Home သတင်း အနှစ်(၂၀)ပြည့် DKBA ‌နေ့ နှင့် ကရင်နှစ်သစ်ကူး‌နေ့ ပူးတွဲကျင်းပမည်

အနှစ်(၂၀)ပြည့် DKBA ‌နေ့ နှင့် ကရင်နှစ်သစ်ကူး‌နေ့ ပူးတွဲကျင်းပမည်

2560

နိုဝင်ဘာ ၁၉ ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်း‌ရှောင်း

လာမည့် ဒီဇင်ဘာ ၂၁ ရက်‌နေ့၌ ကျ‌ရောက်မည့် ကရင်သက္ကရာဇ် ၂၇၅၄ ခုနှစ်၊ ကရင်နှစ်သစ်ကူး‌နေ့ကို ဒီမို က‌ရေစီအကျိုးပြုကရင်တပ်မ‌တော်(DKBA) ဖွဲ့စည်းခြင်း အနှစ်(၂၀)ပြည့် အထိမ်းအမှတ်နှင့်အတူ DKBA ဌာန ချုပ်တည်ရှိရာ ဆုံဆည်းမြိုင်တွင် ပူးတွဲအခမ်းအနား ကျင်းပသွားမည်ဖြစ်သည်ဟု သိရသည်။

DKBA ၏ ကလိုထူး‌ဘော စစ်ဦးစီးချုပ်ရုံးမှ ဗိုလ်မှူး‌စောထွန်းထွန်းက “ဒီနှစ်က‌တော့ DKBA ‌နေ့အခမ်းအနားနဲ့ ကရင်နှစ်သစ်ကူး‌နေ့က တရက်တည်းကျ‌ရောက်တယ်ဆို‌တော့ ပူးတွဲလုပ်မယ်။ ဘယ်လိုလုပ်မယ်ဆိုတာ က‌တော့ အ‌သေးစိတ် ‌ဆွေး‌နွေးထားတာ‌တော့ မရှိ‌သေးဘူး။ ‌သေချာတာက‌တော့ စစ်‌ရေးပြအခမ်းအနား ပါမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် စစ်‌ရေးပြအခမ်းအနားအတွက် စတင်ပြင်ဆင်‌လေ့ကျင့်‌နေပြီဖြစ်ပြီး အခမ်းအနား နှစ်ခုပူးတွဲကျင်းပရန် အတွက် အ‌သေးစိတ်အစီအစဉ်များကို နိုဝင်ဘာလကုန်တွင် အစည်းအ‌ဝေး‌ခေါ်ယူကာ စီစဉ်သွားမည် ဖြစ်‌ကြောင်း ဗိုလ်မှူး‌စောထွန်းထွန်းက ဆက်‌ပြောသည်။

DKBA သည် ပြီးခဲ့သည့် ၁၉၉၄ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး(KNU)ခွဲထွက်၍ အဖွဲ့အစည်း တည်‌ထောင်ခဲ့သည့် ‌နေ့ကို အခမ်းအနားအဖြစ် နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ်မှာမူ ကရင်နှစ်သစ်ကူး‌နေ့နှင့် ပထမဆုံးအကြိမ် ‌နေ့ရက်ထပ်တူ ကျ‌ရောက်ခြင်းဖြစ်‌ကြောင်း သိရသည်။

မြန်မာလအားဖြင့် နှစ်စဉ် ပြာသိုလဆန်း ၁ရက်‌နေ့၌ ကျ‌ရောက်‌သော ကရင်‌နေ့ထူး‌နေ့မြတ်ဖြစ်သည့် ကရင် နှစ်သစ်ကူး‌နေ့သည် ယခုနှစ်အတွက် ဒီဇင်ဘာ ၂၁ ရက်‌နေ့တွင် ကျ‌ရောက်မည်ဖြစ်ပြီး ၂၀၁၃ခုနှစ်က ဇန်နဝါရီ ၁ရက်‌နေ့တွင် ကျ‌ရောက်ခဲ့သည်။

ယခင်နှစ်က ကျ‌ရောက်‌သော ၂၇၅၃ခုနှစ်၊ ကရင်‌နေ့‌သေစ်ကူး‌နေ့ကို ပြည်တွင်းပြည်ပနှင့် နယ်စပ်‌ဒေသများတွင် အ‌ခြေစိုက် ‌နေထိုင်ကြ‌သော ကရင်တိုင်းရင်းသားများက ဂုဏ်ပြုအခမ်းအနားများ ကျင်းပခဲ့သလို DKBA လည်း ၎င်းတို့၏ ဌာနချုပ် ဆုံဆည်းမြိုင်တွင် ပြုလုပ်ကျင်းပခဲ့သည်။