Home တွေ့ဆုံမေးမြန်းခန်း ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံတက်‌ရောက်ခဲ့သူ ‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံတက်‌ရောက်ခဲ့သူ ‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

2185

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်(NCA) သ‌ဘောညီမှုအရ ထွက်‌ပေါ်လာသည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံ (နိုင်ငံ ‌ရေး‌တွေ့‌ဆွေး‌နွေးပွဲ)ကို ‌နေပြည်‌တော်၊ MCC-2 ခန်းမ၌ ဇန်နဝါရီလ ၁၂ရက်မှ ၁၆ရက်‌နေ့အထိ ကျင်းပခဲ့သည့်အ‌ပေါ် တင်ပြ‌ဆွေး ‌နွေးခဲ့မှုများ၊ ထွက်‌ပေါ်လာသည့်ရလဒ်အ‌ခြေအ‌နေနှင့် ‌ရှေ့ဆက်လုပ်‌ဆောင်မည့်လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ညီလာခံတက် ‌ရောက်ခဲ့သူ တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့‌ခေါင်း‌ဆောင် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၏ အ‌ထွေ‌ထွေ အတွင်း ‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းကို ‌တွေ့ဆုံ‌မေးမြန်းခဲ့သည်။

‌မေး – အခု ပထမဆုံး (၅)ရက်အတွင်း အစည်းအ‌ဝေးထဲမှာ နိုင်ငံ‌တော်အစိုးရဘက်က ဖြစ်ဖြစ်၊ တိုင်းရင်းသားဘက်ကပဲဖြစ်ဖြစ် ဘာ‌တွေကို ‌ဆွေး‌နွေးတင်ပြကြလဲ။ ဘယ်လိုဆုံးဖြတ်ချက်‌တွေ ဆုံးဖြတ်ခဲ့ကြလဲ။
တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်ရပ်စဲ‌ရေးစာချုပ်က သ‌ဘောတူညီချက်‌တွေအရ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံလို့ ပထမဆုံး ‌ခေါ်ဆိုခြင်းဖြစ်ပါတယ်။ နိုင်ငံ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးမှု မူ‌ဘောင်အ‌ကြောင်းအရာ၊ ‌ခေါင်းစဉ်‌တွေ ပါဝင်ပြီး အဲဒီ‌ခေါင်းစဉ်‌တွေထဲက အ‌ကြောင်းအရာ‌တွေကို အစည်းအ‌ဝေးမှာ ‌ဆွေး‌နွေးဖြစ်ကြပါတယ်။
အဓိက ‌ခေါင်းစဉ်ကြီး‌တွေအ‌နေနဲ့ (၁)အချက်က နိုင်ငံ‌ရေး၊ (၂)စီးပွား‌ရေး၊ (၃)လူမှု‌ရေး၊ (၄)နိုင်ငံ့လုံခြုံ‌ရေး၊ (၅)ပညာ ‌ရေးနဲ့ (၆)သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး။ နိုင်ငံ‌ရေး‌ဆွေး‌နွေးတဲ့‌ခေါင်းစဉ်ကြီး‌အောက်မှာ ‌ခေါင်းစဉ်‌တွေ အများ ကြီးရှိတဲ့အထဲက ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်ဖို့ အ‌ခြေခံလမ်းစဉ်‌တွေက ဘာဖြစ်မလဲ။ နှစ်အချက်က စီးပွား‌ရေးပတ် သက်ပြီး အခွန်‌ကောက်ခံ‌ရေးနဲ့ ပြည်တွင်းဝင်‌ငွေ‌တွေဖြစ်တဲ့ ပြည်နယ်‌တွေက အ‌ကောက်ခွန်‌တွေကို ပြည်‌ထောင်စုအဆင့်အထိ ဘယ်လိုခွဲ‌ဝေသုံးမလဲ။ သုံး)က လူမှု‌ရေး‌ခေါင်းစဉ်‌အောက်က ပြည်တွင်းဒုက္ခသည်‌နေရာပြန်လည်ချထား‌ရေးနဲ့ သူတို့ရဲ့ လူမှုဘဝ ပြန်လည်ထူ‌ထောင်‌ရေး ‌လေး)က နိုင်ငံ့လုံခြုံ‌ရေး-နိုင်ငံတစ်နိုင်ငံရဲ့လုံခြုံ‌ရေးအတွက် အစီအစဉ်ချမှတ်ထားရမယ်။ ဘယ်လိုကာ ကွယ် စီမံ‌ဆောင်ရွက်မလဲ ဆိုတာ‌တွေ‌ပေါ့။ အဲဒါ‌တွေက စစ်‌ရေးစစ်ရာ‌တွေနဲ့ ပတ်သက်တယ်။ ၅)က ‌မြေယာ‌တွေကို ဘယ်လို စီမံ‌ဆောင်ရွက်မလဲ။ ကျ‌နော်တို့ အတူတကွ ‌နေထိုင်‌နေတဲ့ ‌မြေကြီး၊ ‌မြေယာ‌တွေကို နိုင်ငံသား‌တွေ ပိုင်ဆိုင်ခွင့်ရှိတယ်။ သဘာ ဝပတ်ဝန်းကျင်‌တွေကို ဘယ်လို ထိန်းသိမ်း‌စောင့်‌ရှောက်မလဲ။ အဲဒါ‌တွေက ကျ‌နော်တို့ ‌ပြောဆို‌ဆွေး‌နွေးခဲ့တဲ့ ‌ခေါင်းစဉ်ကြီး ငါးခု အထဲက ဖြစ်ပါတယ်။
