမည့် ကိစ္စရပ်များနှင့်ပတ်သက်‌သော အသိပညာ‌ပေး
အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ခုကို မြဝတီခရိုင် စုကလိမြို့နယ်ခွဲရှိ ၎င်းတို့ ကလို့ထူး‌ဘောစစ်ဋ္ဌာနချုပ်ရုံးတွင် ‌အောက်တိုဘာ ၉ရက်မှ ၁၁ရက်အထိ ပြုလုပ်ခဲ့သည်။

အဆိုပါ အလုပ်ရုံ‌ဆွေး‌နွေးပွဲကို DKBA အဖွဲ့၊ ကရင်လူထုအ‌ခြေပြုကွန်ရက် KCBNG နှင့် Geneva Call အဖွဲ့တို့ ပူး‌ပေါင်းလုပ်‌ဆောင်ခဲ့ခြင်းဖြစ်ပြီး အသိပညာ‌ပေး အလုပ်ရုံ‌ဆွေး‌နွေးပွဲ ပြုလုပ်မှုနှင့်ပတ်သက်၍ DKBA စစ်ဦးစီး (တတိယ) ဗိုလ်ကြီး ‌စောဖားဘလက်က ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

“လူမှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကရင်လူထုအ‌ခြေပြုကွန်ရက် က‌နေပြီး‌တော့ ဒီဟာ‌တွေလုပ်ဖို့အတွက် ကျ ‌နော်တို့နဲ့တိုင်ပင်‌ဆွေး‌နွေးမှု‌တွေလုပ်တယ်။ ကျ‌နော်တို့ဘက်ကလည်း သိသင့်သိထိုက်တာ‌လေး‌တွေသိရ မယ်။ ပြီး‌တော့ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေတဲ့အချိန်မှာ အားလုံးနဲ့ပူး‌ပေါင်း‌ဆောင်ရွက်တဲ့ သ‌ဘောလည်းဖြစ်တယ်”ဟု ၎င်းက ‌ပြောသည်။

သုံးရက်တာ ကျင်းပခဲ့သည့် ယင်းအလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် DKBAအဖွဲ့၏ စစ်ဖက်ဆိုင်ရာအရာရှိများ၊ အနီးနားရှိ ‌ကျေးရွာများမှ ကိုယ်စားလှယ်များပါဝင်ခဲ့ကြပြီး ၎င်းတို့ကို Geneva Callမှ ‌မြေမြှုပ်မိုင်းနှင့်က‌လေး သူငယ်အခွင့်အ‌ရေးနှင့်သက်ဆိုင်သည့် သိမှတ်ဖွယ်ရာများကို ချပြရှင်းလင်းကာ အပြန်အလှန်‌ဆွေး‌နွေးမှုများပြု လုပ်ခဲ့‌ကြောင်း သိရသည်။

၎င်းအလုပ်ရုံ‌ဆွေး‌နွေးပွဲမှာ DKBAအဖွဲ့၏ ဒုတိယအကြိမ်‌မြောက် အလုပ်ရုံ‌ဆွေး‌နွေးပွဲဖြစ်ပြီး လက်ရှိတွင် ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှုလုပ်ငန်းစဉ်များကို မိမိတို့အဖွဲ့အစည်းအတွင်းသာမက လူထုများနှင့်‌တွေ့ဆုံကာ ချပြရှင်းလင်းမှုများ လုပ်‌ဆောင်လျက်ရှိ‌ကြောင်းလည်း ဗိုလ်ကြီး ‌စော‌ဖောဘလက်က ‌ပြောသည်။

NCAကို လက်မှတ်‌ရေးထိုးထားသည့် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ KNU/KNLA-PC အဖွဲ့ ကလည်း ၎င်းတို့ဋ္ဌာနချုပ် ထို့‌ကော်ကိုးတွင် ယခုလ‌အောက်တိုဘာလ ၁ဝရက်‌နေ့မှစတင်ကာ ငြိမ်းချမ်း‌ရေးလုပ်ငန်း စဉ်များ၊ ၂၁ပင်လုံညီလာခံနှင့် NCA စာချုပ်တွင်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်‌သော ကိစ္စရပ်များကို အလားတူ အဖွဲ့အတွင်းအလုပ်ရုံ‌ဆွေး‌နွေးပွဲမျိုးကို ပြုလုပ်လျက်ရှိသည်ဟု သိရသည်။