Home အယ်ဒီတာ့အာဘော် အယ်ဒီတာ့အာ‌ဘော်

အယ်ဒီတာ့အာ‌ဘော်

1764

အမျိုးသား‌တော်လှန်‌ရေး ပန်းတိုင်မ‌ရောက်‌သေး‌ပေ

‌ရော်ရွက်‌ဟောင်း‌ကြွေ၍ ‌ကောက်ဦးသစ်‌ပေါ်သည့်ရာသီ ‌ရောက်ရှိလာ‌ချေပြီး။ ဥတုရာသီ ‌ရွေ့လျား‌နေသကဲ့သို့ မငြိမ်းချမ်း‌သေး ‌သော မြန်မာနိုင်ငံ၏ ‌တော်လှန်‌ရေးကာလမှာလည်း တလိမ့်လိမ့်နှင့် အ‌ရွေ့တစ်ခုကို သွား‌နေဆဲပင် ရှိ‌သေးသည်။ ၂၀၁၆ခု၊ ဇန်န ဝါရီလ ၃၁ရက်‌နေ့သည် ကရင်အမျိုးသား၏ ‌တော်လှန်‌ရေး ၆၇နှစ် ပြည့်‌မြောက်သည့်‌နေ့ပင်ဖြစ်သည်။ အမျိုးသားတန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် နိုင်ငံ‌ရေးနည်းဖြင့် ‌တောင်းဆို၍ မရခဲ့ဘဲ အကြမ်းဖက် တုန့်ပြန်ခံရသည့်အ‌ပေါ် ခုခံစစ်ဆင်နွဲရာမှ ၁၉၄၉ခုနှစ်၊ ဇန်နဝါရီ ၃၁ရက်‌နေ့တွင် ကရင့်‌တော်လှန်‌ရေး စတင်ခဲ့ခြင်းဖြစ်သည်။

ကရင်‌တော်လှန်‌ရေးသည် သီးခြားခွဲထွက်‌ရေး မဟုတ်သလို တိုင်းရင်းသားညီအစ်ကို အချင်းချင်း ဗိုလ်ကျစိုးမိုး‌ရေးလည်း မဟုတ် ‌ပေ။ သာတူညီမျှ အခွင့်အ‌ရေးရှိ‌ရေး၊ လူမျိုးတစ်မျိုးတွင် ရှိသင့်ရှိထိုက်သည့် စာ‌ပေ၊ ယဉ်‌ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်သည့် လူ့အဖွဲ့ အစည်း တည်‌ဆောက်‌ရေးနှင့် ပဋိပက္ခ ချုပ်ငြိမ်း‌ရေးတို့အတွက်သာဖြစ်‌ကြောင်း သမိုင်းက သက်‌သေပြခဲ့ပြီးဖြစ်သည်။ ‌ခေတ်အ ဆက်ဆက် စစ်အာဏာရှင် မြန်မာအစိုးရများက ကရင့်‌တော်လှန်‌ရေးကို အကြမ်းဖက်အလုပ်‌ယောင်‌ယောင်၊ နိုင်ငံမတည်ငြိမ်‌စေ သည့် ‌သောင်းကျန်းမှုများ‌ယောင်‌ယောင် အမြင်လွဲမှား‌အောင် နည်းမျိုးစုံသုံး ဝါဒဖြန့်မှု၊ သမိုင်းအမှန် ‌ဖျောက်ဖျက်မှုများဖြင့် ‌တော် လှန်‌ရေးအဆုံးသတ်ရန် တစ်ဖက်လှည့်ဖြင့် ပြုလုပ်‌နေခဲ့သည်။ ကရင့်‌တော်လှန်‌ရေးအ‌ပေါ် အရိုးစွဲ မ‌ကောင်းမြင်လာသူများအ‌နေ ဖြင့် မိမိကိုယ်ကို လူမျိုးတစ်မျိုးဟု ခံယူထားပါက ဤသည်ကို သတိမူကာ မိမိလူမျိုး၏သမိုင်း‌ကြောင်းကို ‌လေ့လာနားလည် သိရှိ ထားနိုင်မှသာ အား‌ပေးအား‌မြောက်ပြု ဖြိုခွင်း‌နေမှုများကို ‌ရှောင်ကွင်းနိုင်မည်ဖြစ်သည်။

