Home သတင်း နှမ်း‌ဈေး ကျဆင်းမှု‌ကြောင့် ဝင်း‌ရော်‌ဒေသ နှမ်းစိုက်‌တောင်သူများ အရှုံး‌ပေါ်

နှမ်း‌ဈေး ကျဆင်းမှု‌ကြောင့် ဝင်း‌ရော်‌ဒေသ နှမ်းစိုက်‌တောင်သူများ အရှုံး‌ပေါ်

2418

ဇန်နဝါရီ ၂၂ရက်။ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသ၌ ယခုနှစ် နှမ်းစိုက်ရာသီအတွင်း နှမ်းစိုက်‌တောင်သူ များပြားလာ‌သော်လည်း ဇန်နဝါရီ လ၊ ဒုတိယပတ်မှစ၍ နှမ်း‌ဈေးနှုန်း ကျဆင်းမှု‌ကြောင့် ‌ဒေသခံ နှမ်းစိုက်‌တောင်သူများအတွက် အရှုံး‌ပေါ်လျှက်ရှိသည်ဟု ‌ပြောဆို ကြသည်။

နှမ်း‌ဈေးကျဆင်းလျှက်ရှိသည့် ဝင်း‌ရော်‌ဒေသအတွင်း၌ အရည်အ‌သွေး‌ကောင်းမွန်‌သော ‌ဒေသအ‌ခေါ် ‌တောင်ယာနှမ်း ၁တင်း လျှင် ယခင်နှစ်က ကျပ် ၆၀,၀၀ဝ ‌သောင်း‌ကျော်မှ ၅၆,၀၀၀-၄၅၀၀ဝ ကျပ်အထိ ကျဆင်းသွားသလို အခြားနှမ်းဖြစ်‌သော ယိုးဒ ယားနှမ်း၊ လယ်ကြားနှမ်း၊ လယ်နှမ်းမဲနှင့် စမုံနက်တို့လည်း ယခင်နှစ်က ၁ တင်းလျှင် ကျပ် ၄၀,၀၀၀‌ကျော်မှ ၃၅၀၀ဝကျပ်၊ ၂၅၀၀ဝကျပ်အထိ ကျဆင်းသွားခြင်းဖြစ်သည်။

ဝင်း‌ရော်‌ဒေသရှိ ခလယ်ရွာမှ နှမ်းစိုက်‌တောင်သူ ‌စောအဲဆက်က “အဓိက‌တော့ ခိုင်မာတဲ့ ‌ဈေးကွက်မရှိလို့ပါ။ ပြီး‌တော့ နှမ်းရဲ့အ ရည်အ‌သွေးကလည်း မ‌ကောင်းဘူး။ စစိုက်ကတည်းက စိုက်မယ့်‌မြေ‌နေရာမှာ မြက်သတ်‌ဆေးနဲ့ အရင်ဖြန်းလိုက်တယ်။ သတ်မှတ်ရက် မပြည့်မီ နှမ်းမျိုး‌စေ့‌တွေ ကျဲချလိုက်‌တော့ နှမ်းပင်‌တွေလည်း မသန်‌တော့ဘူး‌ပေါ့။ အခုလို နှမ်း‌ဈေးလည်းကျ‌ရော စိုက်ထားတဲ့ ကုန်ကျစရိတ်နဲ့ ထွက်တဲ့နှမ်းနဲ့ မကိုက်‌တော့ အရှုံး‌ပေါ်တာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ နှမ်းအရှုံး‌ပေါ်သဖြင့် နှမ်းရိတ်သိမ်းစဉ်က ငှားရမ်းထားသည့် အလုပ်သမားများ၏ လုပ်အားခနှင့် နှမ်းစတင်စိုက်ချိန်၌ အ‌ကြွေးဖြင့် ဝယ်ယူထား‌သော ‌မြေဩဇာဖိုးများကို ပြန်လည်‌ပေးမဆပ်နိုင်မည်ကို နှမ်း‌တောင်သူများက စိုးရိမ်ကြလျှက်ရှိသည်။

ယခုလအတွင်း နှမ်းထွက်ချိန်သည် နှမ်းကို အဓိက စိုက်ပျိုးသည့် ဗီယက်နမ်၊ အိနိ္ဒယနိုင်ငံတို့၏ နှမ်းထွက်ချိန်နှင့် တိုက်ဆိုင်သ ဖြင့် ‌ဈေးကွက်‌သော်လည်‌ကောင်း၊ နှမ်းအရည်အ‌သွေး‌သော်လည်‌ကောင်း မယှဉ်နိုင်ဘဲဖြစ်ကာ ပြည်ပသို့ တင်ပို့‌ရောင်းချရာ၌ လည်း ‌ဈေး‌ကောင်း မရ‌သော‌ကြောင့် ပြည်တွင်းနှမ်း‌ဈေးနှုန်း ကျဆင်းခဲ့ရခြင်းဖြစ်‌ကြောင်း ကြာအင်းဆိပ်ကြီးမြို့ရှိ ဆီထွက်သီးနှံ ‌ရောင်းဝယ်‌ရေးလုပ်ငန်းရှင် ဦးမြင့်‌အောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရ စိုက်ပျိုး‌ရေးဋ္ဌာနအ‌နေဖြင့် နှမ်းစိုက်ပျိုး‌ရေးနှင့်ပတ်သက်၍ ‌ကျေးရွာများတွင် ကွင်းဆင်းပြီး စိုက်ပျိုး‌ရေး နည်းပညာ‌ပေးခြင်း၊ ‌ထောက်ပံ့မှု‌ပေးခြင်းနှင့် ခိုင်မာသည့် နှမ်း‌ဈေးကွက်တစ်ခု ဖန်တီး‌ပေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ‌ဆောင်ရွက်‌ပေးရန် ကြာ အင်းဆိပ်ကြီးမြို့နယ်ရှိ ‌ကျေးရွာအုပ်စုအများစုမှ ‌ဒေသခံများက လိုလား‌နေကြသည်ဟု သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသတွင် လယ်ယာ၊ ကွမ်းပင်၊ ရာဘာ စိုက်ပျိုး‌ရေးလုပ်ငန်းများအပြင် နိုဝင်ဘာမှ ဇန်နဝါရီ အထိ နှမ်းစိုက်ကြပြီး ယခုနှစ်မှာ နှမ်းစိုက်ဧက‌ပေါင်း ၁၀၀ဝခန့် ရှိသည်။ ၎င်းအပြင် အဇင်း၊ ကျိုက်ဒုံ၊ ဘုရားသုံးဆူ၊ ‌လောင်းကိုင် ကြာအင်း စသည့်‌ဒေသများတွင်လည်း နှမ်းစိုက်‌တောင်သူများပြားလျှက်ရှိရာ တစ်ရက်လျှင် နှမ်းတင်း ၁,၀၀ဝ ခန့် လာ‌ရောက် ‌ရောင်းချလျှက်ရှိသည်ဟု ကြာအင်းဆိပ်ကြီးမြို့ နှမ်းအ‌ရောင်းအဝယ်ဒိုင်များက ဆိုသည်။

မြန်မာနိုင်ငံ၌ အဓိက နှမ်းထွက်ကုန်များကို တရုတ်၊ ဂျပန်နှင့် ကိုရီးယား စသည့် ပြည်ပနိုင်ငံများသို့ တင်ပို့‌ရောင်းချလျှက်ရှိသည် ဟု ကြာအင်းဆိပ်ကြီးမြို့ရှိ နှမ်းအဝယ်ဒိုင်များ၏ ‌ပြောပြချက်အရ သိရသည်။