အစည်းအ‌ဝေးက ပြည်တွင်းမှာ ပထမဆုံးအကြိမ် ပြုလုပ်ကျင်းပတဲ့ ပဋိပက္ခ‌တွေကို ဖြစ်‌ပေါ်‌စေတဲ့ နိုင်ငံ‌ရေး ပြဿနာ ‌တွေကို ‌တွေ့ဆုံ‌ဆွေး‌နွေးဖို့ ‌တွေ့ဆုံ‌ဆွေး‌နွေးခြင်းဖြစ်ပါတယ်။ အဖွဲ့တစ်ဖွဲ့ချင်းစီရဲ့ အမြင်သ‌ဘောထား‌တွေကို စုစည်းပြီး မှတ်တမ်း တင်ထားမှာ ဖြစ်ပါတယ်။ အဖွဲ့ကိုယ်စားလှယ်‌တွေရဲ့ အမြင်သ‌ဘောထား‌တွေကို စတင်စုစည်း‌ကောက်ခံ တင်ပြပြီး တာဝန်ရှိသူ ‌တွေက ‌နောင်လာမယ့် ကွန်ဖရင့်အထိ ဆက်လက်ယူ‌ဆောင်ပြီး ဒီအ‌ကြောင်းအရာ‌တွေကို ဆက်‌ဆွေး‌နွေးကြမှာ ဖြစ်ပါတယ်။ အမြင်‌တွေကို တင်ပြခြင်း၊ ဖလှယ်ခြင်း၊ စုစည်းခြင်းသာ ဖြစ်ပါတယ်။ ဒီအ‌ကြောင်းအရာ‌တွေကို စီရင်ဆုံးဖြတ်တာ မဟုတ်ပါဘူး။

‌မေး – ဒီအစည်းအ‌ဝေးမှာ အစုအဖွဲ့‌တွေက ဘယ်လိုပုံစံ ပါဝင်‌ဆွေး‌နွေးတင်ပြကြပါသလဲ။
ဒီအစည်းအ‌ဝေးကို အဖွဲ့(၅)ဖွဲ့ ကိုယ်စားလှယ်‌တွေ လာတက်ကြတယ်။ ကျ‌နော်တို့ နိုင်ငံ‌ရေးမူ‌ဘောင် (Frame Work) ‌ရေးဆွဲ ထားတဲ့အတိုင်း အဖွဲ့ကြီး (၅)ဖွဲ့ပါတယ်။ အဖွဲ့ငယ် (၂)ဖွဲ့ ပါတယ်။ အဖွဲ့ကြီး (၅)ဖွဲ့ထဲမှာ တစ်က လက်နက်ကိုင်အဖွဲ့၊ နှစ်က တပ်မ ‌တော်ကိုယ်စားလှယ်အဖွဲ့၊ သုံးက အစိုးရကိုယ်စားလှယ်အဖွဲ့၊ ‌လေးက လွှတ်‌တော်ကိုယ်စားလှယ်အဖွဲ့၊ ငါးက နိုင်ငံ‌ရေးပါတီ ကိုယ် စားလှယ်။ ပြည်တွင်းမှာရှိတဲ့ နိုင်ငံ‌ရေးပါတီ (၉၁)ပါတီရဲ့ ကိုယ်စားလှယ်‌တွေ၊ ပြီး‌တော့ ‌ခြောက်က တိုင်းရင်းသားလူနည်းစုအဖွဲ့ ‌တွေဖြစ်တဲ့ လက်နက်ကိုင်အဖွဲ့‌တွေရဲ့ အဖွဲ့ဝင် မဖြစ်‌စေရဘူး။ အစိုးရဘက်က မဟုတ်သလို နိုင်ငံ‌ရေးပါတီအဖွဲ့‌တွေကလည်း မဟုတ်‌စေရဘူး။ ခုနှစ်အဖွဲ့က ကျ‌နော်တို့ ‌ပြော‌ပြော‌နေတဲ့ တတ်သိပညာရှင်‌တွေဖြစ်တဲ့ ဖိတ်သင့်ဖိတ်ထိုက်တဲ့သူ‌တွေပါဝင်တယ်။
အဲဒီအဖွဲ့ (၇)ဖွဲ့က အစည်းအ‌ဝေး အစီအစဉ်အရ ပထမဆုံး ဒီ‌ခေါင်းစဉ်‌တွေရဲ့‌အောက်က ‌ခေါင်းစဉ်ကြီး (၅)ခုအ‌ပေါ်မှာ တစ်ဖွဲ့ချင်းစီအလိုက် တိုင်ပင်‌ဆွေး‌နွေးတယ်။ အမြင်‌တွေကို တင်ပြပြီးစုစည်းတယ်။ ‌ခေါင်းစဉ်(၅)ခုအတွက် အဖွဲ့တစ်ဖွဲ့ချင်းစီရဲ့ စုစည်းတင်ပြချက်‌တွေကို တစ်လှည့်ပြန် ‌ဆွေး‌နွေး၊ သုံးသပ်တယ်။ ‌ခေါင်းစဉ်‌တွေကို အဖွဲ့(၇)ဖွဲ့ရဲ့ကိုယ်စား စုစည်းပြီး ပြန်‌တွေ့ဆုံ ‌ဆွေး‌နွေးတယ်။ အားလုံးအမြင်‌တွေကို အဖွဲ့(၇)ဖွဲ့လုံး‌ပေါင်းပြီး တစ်ဖွဲ့တည်းအမြင်ဖြစ်‌အောင် စုစည်းတယ်။ တစ်ဖွဲ့ချင်းစီက (၅)ဖွဲ့ စလုံးရဲ့‌ခေါင်းစဉ်နဲ့ အမြင်‌တွေကို အဲဒီမှာ ပြန်လည်စုစည်းတယ်။ ကျ‌နော်တို့ ကရင်အမျိုးသားအစည်းအရုံးက အမြင်‌တွေ တင်ပြ တယ်။ တခြားအဖွဲ့‌တွေကလည်း သူတို့ရဲ့ အမြင်‌တွေကို တင်ပြကြတယ်။ အမြင်မှားတယ်၊ မှန်တယ်ဆိုတာ မရှိဘူး။ တင်ပြလာ ကြတဲ့အတိုင်း ကျ‌နော်တို့ အချက်အလက် ‌တွေကိုယူပြီး ‌ရှေ့ဆက် အ‌ဖြေရလဒ်‌တွေရရှိ‌အောင် လုပ်သွားမှာ ဖြစ်ပါတယ်။

