Home သတင်း ထိုင်းစာသင်‌ကျောင်းတွင် ကရင်အကျင်္ီ ဝတ်ဆင်ခွင့်‌ပေး

ထိုင်းစာသင်‌ကျောင်းတွင် ကရင်အကျင်္ီ ဝတ်ဆင်ခွင့်‌ပေး

2908

စက်တင်ဘာ ၂၇ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ကန်ချဘူရီခရိုင်ရှိ ဆိုင်ရုတ်မြို ့တွင် မူလတန်းအဆင့် ထိုင်းစာသင်‌ကျောင်းတစ်‌ကျောင်းတွင် ‌ကျောင်းသူ‌ကျောင်းသား များအား ကရင်ရိုးရာဝတ်စုံ ဝတ်ဆင်ခွင့်ကို ယခု စက်တင်ဘာလလယ်မှစ၍ သတ်မှတ်လိုက်ပြီဖြစ်‌ကြောင်း ‌ကျောင်းသားမိဘ များက ‌ပြောဆို‌နေကြသည်။

‌ကျောင်းသားမိဘဖြစ်သူ ‌စောထူးက‌ပေါ်က “ထိုင်း‌ကျောင်းမှာ အခုလို ကရင်အကျင်္ီဝတ်ဆင်ခွင့် ‌ပေးလိုက်‌တော့ ကျ‌နော့်အ‌နေနဲ့ ဝမ်းသာတယ်။ ဂုဏ်လည်းယူတယ်။ ဒီမှာက က‌လေး‌တွေဟာ တရားမဝင် ‌နေထိုင်ကြသူ‌တွေများ‌တော့ တရားဝင် ခွင့်မပြုရင် ကိုယ့်ရိုးရာအဝတ်ကို မဝတ်ရဲကြဘူး‌လေ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ‌ကျောင်းမှာ ဆိုင်ရုတ်မြို့ရှိ Bong Tee မူလတန်း‌ကျောင်းဖြစ်ပြီး ‌ကျောင်းတွင် ပညာသင်ကြား‌နေကြသူ ‌ကျောင်းသား ‌ကျောင်းသူ အားလုံးနီးပါးမှာ ကရင်လူမျိုးများဖြစ်ကြရာ ၎င်းတို့အ‌နေဖြင့် အပတ်စဉ် အဂင်္ါ‌နေ့တိုင်း ကရင်အကျင်္ီကို ဝတ်ဆင်သွား ရန် ခရိုင်ပညာ‌ရေးဌာနက တရားဝင် ခွင့်ပြုလိုက်‌ကြောင်း ထိုင်းလူမျိုး ‌ကျောင်းအုပ်ဆရာမကြီး၏ ‌ပြောပြချက်အရ သိရသည်။

“က‌လေး‌တွေဟာ ကိုယ့်ရိုးရာ၊ ယဉ်‌ကျေးမှုကို ထိန်းသိမ်းနိုင်‌အောင်နဲ့ တန်ဘိုးထား ဝတ်ဆင်တာမျိုး ဖြစ်‌စေချင်ပါတယ်။ အခုဆို က‌လေး‌တွေဟာ ကိုယ့်အကျင်္ီကို ဝတ်ဆင်ရမှာ‌တောင် ရှက်သလိုဖြစ်လာတာက မ‌ကောင်းဘူးလို့ မြင်တယ်။ ဒါ‌ကြောင့် ခုလို တရားဝင် သတ်မှတ်‌ပေးလိုက်ရတာပဲဖြစ်တယ်”ဟု ‌ကျောင်းအုပ်ဆရာမကြီးက ‌ပြောဆိုသည်။

၎င်းနယ်စပ်မြို့တွင် မူလတန်းမှ အထက်တန်းအထိ စာသင်‌ကျောင်း‌ပေါင်းများစွာ ရှိသည့်အနက် Bong Tee ‌ကျောင်းမှာ KG-A မှ ဆဋ္ဌမတန်းအထိ ‌ကျောင်းသူ‌ကျောင်းသား‌ပေါင်း ၁၇ဝဦးနှင့် ထိုင်းလူမျိုး ဆရာ၊ ဆရာမ‌ပေါင်း ၁ဝဦးရှိသည်။ နှစ်‌ပေါင်း ၂ဝသက် တမ်းရှိသည့် ယင်းမူလတန်း‌ကျောင်းကို ထိုင်းဘုရင့်မိသားစုက အသိအမှတ်ပြု ဖွင့်ထားခဲ့‌သော်လည်း ပြီးခဲ့သည့် ၆နှစ်မှစ၍ အစိုးရ‌ကျောင်းအဖြစ် သတ်မှတ်လိုက်သည်ဟု သိရသည်။