Home သတင်း ‌ဘေးလွတ်ရာ ‌ရှောင်ရှားကြရန် ‌ဒေသခံများအား DKBA အသိ‌ပေး

‌ဘေးလွတ်ရာ ‌ရှောင်ရှားကြရန် ‌ဒေသခံများအား DKBA အသိ‌ပေး

2263

ဇန်နဝါရီ ၂၆ ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ် ‌ကောင်းမှု‌ကျေးရွာအနီး မကြာ‌သေးမီ ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအပြီး တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် DKBA က ‌ဒေသခံများအား ‌ဘေးလွတ်ရာသို့ ‌ရှောင်ရှားကြရန် ဇန်နဝါရီ ၂၅ ရက်‌နေ့ ရက်စွဲဖြင့် အသိ‌ပေး စာတစ်‌စောင်ထုတ်ပြန်‌ကြေညာလိုက်သည်။

ဇန်နဝါရီ ၂၃ ရက်‌နေ့က နယ်ခြား‌စောင့်တပ်-BGF တပ်ရင်း(၁၀၁၇)နှင့် အသစ်ပြန်လည်ဖွဲ့စည်း လိုက်သည့် DKBAတို့ ‌ကောင်းမှု‌ကျေးရွာအနီး ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး‌နောက် အစိုးရဘက်မှ စစ်‌ရေးအရ ဆက်လက်တိုးမြှင့်လုပ်‌ဆောင်လာပါက တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင်သည့်အတွက် ယခုလို ထုတ်ပြန်ခြင်းဖြစ်‌ကြောင်း DKBA ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က ‌ပြောသည်။

“အခု ထွက်‌ပေါ်လာတဲ့ လက်‌ရေးမူထုတ်ပြန်ချက်က အစစ်အမှန် ဖြစ်ပါတယ်။ ကျ‌နော်တို့က‌တော့ အသင့်အ‌နေအထား‌ပေါ့။ သူတို့ဘက်က ဆက်ပြီးလိုက်ရင် တိုက်ပွဲဆက်ဖြစ်နိုင်တယ်။ အဲဒါ‌ကြောင့် ‌ဒေသခံ‌တွေ ထိခိုက်မှုမရှိ‌အောင် အခုလို ထုတ်ပြန်လိုက်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ယင်းပစ်ခတ်မှုဖြစ်ပွားပြီး‌နောက် မြန်မာအစိုးရစစ်တပ်၏ စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၁၂) လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း-ခမရ (၅၄၇)၊ (၅၄၈)၊ (၅၄၉)၊ (၂၃၀)၊ (၂၃၁)နှင့် နယ်ခြား‌စောင့် တပ်-BGF တပ်ရင်း(၁၀၁၆)၊ (၁၀၁၇)တို့အ‌နေဖြင့် နို့လား၊ ပျားပင်၊ ‌ကောင်းမှု၊ ရန်ကုတ်၊ မိဖာလယ်၊ ‌နောင်ကိုင်း စသည့်‌ကျေးရွာများတွင် အင်အားဖြည့်တင်း‌နေရာယူထားမှုများရှိ‌ကြောင်း DKBA၏ ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

DKBA ၏ ထုတ်ပြန်ချက်အ‌ပေါ် နယ်ခြား‌စောင့်တပ်-BGF မှ အမည်မ‌ဖော်လိုသူ အရာရှိကြီး တစ်ဦးက “နယ်ခြား‌စောင့်တပ်ဖွဲ့အ‌ပေါ် အခုလို ထပ်မံ ရန်စတိုက်ခိုက်လာပါက ပြတ်ပြတ်သားသား ‌ချေမှုန်းရ‌တော့မယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ဇန်နဝါရီ ၂၃ရက်‌နေ့က တစ်နာရီနီးပါး ဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုတွင် BGF မှ (၂)ဦး ဒဏ်ရာရရှိသည်ဟု DKBAဘက်မှ သတင်းထုတ်ပြန်ထား‌သော်လည်း ၎င်း‌ပြောဆိုချက်မှာ မဟုတ်မှန်ဘဲ စစ်ကားတစ်စီးသာ RPG အစ ထိမှန်‌ကြောင်း အဆိုပါ BGF အရာရှိက ‌ပြောသည်။

လက်ရှိ ‌ကောင်းမှု‌ကျေးရွာတွင် အစိုးရတပ်နှင့် BGF တပ်တို့‌နေရာယူထားပြီး လုံခြုံ‌ရေးအရ တင်းကြပ်မှုများရှိ‌သော်လည်း အ‌ခြေအ‌နေ ‌အေး‌ဆေးငြိမ်သက်လျှက်ပင်ရှိ‌နေ‌ကြောင်း ‌ကျေးရွာ‌ဒေသခံများက ဆိုသည်။

‌ဒေသခံတစ်ဦးဖြစ်သူ ဦး‌အောင်တင်က ပျားပင်‌ကျေးရွာ ကရင်အ‌ခေါ်(တ‌နေမူး)‌ကျေးရွာတွင် အစိုးရတပ်နှင့် BGF တပ်တို့ ရှိ‌နေပြီး ဇန်နဝါရီ ၂၅ရက်‌နေ့က ထွက်‌ပေါ်လာသည့် ‌ကျေးရွာ မီးရှို့ခံရသည့် သတင်းမှာလည်း မဟုတ်မှန်‌ကြောင်းနှင့် ‌ရော်ဘာခြံအမှိုက်များကို မီးရှို့ခင်းသာ ဖြစ်‌ကြောင်း အတည်ပြု‌ပြောဆိုသည်။

ယ‌နေ့ ဇန်နဝါရီ ၂၆ရက်‌နေ့၊ မွန်းလွဲ ၁ နာရီ‌ကျော်အချိန်တွင် ‌ကော့ကရိတ်မြို့ အ‌ခြေစိုက် ခလရ (၉၇)မှ လက်နက်ကြီး ပစ်ခတ်မှုများရှိ‌နေ‌ကြောင်း ‌ကော့ကရိတ်မြို့ခံတစ်ဦးက ‌ပြောဆိုသည်။

တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(DKBA)ကို ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA)မှ ထုတ်ပယ်ခံထားရသည့် တပ်မှူးများ ပူး‌ပေါင်း၍ ယခုလ ဇန်နဝါရီ ၁၆ ရက်‌နေ့က အသစ်ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။