‌မေး – အဲဒီလို ‌ဆွေး‌နွေးတဲ့အထဲမှာ ‌ကျေနပ်အားရစရာ‌တွေ ရရှိပါသလား။
လွန်ခဲ့တဲ့ အချိန်တုန်းက ကျ‌နော်တို့ အဖွဲ့အစည်းရဲ့ သ‌ဘောထား‌တွေကို လူအများအ‌ရှေ့မှာ၊ အမြင်မတူတဲ့ ရန်သူ‌တွေရဲ့‌ရှေ့မှာ ပွင့်ပွင့်လင်းလင်း ‌ပြောဆို‌ဆွေး‌နွေးတင်ပြဖို့ တစ်ခါမှ မရှိခဲ့ဖူးဘူး။ ဒါဟာ ပထမဆုံးအကြိမ်ပါပဲ။ စစ်ဘက်ဆိုင်ရာဘက်က အမြင်နဲ့ သူတို့ရဲ့ ရပ်တည်ချက် တင်ပြတယ်။ တိုင်းရင်းသားလက်နက်ကိုင်‌တွေဖက်ကလည်း သူတို့ရဲ့အမြင်၊ သ‌ဘောထား၊ ရပ်တည် ချက်နဲ့ နိုင်ငံ‌ရေး ရပ်တည်ချက်‌တွေကို တစ်ဖွဲ့ချင်းစီအလိုက် တင်ပြတယ်။ အဲဒါ‌တွေကို ကျ‌နော်တို့ ‌ဝေငှကြပြီး ‌ရှေ့ဆက် လုပ် ‌ဆောင်ဖို့အတွက် ရလဒ်‌ကောင်းမှာပါ။

‌မေး – အစည်းအ‌ဝေး ပထမ‌နေ့မှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်း‌အောင်လှိုင်က နိုင်ငံတစ်နိုင်ငံမှာ တပ်မ‌တော်တစ်ခုပဲ ရှိရမယ်လို့ တင်ပြခဲ့တယ်။ အဲဒီအ‌ပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
နိုင်ငံတစ်နိုင်ငံမှာ တပ်မ‌တော်တစ်ဖွဲ့ပဲ ရှိရမယ်ဆိုတာကို အသိအမှတ်ပြုတယ်။ တပ်မ‌တော်ကို‌တော့ လိုအပ်ချက်နဲ့ ဖွဲ့စည်းပုံ‌တွေ အရ တပ်မ‌တော်ဖွဲ့စည်းပုံအတိုင်း ရှိ‌စေမယ်။ နိုင်ငံတစ်နိုင်ငံမှာ တပ်မ‌တော်က တစ်ဖွဲ့၊ နှစ်ဖွဲ့၊ သုံးဖွဲ့၊ ‌လေးဖွဲ့ ‌လောက်ရှိမယ်ဆိုရင် အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး။ နိုင်ငံကို ကာကွယ်ဖို့အတွက် လက်နက်ကိုင်အဖွဲ့ဆိုတာ တစ်ဖွဲ့တည်းပဲ ရှိရမယ်။ လက်နက်ကိုင်အဖွဲ့ ကို လိုအပ်ချက်ရှိတဲ့အတိုင်း ‌ရေတပ်၊ ‌လေတပ်၊ ‌ခြေလျင်တပ် ဆိုပြီး ဘယ်လို‌တွေ ဖွဲ့စည်းတည်‌ဆောက်ကြမလဲ။ ပြီး‌တော့ စစ် အင်ဂျင်နီယာအဖွဲ့နဲ့ ‌ဆေးတပ်ဆိုတာ‌တွေလည်း အဲဒီ ပင်မတပ်မ‌တော်က‌နေ ခွဲကျပြီး ရှိလာလိမ့်မယ်။ တစ်ခုရှိတာက တပ်မ ‌တော်ကို ဘယ်လိုဖွဲ့စည်းတည်‌ဆောက်မလဲ။
များပြားတဲ့ ဖက်ဒရယ်ပြည်‌ထောင်စု နိုင်ငံ‌တွေမှာ သူတို့ရဲ့ တပ်မ‌တော်ကို ပုံစံအမျိုးမျိုးနဲ့ တည်‌ဆောက်ကြတယ်။ အလားတူ ဒီက‌နေ့ ကျ‌နော်တို့ရဲ့ နိုင်ငံအတွက် နိုင်ငံတပ်မ‌တော်ကို ကျ‌နော်တို့ လက်ခံတယ်။ ဒါ‌ပေမယ့် ဘယ်လိုပုံစံနဲ့ ဖွဲ့စည်း တည်‌ဆောက်မလဲဆိုတာကို‌တော့ ကျ‌နော်တို့ စဉ်းစားရမယ်။ သူတို့ရဲ့အမြင်က တပ်မ‌တော်တစ်ခုရဲ့ အမြင်အတိုင်း နိုင်ငံကို ‌စောင့်‌ရှောက်ဖို့အတွက်က မှန်လိမ့်မယ်။ ဒါ‌ပေမယ့် ကျ‌နော်တို့ဘက်မှာလည်း အ‌တွေ့အကြုံ‌တွေအရ ကျ‌နော်တို့ရဲ့ အမျိုးသား ‌တွေကိုဖြစ်‌စေ၊ တိုင်းပြည်ကိုဖြစ်‌စေ တာဝန်နှစ်ခု ရှိပါတယ်။ (၁)အချက်က တိုင်းပြည်တစ်ပြည်ကို ကာကွယ်ဖို့ တာဝန်ရှိသလို ကျ‌နော်တို့ရဲ့နယ်‌မြေနဲ့ အမျိုးသား‌တွေကို ကာကွယ်ဖို့အတွက် တာဝန်ရှိပါတယ်။ အဲဒီအ‌ပေါ်မှာ ကျ‌နော်တို့ရဲ့ တပ်မ‌တော်ကို ဘယ်လိုဖွဲ့စည်းတည်‌ဆောက်ကြမလဲဆိုတာ နိုင်ငံ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲထဲမှာ ဒီထက်ပိုပြီး ‌ပြောဆို‌ဆွေး‌နွေးရမှာ ဖြစ်ပါတယ်။

‌မေး – ဒီအစည်းအ‌ဝေးအတွင်းမှာ တိုင်းရင်းသားအဖွဲ့အားလုံး မပါဝင်တဲ့အ‌ပေါ် အမျိုးမျိုး ‌ဝေဖန်‌ပြောဆို‌နေကြတာကို ဘယ်လိုများ ‌ပြောကြားချင်ပါသလဲ။
