Home သတင်း ဧရာဝတီတိုင်း‌ဒေသကြီးအဆင့် ကရင် စာ/ယဉ်‌ကော်မတီ စတင်ဖွဲ့စည်း

ဧရာဝတီတိုင်း‌ဒေသကြီးအဆင့် ကရင် စာ/ယဉ်‌ကော်မတီ စတင်ဖွဲ့စည်း

1606

ဇန်နဝါရီ ၂၂ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်အများစု ပါဝင်သည့် တိုင်း‌ဒေသကြီးအဆင့် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော် မတီကို ဇန်နဝါရီလ ၂ဝရက်‌နေ့က စတင် ဖွဲ့စည်းလိုက်သည်။

ပုသိမ်မြို့၊ အထက(၆) Social Centre တွင် ပြုလုပ်‌သော ခရိုင်(၆)ခုနှင့် မြို့နယ် (၂၀)မှ ကရင် စာ/ယဉ် ‌ကော်မတီ ကိုယ်စား လှယ် ၈ဝဦးခန့် ပါဝင်သည့် ‌ဆွေး‌နွေးညှိနှိုင်းမှုအပြီး တိုင်း‌ဒေသကြီး အဆင့်အဖြစ် ပထမဆုံးဖွဲ့စည်းလိုက်ခြင်းဖြစ်‌ကြောင်း တို်င်း အဆင့် ကရင်စာ/ယဉ်‌ကော်မတီ အတွင်း‌ရေးမှူး မန်းလှသိန်းက ယခုလို ‌ပြောသည်။

“အရင်တုန်းက‌တော့ မြို့နယ်အဆင့်‌တောင် ဖွဲ့စည်းဖို့ သိပ်မလွယ်ဘူး။ အဲဒီအတွက်‌ကြောင့်လည်း မြို့နယ်အနည်းငယ်သာ ဖွဲ့နိုင် တယ်။ အခု‌ခေတ်စနစ် အ‌ခြေအ‌နေအရ‌ကြောင့်ရယ် စာ/ယဉ်ကို စုစည်းနဲ့ တိုးတက်‌အောင် လုပ်ချင်လို့ အခုလို ဖွဲ့လိုက်တာ ဖြစ် ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ဖွဲ့စည်းလိုက်ရာတွင် တိုင်း‌ဒေသကြီးအဆင့် အလုပ်အမှု‌ဆောင်‌ကော်မတီဝင်များအဖြစ် ဥက္ကဌ (၁)ဦး၊ ခရိုင်(၆)ခုမှ ဒုဥက္ကဋ္ဌ (၆)ဦး၊ အတွင်း‌ရေးမှူး (၁)ဦး၊ မြို့နယ်(၆)မြို့ နယ်မှ တွဲဖက်အတွင်း‌ရေးမှူး (၆)ဦး၊ ဘဏ္ဍာ‌ရေးမှူး (၁)ဦးနှင့် တွဲဖက်ဘဏ္ဍာ‌ရေးမှူး (၁)ဦးအပါအဝင် အလုပ်အမှု‌ဆောင်(၉)ဦး တို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

ဥက္ကဋ္ဌမှာ ဆရာမန်းဖရန်စစ်(ပုသိမ်)နှင့် ဒု-ဥက္ကဋ္ဌများမှာ မန်းကံ‌ဌေး(ကျုံ‌ပျော်) ပုသိမ်ခရိုင်၊ မန်းထွန်းလင်း(‌မြောင်းမြ) ‌မြောင်းမြ ခရိုင်၊ ‌ဒေါက်တာသန်းဝင်းတင်(လပွတ္တာ) လပွတ္တာခရိုင်၊ ‌ဒေါက်တာမန်းခင်‌မောင်စိုး (ပန်းတ‌နော်) မအူပင်ခရိုင်၊ ‌စောဖါးဝါး (ဇလွန်) ဟသင်္ာတခရိုင်၊ မန်းနံ့သာ(ဖျာပုံ) ဖျာပုံခရိုင်တို့ ဖြစ်ကြသည်။

၎င်းအပြင် အတွင်း‌ရေးမှူးမှာ မန်းလှသိန်း(ပုသိမ်)၊ တွဲဖက်အတွင်း‌ရေးမှူးများမှာ မန်းတင်‌အေး(လပွတ္တာ)၊ မန်းစန်းဝင်း(ကန်ကြီး ‌ထောင့်)၊ မန်းညက်ပိန်(အိမ်မဲ)၊ မန်းသန်းရှိန်ဦး(မအူပင်)၊ ‌စော‌ကျော်ကြီး(ဟသင်္ာတ)၊ ‌စောဆာရှီး(ဘိုက‌လေး)တို့ဖြစ်ပြီး ဘဏ္ဍာ ‌ရေးမှူး ‌နော်ဖိုးနန်း(ပုသိမ်)နှင့် တွဲဖက်ဘဏ္ဍာ‌ရေးမှူး ‌နော်‌ဟေဇယ်တို့ဖြစ်‌ကြောင်း သိရသည်။

ဒုဥက္ကဋ္ဌ မန်းထွန်းလင်းက “အခုလိုဖွဲ့လိုက်‌တော့ ‌နောက်ဆို အချင်းချင်း ဆက်စပ်တိုင်ပင်ပြီး လုပ်‌ဆောင်သွားလို့ ပိုပြီး အဆင်‌ပြေ နိုင်တာ‌ပေါ့။ အဓိကလုပ်သွားမှာက‌တော့ စာ‌ပေနဲ့ ယဉ်‌ကျေးမှုကို ဦးစား‌ပေး လုပ်‌ဆောင်သွားမှာဖြစ်တယ်”ဟု ‌ပြောသည်။

တစ်ရက်တာ ပြုလုပ်သည့် ညှိနှိုင်း‌ဆွေး‌နွေးမှုတွင် တိုင်းအဆင့် ကရင်စာ/ယဉ်‌ကော်မတီ ဖွဲ့စည်း‌ရေးအပြင် ကရင်ဆရာ/မများကို ‌တောင်းဆို‌သော စာသင်‌ကျောင်းများသို့ ‌စေလွှတ်‌ပေး‌ရေး၊ ကရင်စာ‌ပေသင်ကြား‌ရေး ပိုမိုထိ‌ရောက်မှုရှိ‌အောင် လုပ်‌ဆောင်‌ပေး ‌ရေး စသည့်အ‌ကြောင်းအရာများကို ထည့်သွင်း‌ဆွေး‌နွေးခဲ့ကြသည်။

ယခုဖွဲ့စည်းလိုက်‌သော တိုင်းအဆင့် စာ/ယဉ် ‌ကော်မတီ၏ ဖွဲ့စည်းပုံနှင့် စည်းမျဉ်းစည်းကမ်း အ‌သေးစိတ်ကို မတ်လကုန်တွင် အပြီး‌ရေးဆွဲကာ တိုင်း‌ဒေသကြီး အစိုးရထံတင်ပြပြီး တရားဝင် အသင်းဖွဲ့ခွင့်ရရှိရန် ကြိုးပမ်းသွားမည်ဖြစ်သလို စာ/ယဉ်မဖွဲ့နိုင် ‌သေးဘဲ ကျန်ရှိသည့် ခရိုင်၊ မြို့နယ်များ၌လည်း ဖွဲ့စည်းနိုင်ရန်ကြိုးပမ်းသွားမည်ဟု အတွင်း‌ရေးမှူးမန်းလှသိန်းက ‌ပြောသည်။

ဧရာဝတီတိုင်း‌ဒေသကြီးတွင် ပုသိမ်၊ ‌မြောင်းမြ၊ လပွတ္တာ၊ မအူပင်၊ ဟသင်္ာတ၊ ဖျာပုံ စသည့် ခရိုင်(၆)ခု နှင့် မြို့နယ် (၂၆)မြို့နယ် ရှိသည့်အနက် ခရိုင်အဆင့် ကရင်စာ/ယဉ်‌ကော်မတီအ‌နေဖြင့် ‌မြောင်းမြခရိုင်တစ်ခုတည်းသာ ဖွဲ့စည်းနိုင်ခဲ့ပြီး မြို့နယ်အားဖြင့် ၁၉မြို့နယ်သာ ဖွဲ့စည်းနိုင်‌သေး‌ကြောင်း သိရသည်။