ကရင်လူမျိုးများကို အ‌လေးထား ဆက်ဆံခံ‌နေရမှု၊ နိုင်ငံ‌တော်အဆင့် အခမ်းအနားများတွင် ကရင်အမျိုးသားများကို လက်ရှိ အစိုးရက ယ‌နေ့ အ‌ရေးတယူ နှုတ်ဆက်‌ပြောဆို‌နေမှုများ၊ NLD အပါအဝင် နိုင်ငံ‌ရေးပါတီများ၊ ပြည်တွင်းလူမှု‌ရေးအသင်းအဖွဲ့ များ၏ ‌နေရာ‌ပေး အ‌ရေးတယူ ရှိ‌နေခြင်းများသည် ကရင့်‌တော်လှန်‌ရေး‌ကြောင့်ပင်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများ ‌နေထိုင်ရာ ‌ဒေသများတွင် ဖွံ့ဖြိုးမှုအ‌နောက်ကျဆုံးဖြစ်‌နေခဲ့ခြင်းမှာ ‌ခေတ်အဆက်ဆက် မြန်မာအစိုးရများက ‌တော်လှန်‌ရေးကို လစ်လျူရှု၊ အဆိုးမြင်ကာ အ‌ရေးတယူ လုပ်‌ဆောင်‌ပေးခြင်း မရှိသည့်အတွက်ဖြစ်သည်။ နိုင်ငံကို လက်နက်ဖြင့် အုပ်ချုပ်စိုးမိုးလာခဲ့သည့် အစိုးရမှန်သမျှသည် မိမိတို့ကို လက်နက်ဖြင့် တန်ပြန်‌တော်လှန်သူများအား ‌ကြောက်ကန်ကန်တတ်ကြသည့်အ‌လျောက် တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆိုင်ရာလူမျိုးစုပြည်သူများကို နှစ်‌ပေါင်း ၆၀‌ကျော်ကြာ အကြမ်းဖက် နှိမ်နင်းဖြိုခွင်းခဲ့ သည်။

လက်နက်ဖြင့် အုပ်စိုးလိုသူသည် လက်နက်ဖြင့် ‌တော်လှန်သူကို အမုန်းပွားသလို အ‌လေးလည်းထားသည်မှာ သာဓကများစွာ ရှိ ခဲ့သည်။ လက်နက်ရှိမှ လူရို‌သေ၊ ရှင်ရို‌သေ ဆက်ဆံခံရသည် ဆိုသည့်စကားအတိုင်းပင် ဖြစ်သည်။ ၆၇နှစ်တိုင်ခဲ့‌သော ကရင့် ‌တော်လှန်‌ရေးခရီးကား အလွန်ပင် ကြမ်းတမ်းခဲ့သည်။ ကရင်အမျိုးသားများ၊ အမျိုးသမီးများနှင့် အပြစ်မဲ့ ကရင်လူထု၏ အသက် ‌သွေး၊ ‌ချွေးများစွာ ‌ပေးဆပ်ခဲ့ရပြီး ‌တော်လှန်‌ရေးနှင့်အတူ ကရင်အမျိုးသားအာဇာနည်များလည်း ‌ပေါ်ထွန်းခဲ့‌ပေသည်။ ကရင့် ‌တော်လှန်‌ရေးမတိုင်ခင် ကရင်အမျိုးသားများ ငြိမ်းချမ်းစွာ ‌တောင်းဆိုခဲ့သည့် “ကရင်ပြည် ချက်ချင်း‌ပေး၊ ကရင်တစ်ကျပ် ဗမာ တစ်ကျပ် ချက်ချင်းပြ၊ လူမျိုး‌ရေး အဓိကရုဏ်း အလိုမရှိ၊ ပြည်တွင်းစစ် အလိုမရှိ”ဆိုသည့် ‌ကြွေး‌ကြော်သံ‌လေးရပ်၏ အနှစ်သာရ မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အမျိုးသားတန်းတူ‌ရေးနှင့် ငြိမ်းချမ်း‌ရေးတို့ပင် ဖြစ်သည်။ သို့‌သော်လည်း ယ‌နေ့ထက်တိုင် လိုရာပန်းတိုင် သို့ မ‌ရောက်ရှိနိုင်‌သေးဘဲ အဖက်ဖက်က အခက်အခဲများစွာနှင့် လွန်ဆွဲကာ ကြိုးစားရုန်းကန်‌နေကြရဆဲပင် ရှိ‌နေသည်။