ပစ်ခတ်ရပ်စဲ‌ရေးတိုက်ပွဲ‌တွေက ကိုယ့်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အ‌ပေါ်မှာပဲ မူတည်တယ်။ ကျ‌နော်တို့ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်‌တော်လှန်‌ရေး ဖြစ်‌ပေါ်လာတယ်ဆိုတာ တခြားသူ‌တွေက ကိုယ့်ကို စစ်တိုက်ပါလို့ လာ‌မြှောက်‌ပေးတဲ့အတွက် မဟုတ်ပါ ဘူး။ တခြားသူ‌တွေက အပစ်ရပ်ပါလို့ လာ‌မြှောက်ပင့်‌ပေးတာလည်း မဟုတ်ဘူး။ ဖိအား‌ပေးတာလည်း မဟုတ်ဘူး။ သူ့(‌တော် လှန်‌ရေး)ရဲ့အမြင်၊ သ‌ဘောထားအတိုင်း၊ သူ့ရဲ့ နိုင်ငံ‌ရေး ရည်မှန်းချက် အကျိုး‌ကျေးဇူးအတိုင်း သူ့အစီအစဉ်နဲ့သူ ရှိတယ်ဆိုတာ ကို ‌ပြောလို့ရတယ်။ ကျ‌နော်တို့ တိုင်းရင်းသားအဖွဲ့‌တွေနဲ့ လက်တွဲလုပ် ‌ဆောင်တယ်။ တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲ‌ရေးစာချုပ်မှာ ချမှတ်ထားတဲ့ အချက်အလက်ငယ်‌တွေကို တိုင်းရင်းသားလက်နက်ကိုင်‌တွေက အားလုံး လက်ခံကြတယ်။ ဒါ‌ပေမယ့် ယုံကြည်မှု ‌တွေနဲ့ ကြိုတင် ပြင်ဆင်မှု‌တွေက မပြည့်စုံ‌သေးတဲ့အတွက် လက်မှတ်ထိုးပြီး အ‌ကောင်အထည်‌ဖော်တဲ့ တိုင်းရင်းသားအဖွဲ့‌တွေ ရှိ‌နေသလို လက်မှတ်မထိုးတဲ့အဖွဲ့လည်း ရှိ‌သေးတယ်။
လက်မှတ်မထိုး‌သေးတဲ့ အဖွဲ့‌တွေကို ပြန်သုံးသပ်ရင် (၁)အဖွဲ့က NCA ကို လက်ခံတယ်။ ဒါ‌ပေမယ့် ကြိုတင်ပြင်ဆင်မှု ‌တွေ မပြည့်စုံ‌သေးဘူး။ အ‌ကြောင်းပြချက်က တိုင်းသူပြည်သား‌တွေကို အပြည့်အဝ နားလည်‌အောင် မလုပ်‌ဆောင်ရ‌သေးဘူး။ အချိန်အနည်းငယ် လိုအပ်ဦးမယ်။ စာချုပ်ကို ငြင်းဆန်တာ မဟုတ်ဘူး။ အချက်အလက်‌တွေကို အကုန်လုံး လက်ခံတယ်။ (၂)အဖွဲ့က မြန်မာပြည်က လက်နက်ကိုင်အဖွဲ့ အားလုံးမပါဝင်တဲ့အတွက် လက်မှတ်မထိုး‌သေးဘူး။ (၃)အဖွဲ့‌တွေက မဟာမိတ် ‌တွေနဲ့အတူတူ လက်တွဲခဲ့တဲ့အတွက် အဲဒီမဟာမိတ်‌တွေ လက်မှတ်မထိုးဘူးဆိုရင် မထိုး‌သေးဘူး။
တခြားအဖွဲ့‌တွေက လွန်ခဲ့တဲ့ အနှစ် (၂၀)‌ကျော်ကတည်းက လက်မှတ်ထိုးခဲ့ပြီးပြီ။ တိုက်ပွဲ‌တွေ တစ်ခါမှ မဖြစ်ပွားခဲ့ဖူး ‌သေးတဲ့အတွက် စာချုပ်ထဲမှာ လက်မှတ်ထိုးဖို့နဲ့ နိုင်ငံ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးစရာမလိုဘူး။ အ‌ခြေအ‌နေက သူတို့အားလုံး စာချုပ် ကို လက်ခံတယ်ဆိုတာ ဘာပဲဖြစ်ဖြစ် ‌ပြောဆို‌ဆွေး‌နွေးရမှာ‌တွေကို ပစ်ခတ်ရပ်စဲထားတဲ့အဖွဲ့‌တွေက အချက်အလက်‌တွေအ‌ပေါ် သင့်တင့်‌လျောက်ပတ်တဲ့ အားလုံးလက်ခံတဲ့ ဖက်ဒရယ်ပြည်‌ထောင်စုကို ‌ဆွေး‌နွေးမှာဖြစ်ပါတယ်။ စာချုပ်ထဲမှာက ဒီလိုပါတယ်။ ဒီမိုက‌ရေစီ ဖက်ဒရယ် ပြည်‌ထောင်စုကို တည်‌ဆောက်မယ်။ နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးပွဲအရ သ‌ဘောထားရလဒ်‌တွေအ‌ပေါ်မှာ မူတည်ပါတယ်။ ဆိုလိုချင်တာက အားလုံးက ပြည်‌ထောင်စုကို တည်‌ဆောက်ဖို့အတွက် သ‌ဘောထား ရှိကြပါတယ်။
