Home သတင်း သ‌ဘောတူညီမှုမရသည့် အချက်များကို NCCT နှင့် အစိုးရ နှစ်ဖက်အလုပ်အဖွဲ့ဖွဲ့ကာ ဆက်‌ဆွေး‌နွေးမည်

သ‌ဘောတူညီမှုမရသည့် အချက်များကို NCCT နှင့် အစိုးရ နှစ်ဖက်အလုပ်အဖွဲ့ဖွဲ့ကာ ဆက်‌ဆွေး‌နွေးမည်

1516

စက်တင်ဘာ ၂၆ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့(NCCT) နှင့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးလုပ်ငန်း‌ကော်မတီ(UPWC)တို့အကြား နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်တွင် သ‌ဘောတူညီမှုမရ ‌သေးသည့်အချက်များကို နှစ်ဖက် အလုပ်ဖွဲ့များဖွဲ့ကာ ဆက်‌ဆွေး‌နွေးသွားမည်ဖြစ်‌ကြောင်း NCCT ဒုအဖွဲ့‌ခေါင်း‌ဆောင် ပဒို‌စော ကွယ်ထူးဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အားလုံး သ‌ဘောတူညီချက် မရရှိ‌သေးဘူး‌ပေါ့။ ကျန်တဲ့အချက်က ‌အောက်က‌နေ ‌ရှေ့ကို တက်မယ်ဆိုရင် ကြားကာလ အစီအ စဉ်တို့၊ တပ်‌နေရာချထား‌ရေးတို့၊ နှစ်ဖက်‌စောင့်ကြည့်‌ရေးတို့ကို အလုပ်အဖွဲ့ ဖွဲ့ပြီး ‌ဆွေး‌နွေးသွားမှာ ဖြစ်တယ်။ နှစ်ဖက်စလုံး ကိုယ့်ရပ်တည်မှုအ‌ပေါ်မှာ ညှိနှိုင်းအ‌ဖြေရှာလို ့မရတဲ့အချိန်မှာကျ‌တော့ ထွက်‌ပေါက်‌ပေါ့‌လေ။ ဒါကို ‌ရှောင်ကွင်းနိုင်တဲ့ အ‌နေအ ထား ဖန်တီးနိုင်ခဲ့တဲ့အတွက် ‌ကောင်းတဲ့ စိတ်ထား‌စေတနာပဲလို့ ‌ပြောရမယ့်ဟာ‌တွေ ရှိတယ်”ဟု ပဒိုကွယ်ထူးဝင်းက ဆိုသည်။

စက်တင်ဘာ ၂၂ရက်မှ ၂၆ရက်‌နေ့အထိ ငါးရက်ကြာ ပြုလုပ်ခဲ့သည့် ‌ဆွေး‌နွေးပွဲတွင် အပစ်ရပ်မူကြမ်း အခန်း(၁)မှ (၇)အထိ ပါ ဝင်သည့်အချက်များကို ပြန်လည်သုံးသပ်‌ဆွေး‌နွေးခဲ့သလို နှစ်ဖက်အဖွဲ့များ၏ မူကြမ်းတွင် ပါဝင်မည့် အချက်သစ်များကို ထပ်မံ တင်ပြခြင်းများရှိ‌ကြောင်းလည်း NCCT ကိုယ်စားလှယ်များက ‌ပြောသည်။

‌ဆွေး‌နွေးပွဲတွင် အစိုးရဘက်မှ တင်ပြလာသည့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် လုံခြုံ‌ရေးနှင့် ပြန်လည် ‌ပေါင်းစည်း‌ရေး ကိစ္စများကို NCCT အ‌နေဖြင့် သက်ဆိုင်ရာ ‌ခေါင်း‌ဆောင်များထံ ပြန်လည်တင်ပြသွားရန်ရှိပြီး ထိုသို့ အချက်သစ်များတင်ပြလာ ခြင်းမှာ ရာနှုန်းပြည့် ယုံကြည်မှု မရှိ‌သေးသည့်အ‌ပေါ်တွင် ဖြစ်‌ပေါ်လာခြင်းဖြစ်‌ကြောင်း ပဒိုကွယ်ထူးဝင်းက ဆက်‌ပြောသည်။

NCCT အဖွဲ့ဝင် ‌ဒေါက်တာဆလိုင်းလျန်မုန်းဆ‌ခေါင်ကလည်း “အခန်း ၇ခန်းနီးပါးနဲ ့အသစ်ပြန်တင်ပြတာ‌တွေကို ‌ဆွေး‌နွေးခဲ့ရတာ ရှိတယ်။ အချက်အလက်အသစ်‌တွေ ပြန်တင်ပြတာ ရှိပါတယ်။ ‌နောက်တခါ အချက်အလက် အသစ်‌တွေ မ‌ပေါ်ဘဲနဲ့ တင်ပြပြီး သားအ‌ပေါ်မှာ ‌ဆွေး‌နွေးသွားဖို့ ‌မျှော်လင့်ပါတယ်။ ‌ရှေ့ဆက် ‌ဆွေး‌နွေးဖို့ အခက်အခဲဖြစ်နိုင်တာက‌တော့ နိုင်ငံ‌ရေးလမ်းပြ‌မြေပုံ ကိစ္စဖြစ်နိုင်တယ်”ဟု ‌ဆွေး‌နွေးပွဲအပြီးတွင် မီဒီယာများကို ‌ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဖက်အကြား ယခု‌တွေ့ဆုံမှုမှာ ၆ကြိမ်‌မြောက်ရှိပြီဖြစ်ရာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲနိုင်‌ရေး စတုတ္ထမူကြမ်း ကို ‌ရေးဆွဲနိုင်ခဲ့ပြီးဖြစ်သလို လာမည့် အကြိမ်‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် နှစ်ဖက် အပြီးသတ် သ‌ဘောတူညီမှုရရှိမည်ဟု ‌မျှော်လင့် ထား‌ကြောင်း UPWC ဒု-ဥက္ကဌ ပြည်‌ထောင်စုဝန်ကြီးဦး‌အောင်မင်းက ‌ဆွေး‌နွေးပွဲ အပိတ်မိန့်ခွန်းတွင် ထည့်သွင်း‌ပြောကြားခဲ့ သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးအတွက် တနှစ်နီးပါးကြာ ‌ဆွေး‌နွေးခဲ့ပြီးသည့် UPWC နှင့် NCCT တို့၏ ၇ကြိမ်‌မြောက်‌ဆွေး ‌နွေးပွဲကို လာမည့် ‌အောက်တိုဘာလအတွင်း ပြုလုပ်သွားမည်ဖြစ်ကာ ယင်း‌ဆွေး‌နွေးပွဲမတိုင်မီ နှစ်ဖက် အလုပ်ဖွဲ့များ ‌တွေ့ဆုံ ‌ဆွေး‌နွေးသွားရန်ရှိ‌ကြောင်း နှစ်ဖက်ကိုယ်စားလှယ်များ သ‌ဘောတူညီခဲ့ကြသည်။