Home သတင်း ဗိုလ်မှူးချုပ်‌စော‌ကျော်သက်နှင့် ဗိုလ်မှူးကြီး‌စောဆန်း‌အောင်တို့ကို ဒီ‌ကေဘီ‌အေက အပြီးထုတ်ပယ်

ဗိုလ်မှူးချုပ်‌စော‌ကျော်သက်နှင့် ဗိုလ်မှူးကြီး‌စောဆန်း‌အောင်တို့ကို ဒီ‌ကေဘီ‌အေက အပြီးထုတ်ပယ်

2275

ဇူလိုင် ၂၂ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ကလိုထူး‌ဘော စစ်ဋ္ဌာနချုပ် ဒီ‌ကေဘီ‌အေ လက်‌အောက်ခံ ကလိုထူးဝါ စစ်ကွပ်ကဲ‌ရေးမှ စစ်ကွပ်ကဲ‌ရေးမှူး ဗိုလ်မှူးချုပ် ‌စော‌ကျော် သက်နှင့် ဗိုလ်မှူးကြီး‌စောဆန်း‌အောင်တို့အား အဖွဲ့ဝင်အဖြစ်မှ အပြီးအပိုင် ထုတ်ပယ်လိုက်‌ကြောင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော လားပွယ်၏ ကိုယ်စားထိုးထားသည့်လက်မှတ်ဖြင့် ဇူလိုင်လ ၂၁ရက်က ‌ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဒီ‌ကေဘီ‌အေ မြဝတီဆက်ဆံ‌ရေးရုံးတာဝန်ခံ ဗိုလ်ကြီး‌စောစိုးမြင့်က ̏ဋ္ဌာနချုပ်မှာထိုင်တဲ့ ကျ‌နော် အီးစီက လူကြီး‌တွေ အစည်းအ ‌ဝေးထိုင်ပြီး ဆုံးဖြတ်ချတယ်။ ဆုံးဖြတ်ချက်ကို အဖိုး(‌စောလားပွယ်)ဆီကို တင်ပြပြီး‌တော့ အဖိုးကလည်း ဆုံးဖြတ်ချက်အတိုင်းပဲ ‌ဆောင်ရွက်ဖို့ ညွှန်ကြားလိုက်တယ်။ ဒါက ဖြစ်စဉ်အ‌ပေါ် အကျိုးအ‌ကြောင်းချက်ကို အ‌ခြေခံပြီး ထုတ်ပယ်တာဖြစ်တယ်״ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

ဇူလိုင်လ ၂ရက်‌နေ့မှစ၍ အာရှလမ်း‌ပေါ်နှင့် အနီးတဝိုက်တွင် ဗိုလ်မှူးချုပ်‌စော‌ကျော်သက်နှင့် ဗိုလ်မှူးကြီး‌စောဆန်း‌အောင်တို့ ဦးစီး သည့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့နှင့် အစိုးရတပ်ဖွဲ့တို့အကြား ရက်အတန်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး‌နောက် ယခုလို ဒီ‌ကေဘီ‌အေဘက်မှ ထုတ်ပြန်ချက်ဖြင့် ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

ယခုကိစ္စအ‌ပေါ် ကရင်လက်နက်ကိုင် စည်းလုံးညီညွတ်‌ရေး‌ကော်မတီမှ ဗိုလ်မှူးကြီး‌စော‌ဖောဒိုက̏ ကျ‌နော့်အထင်‌တော့ မ‌နေ့က မူးယစ်‌ဆေးဝါး သိမ်းဆည်းရမိတဲ့ကိစ္စ ပတ်သက်မယ်ထင်တယ်။ စစချင်း‌တော့ လမ်း‌ကြောင်းကို အ‌နှောက်အယှက်‌ပေးတဲ့အ တွက် သူတို့ကို သွားတိုက်တာဖြစ်တယ်။ ‌နောက်‌တော့ သူတို့‌တွေ မူးယစ်‌ဆေး ထုတ်လုပ် ‌ရောင်းချတဲ့သူ‌တွေ ဖြစ်သွားတယ်။ အဲဒီကိစ္စနဲ့ ဆက်စပ်မယ်ထင်တယ်״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဗိုလ်မှူးချုပ်‌စော‌ကျော်သက်နှင့် ဗိုလ်မှူးကြီး‌စောဆန်း‌အောင်တို့အား ဒီ‌ကေဘီ‌အေမှ အပြီးပိုင် ထုတ်ပယ်‌ကြောင်း အမိန့်ပြန်တမ်း စာကို အစိုးရ၏ အ‌ရှေ့‌တောင်တိုင်း တိုင်းမှူး၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ စစ်ဆင်‌ရေးကွပ်ကဲမှုဋ္ဌာနချုပ်(စကခ-၁၂) လက်‌အောက် ခံတပ်ရင်းများ၊ သက်ဆိုင်ရာ အစိုးရဋ္ဌာနဆိုင်ရာများ၊ ကရင်အမျိုးသားအစည်းအရုံး(KNU) စစ်ဦးစီးချုပ်၊ KNU/KNLA-PC စစ်ဦးစီး ချုပ်တို့အပြင် သက်ဆိုင်ရာ ဒီ‌ကေဘီ‌အေ တပ်ရင်းတပ်ဖွဲ့များထံသို့လည်း မိတ္တူများ အသီးသီး‌ပေးပို့ခဲ့‌ကြောင်း ‌ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၄ခုနှစ် စက်တင်ဘာလတုန်းကလည်း မွန်ပြည်နယ်၊ ကျိုက်မ‌ရောမြို့နယ်၌ အစိုးရတပ်ဖွဲ့နှင့် ပစ်ခတ်မှု ဖြစ်ပွား သည့်ကိစ္စနှင့် ပတ်သက်၍ ဋ္ဌာနချုပ်ကို လာ‌ရောက်ရှင်းလင်းမှု မလုပ်‌ဆောင်သည့်အတွက်ဆိုကာ ဗိုလ်မှူးကြီး‌စောဆန်း‌အောင် အား ဒီ‌ကေဘီ‌အေက ရာထူးမှ ထုတ်ပယ်ခဲ့ဖူးသည်။