မျက်‌မှောက်နိုင်ငံ‌ရေးမှာ လက်ရှိ အစိုးရနှင့် အပစ်ရပ်ထားသည့် အဆင့်မျှနှင့် နိုင်ငံ‌ရေးအရ ‌ဆွေး‌နွေးမှုကို စတင်နိုင်ရန် နိဒါန်းပျိုး သည့်သဏ္ဍာန်သာ ရှိ‌နေ‌သော်လည်း အလွှာအသီးသီး၊ အဖွဲ့အသီးသီး ပါဝင်မှုမှာ အားနည်း‌နေဆဲဖြစ်သည်။ ကရင်အမျိုးသား များသည် မိမိတို့လိုလားသည့် တန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များအတွက် ကဏ္ဍစုံမှ စည်းလုံးညီညာစွာ လက်တွဲလုပ်‌ဆောင် ရန် ပိုမိုလိုအပ်‌နေပြီး ဖြစ်‌ပေါ်လာမည့် အ‌ခြေအ‌နေ အရပ်ရပ်အတွက် ပြင်ဆင်ထားသင့်သည်။ အပစ်ရပ်ပြီး နိုင်ငံ‌ရေး‌ဆွေး‌နွေးစဉ် အချိန်ကာလကို အခွင့်‌ကောင်းယူကာ တိုင်းရင်းသားအချင်းချင်းကြား၊ တစ်ဖွဲ့ချင်းစီအတွင်း၌ နည်းမျိုးစုံသုံးကာ ဖြိုခွဲဖဲ့ထုတ်လို သည့် နည်းပရိယာယ်ကို အမျိုးသားနိုင်ငံ‌ရေး ဦး‌ဆောင်‌နေကြသူတိုင်း သတိပြုကြရန်လည်း လိုအပ်သည်။

ထို့အတွက် တစ်ဦး၊ တစ်ဖွဲ့‌ကောင်းစား‌ရေး အမျိုးသား‌တော်လှန်‌ရေးပန်းတိုင်နှင့် မလဲလှယ်မိကြ‌စေဘဲ ပန်းတိုင်သို့ ‌ရောက်ရှိနိုင် မည့်အ‌ရေး ကရင်အမျိုးသားထုတစ်ရပ်လုံးက ပြိုင်တူတွန်းကြရ‌ပေလိမ့်မည်။ အချုပ်‌ပြောရမည်ဆိုလျှင် နယ်ပယ်စုံ အဖွဲ့အစည်း အသီးသီးမှ ကရင်အမျိုးသားများအ‌နေဖြင့် အမြင်ကျဉ်း‌မြောင်းမှု၊ အစွန်း‌ရောက်မှု၊ မာန်မာနကြီးမှု၊ အယူအဆလွဲ‌သော အစွဲကြီး မှုများကို စွန့်လွှတ်ကာ စစ်မှန်‌သော ငြိမ်းချမ်း‌ရေးအတွက် ကရင့်အမျိုးသား‌တော်လှန်‌ရေးကို ‌လေးစား တန်ဖိုးထားကြမှသာ အား လုံး လိုလား‌သော ဖက်ဒရယ်ဒီမိုက‌ရေစီ နိုင်ငံ‌တော်ကြီးကို တည်‌ဆောက်သွားနိုင်မည်ဖြစ်‌ကြောင်း တိုက်တွန်းအပ်ပါသည်။