Home သတင်း ဝင်း‌ရော်‌ဒေသ ရိုးရာ‌ကောက်သစ်စားပွဲ အစဉ်အလာမပျက် ကျင်းပ

ဝင်း‌ရော်‌ဒေသ ရိုးရာ‌ကောက်သစ်စားပွဲ အစဉ်အလာမပျက် ကျင်းပ

2539

ဇန်နဝါရီ ၂၆ရက်။ ၂၀၁၆ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသ၌ (၂၆)ကြိမ်‌မြောက် ကရင်ရိုးရာ‌ကောက်သစ်စားပွဲ အစီအစဉ်တစ်ရပ်ကို က‌မော့ဝမ်း‌ကျေးရွာ သိမ်ကွင်းတွင် ဇန်နဝါရီ ၂၄ ရက်‌နေ့က ရိုးရာအစဉ်အလာမပျက် ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ ‌ကောက်သစ်စားပွဲကို က‌မော့ဝမ်းရွာနှင့် ဒိုင်လွတ်ရွာတို့ ဦး‌ဆောင်ကျင်းပခြင်းဖြစ်ပြီး ဝင်း‌ရော်မှ သံဃာ‌တော်များ၊ ယဉ်‌ကျေးမှုအဖွဲ့ဝင်များ၊ ခလယ်-တံခွန်တိုင်၊ ‌တောင်ဒီး၊ ‌နော်တဝယ်၊ ကျုံခဝန်နှင့် ထီမံထို စသည့်‌ကျေးရွာ ၂၀‌ကျော်မှ ရွာသား ၃၀ဝ ‌ကျော် တက်‌ရောက်ဆင်နွှဲခဲ့ကြသည်။

ဦး‌ဆောင်စီစဉ်သူ မန်းခင်လှိုင်က “တစ်နှစ်တာ ကာလပတ်လုံး လယ်၊ ‌တောင်ယာ၊ ခြံ စိုက်ပျိုးပြီး ဖြစ်ထွန်း ‌အောင်မြင်တဲ့ သီးနှံ‌တွေကို ‌ကျေးဇူးရှင် စပါး‌စောင့်နတ် ဖီ့ဘူး‌ယော်ကို တိုင်တည်ပြီး ‌ကျေးဇူးဆပ်တဲ့အ‌နေနဲ့ ဦးဦးဖျားဖျား ‌ကျွေးတယ်။ ‌ရှေးဘိုးဘွား‌တွေ ချန်ထားခဲ့တဲ့ ဒီရိုးရာယဉ်‌ကျေးမှု‌တွေ ‌ပျောက်ကွယ်သွားမှာစိုးလို့ လက်ဆင့်ကမ်း လုပ်‌ဆောင်လာခဲ့တာဖြစ်ပါတယ်״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ရိုးရာအစဉ်အလာအရ ‌ကောက်သစ်စားပွဲကို တစ်နှစ်တစ်ခါ ပြုလုပ်ခြင်းအားဖြင့် မိမိတို့လယ်ယာလုပ်ငန်း များ ဖြစ်ထွန်း‌အောင်မြင်ပြီး ‌ရောဂါဘယကင်း‌ဝေးခြင်း၊ ‌ဘေးရန်ကင်းခြင်းနှင့် အစားအစာများ ‌ပေါကြွယ်ဝခြင်းများ ဖြစ်‌စေသည်ဟု ယုံကြည်‌ကြောင်းလည်း မန်းခင်လှိုင်က ဆက်‌ပြောသည်။

ယင်း‌ကောက်သစ်စားပွဲတွင် ပွဲမတိုင်မီ ဇန်နဝါရီ ၂၃ရက်‌နေ့၊ ညပိုင်းတွင် ကြာအင်းဆိပ်ကြီး၊ ကျိုက်မ‌ရော မြို့နယ်အတွင်းရှိ ယဉ်‌ကျေးမှုဒုံးအဖွဲ့(၁၄)ဖွဲ့က သွား‌ရောက်‌ဖျော်‌ဖြေခဲ့ကြပြီး ‌နောက်‌နေ့ နံနက် ၇နာရီတွင် ‌ကောက်သစ်စားပွဲအစီအစဉ်ကို စတင်ခဲ့ကြခြင်းဖြစ်သည်။
12648051_1501105230197670_1689787866_n
ပွဲတွင် သံဃာ‌တော်များ၏ ဩဝါဒကို ခံယူကန်‌တော့ခြင်း၊ ‌ကောက်သစ်စားပွဲ ဖြစ်‌ပေါ်လာပုံ စာတမ်း ဖတ်ကြားခြင်းနှင့် ပိန်းဥ၊ မျှစ်ချဉ်နှင့် ခရုတို့ဖြင့် ‌ပေါင်းချက်ထား‌သော ရိုးရာဟင်းတို့ကို ဧည့်ခံ‌ကျွေး‌မွေးခြင်း စသည့် အစီအစဉ်ပြီး‌နောက် အတူတကွ ‌ကောက်သစ်စားခဲ့ကြသည်။

‌ကောက်သစ်စားပွဲ တက်‌ရောက်သည့် ခလယ်ရွာမှ လူငယ်တစ်ဦးဖြစ်သူ ‌စောရှား‌ဖောင်က “‌ကောက်သစ်စား ပွဲဆိုတာ ကရင်သက္ကရာဇ်နဲ့ သက်ဆိုင်တဲ့ ဓ‌လေ့တစ်ခုပါ။ နှစ်သစ်ကူးတဲ့ ဒီအချိန်မျိုးမှာ ‌ကောက်သစ်စားပွဲ အမီ ဦးဦးဖျားဖျားကို ယူ‌ကျွေးစားသုံးကြတယ်။ အချို့က ပွဲနဲ့ လုပ်တာရှိသလို၊ တစ်အိမ် တစ်စုနဲ့ လုပ်တာလည်း ရှိတယ်။ ဓ‌လေ့ရိုးရာတစ်ခုဖြစ်တာမို့ နှစ်စဉ်နှစ်တိုင်း လုပ်‌စေချင်တယ်״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသတွင် ယခင်နှစ်က (၂၅)ကြိမ်‌မြောက် ‌ကောက်သစ်စားပွဲကို က‌မော့ဝမ်းရွာ၌ ပြုလုပ်ကျင်းပခဲ့သည်။