Home သတင်း ၂၁ ရာစုပင်လုံတွင် ပါဝင်ခွင့်ရ ကဏ္ဍ၌ ပူး‌ပေါင်းလုပ်‌ဆောင်ရန် ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများ‌ဆွေး‌နွေး

၂၁ ရာစုပင်လုံတွင် ပါဝင်ခွင့်ရ ကဏ္ဍ၌ ပူး‌ပေါင်းလုပ်‌ဆောင်ရန် ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများ‌ဆွေး‌နွေး

1924

ဩဂုတ် ၃ဝ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောညွှန် ့‌သောင်း

ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ(၂၁ ရာစု ပင်လုံ)တွင် ကရင်ပြည်နယ်အတွင်းရှိ အရပ်ဖက်လူမှု အဖွဲ့ အစည်းများ ပါဝင်ခွင့်ရကဏ္ဍ၌ ပူ‌ပေါင်းပါဝင်‌ရေးအတွက် ပြည်နယ် အရပ်ဖက်အဖွဲ့အစည်း ၆ဝ ‌ကျော်တို ့က ဩဂုတ် ၂၈မှ ၂၉ ရက်‌နေ ့ထိ ဖားအံမြို့ရှိ ဇွဲကပင်ခန်းမ၌ စု‌ပေါင်း‌တွေ့ဆုံ ‌ဆွေး‌နွေးပွဲ ပြုလုပ်ခဲ့သည်။

‌ဆွေး‌နွေးပွဲ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ပြည်နယ်အတွင်းရှိ အရပ်ဖက် လူမှုအဖွဲ့ အစည်းများ အ‌နေဖြင့် ၂၁ ရာစုပင်လုံတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပါဝင်နိုင်သည့် လမ်း‌ကြောင်းများ ရှိသည်ကို သိရှိနားလည်ရန်၊ မည်သို့မည်ပုံ ပါဝင်လုပ်‌ဆောင်ကြမည်ကို ‌ဆွေး‌နွေးတိုင်ပင်ခြင်းနှင့် ပြည်တွင်း ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို ပိုမိုသိရှိနားလည်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု ကရင်‌ရေးရာ ‌ကော်မတီ၊ အတွင်း‌ရေးမှူး(၁)ဖြစ်သူ ‌စော‌ကျော်စွာက ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

“ ၃၁ ရက်‌နေ့မှာ ကျင်းပမယ့် ပင်လုံ ညီလာခံက‌နေ ရရှိလာတဲ့ မူ‌ဘောင်က‌နေတဆင့် အ‌ခြေခံပြီး‌တော့မှ ကျ‌နော်တို့ အရပ်ဘက်လူမှုအဖွဲ့အစည်း‌တွေ ပြန်လည်‌ခေါ်ယူ ‌တွေ့ဆုံ‌ဆွေး‌နွေးကြမယ်။ ‌နောက် ကျ‌နော်တို့က ကရင်ပြည်နယ်ကို အ‌ခြေခံပြီး မြို့နယ်တိုင်းမှာ အရပ်ဘက်ကိုယ်စားလှယ်‌တွေ အားလုံးပါဝင်နိုင်ဖို့ လုပ်‌ဆောင် သွားမယ်” ဟု ‌စော‌ကျော်စွာက ‌ပြောသည်။

နှစ်ရက်ကြာပြုလုပသည့် ‌ဆွေး‌နွေးပွဲတွင် နိုင်ငံ‌ရေး၊ လုံခြုံ‌ရေး၊ လူမှု‌ရေး၊ စီပွား‌ရေး နှင့် ‌မြေယာစီမံခန့်ခွဲ‌ရေး စသည့် ‌ခေါင်းစဉ်များပါဝင်ပြီး ထို‌ခေါင်းစဉ်များတစ်ခုစီတွင် အ‌ကြောင်းအရာ ငါးခုစီဖြင့် အဓိကထား ‌ဆွေး‌နွေး ခဲ့သည်ဟု ‌ဆွေး‌နွေးပွဲတက်‌ရောက်ခဲ့သူများထံမှ သိရသည်။

‌ဆွေး‌နွေးပွဲ တက်‌ရောက်ခဲ့သည့် အတွက် ၂၁ ရာစု ပင်လုံတွင် မိမိတို့ပါဝင်နိုင်သည့် အခန်းကဏ္ဍနှင့် ပါဝင်ခွင့် မရနိုင်သည့် အခန်းကဏ္ဍများကို ခွဲခြားသိရှိ ခဲ့သလို ပါဝင်ခွင့်ရသည့် ကဏ္ဍတွင် မည့်သို့ ပူး‌ပေါင်းလုပ်‌ဆောင်ကြ မည်ကို ‌ဆွေး‌နွေးနိုင်ခဲ့သည်ဟု ကရင်ဖွံ့ဖြိုး တိုးတက်‌ရေးကွန်ရက်(KDN) ကိုယ်စားလှယ် ‌စော‌ဇော်လင်းက ‌ကေအိုင်စီသို့‌ပြောသည်။

“ဒီ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲမှာ ပြည်တွင်းငြိမ်းချမ်း‌ရေးဖြစ်စဉ် ပင်လုံဖြစ်စဉ်‌တွေကို တက်‌ရောက်လာကြတဲ့ အရပ်ဘက် လူမှုအဖွဲ့က ‌ကောင်း‌ကောင်း သ‌ဘော‌ပေါက်နားလည်းခွင့် ရရှိသွားပါတယ်။ ‌နောက် နိုင်ငံ‌ရေးပြုပြင်‌ပြောင်းလဲမှု လုပ်ငန်းစဉ်‌တွေလည်း ပိုမိုသိရှိခွင့်ရလာပြီး‌တော့ ဘယ်လို ပါဝင်ပူး‌ပေါင်းသွားကြမလဲဆိုတာလည်း သိခွင့် ရရှိ လာတယ်” ဟု‌ပြောသည်။

ကရင်ပြည်နယ်အရပ်ဘက်လူမှုအဖွဲ့အစည်းများ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ပြည်နယ်အတွင်းရှိ တက်‌ရောက်လာကြ သည့် အရပ်ဘက်လူမှုအဖွဲ့ စုစု‌ပေါင်း ၆ဝ ‌ကျော် တက်‌ရောက်လာပြီး စုစု‌ပေါင်း လူဦးရည်မှာ ၂၄ဝ ‌ကျော် တက် ‌ရောက်ခဲ့သည်။ ‌ဆွေး‌နွေးပွဲ ပထမ ရက်‌နေ့ ဖွင့်ပွဲအခမ်းအနားသို ့ ပြည်နယ်အစိုးရ ဌာန ဆိုင်ရာအချို့နှင့် ကရင် ပြည်နယ်အ‌ခြေစိုက် နိုင်ငံ‌ရေးပါတီအချို့တို့မှ ဖွင့်ပွဲအခမ်းအနားသို ့တက်‌ရောက်ခဲ့ကြသည်။