ဒီစာချုပ်အတွက် လွန်ခဲ့တဲ့ ‌အောက်တိုဘာ ၁၅ရက်‌နေ့မှာ အဖွဲ့(၈)ဖွဲ့နဲ့ နိုင်ငံ‌တော်အစိုးရတို့ လက်မှတ်‌ရေးထိုးခဲ့ကြ တယ်။ နိုင်ငံ‌တော်အစိုးရ ကိုယ်စားလှယ်‌တွေမှာ နိုင်ငံ‌တော်သမ္မတနဲ့ ဒုသမ္မတ (၂)‌ယောက်၊ လွှတ်‌တော်သဘာပတိ (၂)‌ယောက်၊ တပ်မ‌တော် စစ်ဦးစီးချုပ်နဲ့ ဒုစစ်ဦးစီးချုပ်၊ တရားသူကြီးချုပ်စတဲ့ နိုင်ငံ‌တော်မှာ အာဏာအမြင့်ဆုံးရှိတဲ့သူ‌တွေက စာချုပ်ထဲမှာ လက်မှတ်‌ရေးထိုးခဲ့ကြတယ်။ တိုင်းရင်းသား(၈)ဖွဲ့ ထိပ်ပိုင်း‌ခေါင်း‌ဆောင်‌တွေကလည်း လက်မှတ်‌ရေးထိုးခဲ့ကြတယ်။ အဖွဲ့ရဲ့ စစ်ဦး စီးချုပ်‌တွေ လက်မှတ်‌ရေးထိုးတယ်။ အလားတူ ပြည်တွင်းပြည်ပ မျက်မြင်သက်‌သေ‌တွေထဲမှာဆိုရင်လည်း ကုလသမဂ္ဂမဟာမင်း ကြီးရုံး ကိုယ်စားလှယ်၊ တရုတ်နိုင်ငံ၊ အ‌နောက်နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံက ကိုယ်စားလှယ်‌တွေ ပါတယ်။ တာဝန်ခံ‌တွေနဲ့ မျက်မြင်သက်‌သေ‌တွေရဲ့ အ‌ရှေ့မှာ လက်မှတ်‌ရေးထိုးတာဖြစ်တဲ့အတွက် ဒီစာချုပ်က အခိုင်အမာဖြစ်တယ်ဆိုတာ ‌ပြောနိုင်တယ်။
အဲဒီထက်တဆင့် ဒီဇင်ဘာ ၈ရက်‌နေ့မှာ လွှတ်‌တော်ကို တင်ပြတယ်။ လွှတ်‌တော်ကလည်း အတည်ပြုတယ်။ တရားဝင် စာချုပ်ဖြစ်ပြီဆိုတာကို ‌ပြောလို့ရတယ်။ လက်ရှိနိုင်ငံ‌တော်အစိုးရက အ‌ကောင်အထည်‌ဖော်ရမှာ ဖြစ်သလို လာမယ့် အစိုးရက လည်း ဒီစာချုပ်ကို ဆက်လက် အ‌ကောင်အထည်‌ဖော်ရမှာ ဖြစ်ပါတယ်။ ဒါ‌ကြောင့် လက်မှတ်မထိုး‌သေးတဲ့ တိုင်းရင်းသားအဖွဲ့ ‌တွေအ‌နေနဲ့ ပြည်တွင်းငြိမ်းချမ်း‌ရေးကိုတည်‌ဆောက်ပြီး နိုင်ငံ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးဖို့ ပထမဆုံး ဒီစာချုပ်ကို လက်မှတ်‌ရေးထိုးရ မှာ ဖြစ်ပါတယ်။ အဲဒါကို အခုလက်ရှိတက်‌နေတဲ့ အစိုးရက တာဝန်ယူရမယ်။ ဒါ‌ပေမယ့်လည်း ‌ရွေး‌ကောက်ပွဲအနိုင်ရ နိုင်ငံ‌ရေး ပါတီ ဥက္ကဋ္ဌ(သဘာပတိ)ကလည်း လက်မှတ်ထိုးဖို့ ကျန်တဲ့တိုင်းရင်းသားအဖွဲ့‌တွေ ပါဝင်လာ‌အောင် ကြိုးစားလုပ်‌ဆောင်မယ်ဆ တာကို ‌ပြောခဲ့ဖူး တယ်။ ဒါ‌ကြောင့် အရာအားလုံးအတွက် လူ‌တွေရဲ့အမြင်တချို့ ရှိလိမ့်မယ်။

‌မေး – NCA နဲ့ပတ်သက်ပြီး တိုင်းရင်းသား(၈)ဖွဲ့ လက်မှတ်‌ရေးထိုးခဲ့တုန်းက လက်မှတ်မထိုးတဲ့အဖွဲ့‌တွေကို ထိုးစစ်နဲ့ ဖိအားမ‌ပေးဖို့ ‌တောင်းဆိုခဲ့တယ်။ အခု အဲဒီ‌တောင်းဆိုထားတဲ့အတိုင်း မဖြစ်လာဘူး။ ဒီအ‌ပေါ်မှာ ‌ရှေ့ဆက် လက်မှတ်ထိုးတဲ့ အဖွဲ့‌တွေအတွက် ဘယ်လို ဆက်လက်လုပ်‌ဆောင်ဖို့ ရှိပါသလဲ။
အစိုးရပဲဖြစ်ဖြစ်၊ လက်မှတ်ထိုးတဲ့ အဖွဲ့‌တွေပဲဖြစ်ဖြစ် ပူး‌ပေါင်းပါဝင်‌ဆောင်ရွက်ဖို့ လက်မှတ်မထိုး‌သေးတဲ့ အဖွဲ့‌တွေကို ကြိုးစား ဆက်သွယ်ခဲ့တယ်။ အခု ကျ‌နော်တို့ ‌တွေ့ဆုံ‌ဆွေး‌နွေး‌နေတဲ့ နိုင်ငံ‌ရေးလမ်း‌ကြောင်းက လူမျိုးတစ်မျိုးစီက‌နေ ‌တွေ့ဆုံ‌ဆွေး‌နွေးဖို့ မြန်မာ့နိုင်ငံ‌ရေးလမ်း‌ကြောင်းကို ဖွင့်ထားတဲ့ NCA နည်းလမ်းအရပဲ။ ဒါ‌ကြောင့် NCA နည်းလမ်းအရ ပြည်တွင်းငြိမ်းချမ်း‌ရေး တည် ‌ဆောက်ဖို့နဲ့ မဂင်္လာရှိတဲ့ အပစ်အခတ်ရပ်စဲဖို့နဲ့ လူမျိုး‌ရေးနဲ့ တခြားတိုင်းရင်းသား‌တွေတိုက်ပွဲ‌တွေကလည်း ဒီနည်းလမ်းအတိုင်းပဲ သွားရမှာပဲ။ ဒါ‌ပေမယ့် တိုင်းရင်းသားတစ်ဖွဲ့ချင်းစီရဲ့ ရပ်တည်ချက်၊ အာမခံချက်နဲ့ ဆုံးဖြတ်ချက်အ‌ပေါ်မှာ မူတည်ပါတယ်။ လက်မှတ်ထိုးပြီးချိန်မှာ ကျ‌နော်တို့‌ပြောတယ်။ သူတို့ကို ထိုးစစ်မဆင်ပါနဲ့။ သူတို့ကို အ‌ကြောင်းကြားတယ်။ ဒါ‌ပေမယ့် ပြဿနာ ‌တွေကို ကြည့်လိုက်တဲ့အခါမှာ မြန်မာပြည်က တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့‌တွေ ဖြစ်‌ပေါ်လာတဲ့ အ‌ခြေအ‌နေချင်း မတူညီကြ ဘူး။ ရည်မှန်းချက်‌တွေကလည်း အကုန်လုံး မတူညီကြဘူး။ ရည်မှန်းချက် အကျိုး‌ကျေးဇူး‌တွေကလည်း အကုန်လုံး မတူညီကြ ဘူး။ တည်‌ဆောက်ပုံချင်လည်း မတူညီကြဘူး။ တချို့အဖွဲ့အစည်း‌တွေက အများအားဖြင့် အမျိုးသား‌တော်လှန်‌ရေးအ‌ပေါ်မှာ ဖြစ် တည်‌ပေါ်လာတယ်။ နယ်‌မြေ‌ဒေသ‌ပေါ်မူတည်ပြီး‌တော့ လုပ်တာ‌တွေလည်း ရှိတယ်။
တိုက်ပွဲဖြစ်တယ်ဆိုတာ တစ်ဖက်တည်းက လုပ်တာ မဟုတ်ဘူး။ နှစ်ဖက်စလုံးရဲ့ အ‌ခြေအ‌နေ‌ပေါ်မှာ မူတည်ပြီး‌တော့ တိုက်ပွဲ‌တွေ ဖြစ်တယ်။ ဥပမာ ‌ပြောရမယ်ဆိုရင် ပစ်ခတ်ရပ်စဲပြီးတဲ့‌နောက်ပိုင်း လက်မှတ်မထိုးတဲ့ အဖွဲ့အစည်း‌တွေအတွင်းမှာ အဖွဲ့တချို့‌တွေမှာ တိုက်ပွဲမဖြစ်ဘူး။ တချို့အဖွဲ့‌တွေမှာ တိုက်ပွဲဖြစ်တယ်။ အထူးသဖြင့် ‌မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရ‌တွေကြားမှာ တိုက်ပွဲ‌တွေ ဖြစ်တယ်။ ‌အောက်ပိုင်းအဖွဲ့‌တွေမှာ‌တော့ တိုက်ပွဲလုံးဝ မရှိဘူးဆိုတာ ကျ‌နော်တို့‌ပြောနိုင်တယ်။ ဥပမာ-ကရင်နီ‌ဒေ သမှာ တိုက်ပွဲ‌တွေမရှိဘူး။ ဥပမာ-NMSP မွန်ပြည်သစ်ပါတီ‌ဒေသ‌တွေမှာဆိုရင်လည်း တိုက်ပွဲဆိုတာ‌တွေကို မကြားဖူးဘူး။ သူတို့ ‌တွေက သူတို့ရဲ့အဖွဲ့၊ အသိုင်းအဝိုင်းအတွင်းမှာ ‌နေထိုင်ပြီး သူတို့ရဲ့ လုပ်ငန်း‌ဆောင်တာ၊ ‌ဆောင်ရွက်စရာရှိတာ‌တွေကို တခြား အဖွဲ့‌တွေလို သွားလာ‌ဆောင်ရွက်တယ်။ တိုက်ပွဲ‌တွေ ဖြစ်‌ပေါ်တယ်ဆိုတဲ့ အဓိက အ‌ကြောင်းရင်းကို တစ်ဖက်က ပစ်ခတ်ရပ်စဲ ‌ရေး မလုပ်တဲ့အဖွဲ့‌တွေကို တိုက်တယ်လို့ ‌ပြောလို့ရတယ်။ ကျ‌နော်တို့မသိတဲ့ အပိုင်း‌တွေအ‌ပေါ်မှာ မူတည်ပြီး ပြဿနာ‌တွေ ရှိနိုင် တယ်။ ဒါ‌တွေကို ကျ‌နော်တို့ ‌သေချာ‌လေ့လာစုံစမ်းမှပဲ စီရင်ဆုံးဖြတ်‌ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။
DSC_0370
‌မေး – အစည်းအ‌ဝေးမှာ ‌ဒေါ်‌အောင်ဆန်းစုကြည်က စစ်မှန်တဲ့ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံဟာ အစိုးရသစ်တက်မှ ဖြစ်လာ မယ်ဆိုတဲ့အ‌ပေါ် ဘယ်လိုမြင်ပါသလဲ။
အခု ကွန်ဖရင့်က ပထမဦးဆုံးဖြစ်တယ်။ ကွန်ဖရင့်တစ်ခုကို တစ်ရက်ပဲလုပ်လုပ်၊ နှစ်ရက် သုံးရက်ပဲလုပ်လုပ် ကွန်ဖရင့်ပါပဲ။ တစ် ခုရှိတာက အခုလုပ်တဲ့ကွန်ဖရင့်က ‌ရှေ့ဆက် လုပ်‌ဆောင်ဖို့အတွက် အ‌ခြေခံကို ရရှိ‌စေရမယ်။ ဥပမာ- သတ်မှတ်ထားတဲ့ ရက် ‌ပေါင်း (၉၀)အတွင်း အခု ကွန်ဖရင့်ကို မစတင်ခဲ့ရဘူးဆိုရင်‌တောင်မှ ရက်‌ပေါင်း (၉၀)အတွင်းမှာ နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို စတင်ရမှာ ဖြစ်တယ်။ နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးပွဲမှာ အဆင့် (၂)ဆင့်လို့ ကျ‌နော်တို့‌ပြော‌နေတဲ့ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးကွန်ဖ ရင့်တဆင့်နဲ့ အမျိုးသားအဆင့် နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးမှုအဆင့် ဖြစ်မယ်။ ဒီနှစ်ဆင့်စလုံးကို နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးမှု ‌ခေါင်း စဉ်‌အောက်မှာပဲ ရှိ‌စေမယ်။ လုံးဝ မလုပ်ဖြစ်ဘူးဆိုရင် တက်လာမယ့် အစိုးရသစ်လက်ထက်မှာ ဘယ်အချိန်ပြုလုပ်မလဲ။ ဒါ‌ကြောင့် ဒီလိုပထမဦးဆုံး ကွန်ဖရင့်ကို ကျင်းပပြုလုပ်‌တော့ တက်လာမယ့် အစိုးရသစ်အတွက် အင်အား (ဒါမှမဟုတ်) အ‌ခြေခံ (အုတ်မြစ်)တစ်ခုပဲ ဖြစ်ပါလိမ့်မယ်။
ကွန်ဖရင့်က တကယ်အမှန်အကန်လား။ မမှန်ကန်ဘူးလား ဆိုတာက‌တော့ ‌ပြောတဲ့သူအ‌ပေါ်မှာပဲ မူတည်တယ်။ ဒါ‌ပေ မယ့် ဒီကွန်ဖရင့် ဖြစ်‌ပေါ်ဖို့အတွက် ကျ‌နော်တို့‌တောင်းဆိုခဲ့တာ လွန်ခဲ့တဲ့ အနှစ် (၆၀)‌ကျော်ကတည်းကပါ။ အခုမှ ကျင်းပလုပ် ‌ဆောင်ခဲ့ရတယ်။ အစိုးရဘက်ကဆိုရင်လည်း တိုင်းရင်းသား‌တွေကို ပစ်ခတ်ရပ်စဲ‌ရေးနဲ့ ပြည်တွင်းငြိမ်းချမ်း‌ရေးတည်‌ဆောက်ဖို့ ဖိတ်‌ခေါ်ခဲ့တာ (၂၀၁၁) ဩဂုတ်လကတည်းကပဲ။ ‌လေးနှစ်ကြာတဲ့အချိန်မှ အ‌ကောင်အထည်‌ဖော်နိုင်ခဲ့တယ်။ ‌နောက်ကျတယ် လို့ ‌ပြောလို့မရသလို ‌စောတယ်လို့လည်း ‌ပြောလို့ မရပါဘူး။ နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးဖို့အချိန် ဘယ်နှနှစ်ကြာမလဲဆိုတာ မ‌ပြော နိုင်ဘူး။ တချို့ကျ‌တော့ မြန်မြန်ပြီး‌စေချင်တယ်။ မြန်မြန်ပြီးဖို့က ‌ဆွေး‌နွေးရဦးမယ်။ ယုံကြည်မှု တည်‌ဆောက်ရဦးမယ်။ တိကျ ‌သေချာတဲ့ နည်းလမ်း‌တွေကို ရှာရဦးမယ်။

‌မေး – NLD က အစိုးရက တက်မယ်ဆို‌တော့ ‌ကေအဲန်ယူပဲဖြစ်ဖြစ်၊ လက်မှတ်ထိုးတဲ့ တိုင်းရင်းသား (၈)ဖွဲ့ပဲ ဖြစ်ဖြစ် အစိုးရသစ်နဲ့ ဘယ်လို လက်တွဲလုပ်‌ဆောင်သွားမလဲ။
ကျ‌နော်တို့က လက်နက်ကိုင် နိုင်ငံ‌ရေးအဖွဲ့ဖြစ်ပြီး လက်နက်ကိုင်တာ နှစ်သက်လို့ ကိုင်တာ မဟုတ်ဘူး။ အ‌ခြေအ‌နေအ‌ပေါ်မှာ မူတည်ပြီး နိုင်ငံ‌ရေးရပ်တည်ချက်‌တွေကို ကာကွယ်ဖို့ ကျ‌နော်တို့ လူမျိုး‌တွေက နိုင်ငံ‌ရေး ရည်မှန်းချက်အတွက် လက်နက်ကိုင် ‌ဆောင်ရခြင်း ဖြစ်ပါတယ်။ ကျ‌နော်တို့ ‌တွေ့ဆုံ‌ဆွေး‌နွေးခြင်းကို အခုအစိုးရ လက်ထက်မှာမှ ‌တောင်းဆိုခဲ့တာ မဟုတ်ဘူး။ မြန်မာ ပြည် လွတ်လပ်‌ရေးရချိန်ကစလို့ အစိုးရ အဆက်ဆက်ဆီမှာ နိုင်ငံ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးကြမယ်။ ယခင်အစိုးရ‌တွေက မြန်မာ ပြည်က ပဋိပက္ခ‌တွေကို ညှိနှိုင်း‌ဖြေရှင်းဖို့ နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး အ‌ဖြေတစ်ခုကို လက်မခံကြဘူး။ အများအားဖြင့် သူတို့ ‌တွေ‌ပြောတာက အပစ်ခတ်ရပ်စဲ‌ရေးလုပ်ပါ။ ငြိမ်းချမ်း‌ရေးယူပါ။ ဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ပါ။ ဒါ‌ကြောင့် နှစ်‌ပေါင်း (၆၀)‌ကျော်အ တွင်းမှာ ကရင်အမျိုးသားအစည်းအရုံးက အပစ်အခတ်ရပ်စဲ‌ရေး တခါမှ မလုပ်ခဲ့ဘူး။ ၁၉၄၉ကစပြီး ၂၀၁၂ခုနှစ်အတွင်း ‌ကေ အဲန်ယူက ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တယ်။ နိုင်ငံ‌ရေးရည်မှန်းချက်‌အောက်မှာပဲ ရပ်တည်ရှင်သန်ခဲ့တယ်။
၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်‌နေ့မှာ အစိုးရနဲ့ ပဏာမ ပစ်ခတ်ရပ်စဲ‌ရေးကို အရင် လုပ်ခဲ့တယ်။ အဲဒီကာလအတွင်း ကြိုးစား‌ဆွေး‌နွေးရင်း ‌နောက်ပိုင်းမှ နိုင်ငံ‌ရေးဆက်‌ဆွေး‌နွေးမယ်ဆိုတဲ့ အာမခံချက်ပါဝင်တဲ့ အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူစာ ချုပ်ကို် ရရှိခဲ့တယ်။ နိုင်ငံ‌ရေး ဆက်‌ဆွေး‌နွေးမယ်ဆိုတဲ့ အာမခံချက်ရှိတဲ့အတွက် ကျ‌နော်တို့ ‌ကေအဲန်ယူ လက်မှတ်ထိုးဖို့ ဆုံး ဖြတ်ခဲ့ကြတယ်။ ကျ‌နော်တို့ လက်မှတ်‌ရေးထိုးတာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးပါပဲ။ ကျ‌နော်တို့ရဲ့အမျိုးသား‌ရေးကို ‌ပြော ဆို‌ဆွေး‌နွေးဖို့ ဘယ်အစိုးရအဖွဲ့ဘဲဖြစ်ဖြစ် ပူး‌ပေါင်းလုပ်‌ဆောင်မယ်။ ဦးသိန်းစိန်တက်လာလို့ ‌ဆွေး‌နွေးမယ်ဆိုရင် ကျ‌နော်တို့‌ဆွေး ‌နွေးမယ်။ NLD ပါတီ တက်လာလည်း ကျ‌နော်တို့ ‌ဆွေး‌နွေးမှာပဲ။ ဒါ‌ကြောင့်မို့ ကျ‌နော်တို့ ပူး‌ပေါင်း‌ဆောင်ရွက်ရမယ်။ မြန်မာပြည် ငြိမ်းချမ်း‌ရေးနဲ့ မြန်မာပြည်‌ရေးရာ‌တွေ အားလုံးဟာ ကျ‌နော်တို့ တိုင်းရင်းသားအားလုံးနဲ့ ဆိုင်ပါတယ်။ ကျ‌နော်တို့က လူမျိုးတစ် မျိုးဖြစ်တဲ့အတွက် ကျ‌နော်တို့ အ‌ဖြေရှာရမှာဖြစ်ပါတယ်။

‌မေး – ‌နောက်တစ်ကြိမ် အစည်းအ‌ဝေး ကွန်ဖရင့်အတွက် ဘယ်လို ဆုံးဖြတ်ချက်မျိုး ရှိပါသလဲ။
အစည်းအ‌ဝေးထဲမှာ အတည်ပြုဖို့ကိုပဲ ဆုံးဖြတ်ချက် ရှိခဲ့တယ်။ ကျ‌နော်တို့ နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး မူ‌ဘောင်အထဲမှာ ပြန် ကြည့်မယ်ဆိုရင် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံကို ‌လေးလတစ်ခါ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒီအတိုင်းဆိုရင် အခု ဇန်နဝါရီ လအတွင်းမှာ လုပ်တယ်ဆို‌တော့ ‌နောက်ထပ် ‌မေလမှာ ပြန်လုပ်ရမှာ ဖြစ်ပါတယ်။ အခုတက်လာမယ့် အစိုးရသစ်က ဧပြီ ၁ရက် ‌နေ့မှာ တာဝန်စတင်ယူမှာ ဖြစ်ပါတယ်။ အဲဒီရက်‌နေ့ကစပြီး ကြိုတင်ပြင်ဆင်စရာ ရှိတာ‌တွေကို ပြင်ဆင်ရမယ်။ ချမှတ်စရာရှိတာ ‌တွေကို ချမှတ်ပြင်ဆင်ဖို့ ဘယ်အချိန်မှာ အဆင်သင့် ဖြစ်မလဲဆိုတာ မသိ‌သေးဘူး။ ဒါ‌ပေမယ့် လွန်ခဲ့တဲ့ ကွန်ဖရင့်က ဆုံးဖြတ် ထားတာက ‌နောက်တစ်ကြိမ် ကွန်ဖရင့်ကို တတ်နိုင်သမျှ မြန်နိုင်သမျှမြန်‌အောင် လုပ်ရမှာဖြစ်ပါတယ်။
တကယ်တမ်းကျ‌တော့ ‌လေးလတစ်ကြိမ် ဖြစ်‌မြောက်ဖို့အတွက် ‌ရေးဆွဲထားတယ်။ ဒါ‌ပေမယ့် အစိုးရသစ်အတွက် ဒီ ကွန်ဖရင့်ကို ပြုလုပ်ဖို့ ဖိအား‌တွေ မဖြစ်ရ‌အောင်ဆိုပြီး မြန်နိုင်သမျှမြန်‌အောင် ပြုလုပ်ဖို့အဆိုကို တင်သွင်းခြင်းဖြစ်ပါတယ်။ ဒီအ စည်းအ‌ဝေးက မြန်နိုင်သမျှကိုပဲ အတည်ပြုထားတယ်။ ‌ပြောရမယ်ဆိုရင်‌တော့ ဒီ‌တောင်းဆိုချက်ကို တက်လာမယ့် အစိုးရသစ် က သတိပြုမိဖို့အတွက် ဖြစ်ပါတယ်။ သူတို့(အစိုးရ)သစ် ဘယ်အချိန်မှာ ပြုလုပ်မလဲ မသိ‌သေး‌ပေမယ့် ကျ‌နော်တို့တ‌တွေ အခု ဒီကွန်ဖရင့် ပြီးသွားတာနဲ့အမျှ အရာအားလုံး တဖြည်းဖြည်း ယိုယွင်း‌ပျောက်ကွယ်သွားသလို မဖြစ်ဖို့ ကျ‌နော်တို့ ဘယ်လို‌တောင်း ဆိုမလဲ‌ပေါ့‌နော်။