ကုန်သွယ်ခရီးသွား ယာဥ်များအား ကော့ကရိတ် တံတားကျိုးဂိတ်မှ ငွေကြေးကောက်ခံမှု သိန်းနှင့်ချီရှိ
ဇွန် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံနှင့် မြဝတီကိုဆက်သွယ်ထားသည့် အာရှလမ်းမကြီးပေါ်ရှိ တံတားကျိုးစစ်ဆေးရေးဂိတ်တွင် စစ်အုပ်စုက ကုန်သွယ်၊ ခရီးသွားမော်တော်ယာဉ်များထံမှ ကားအမျိုးအစားပေါ်မူတည်၍ ငွေကြေးကောက်ခံမှု သိန်းနှင့်ချီအထိ ရှိနေကြောင်း ခရီးသွား ယာဥ်မောင်းများကပြောသည်။
အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်သည့် ဧပြီလ(၂)ရက်နေ့နောက်ပိုင်း အဆိုပါတံတားကျိုးဂိတ်တွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များ ပြန်လည်ဂိတ်ထိုင်နေပြီး အိမ်စီးယာဥ်၊...
မြန်မာမှလာသည့် သတ္တုစွန့်ပစ်ပစ္စည်းပြဿနာ မဖြေရှင်းနိုင်ပါက နယ်စပ်ဖြတ်ကျော်မြစ်ရေ ညစ်ညမ်းမှုကို တားဆီးရန် ခက်ခဲကြောင်း ပညာရှင်များသုံးသပ်
ဇွန် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံမှအရင်းခံလာသည့် သတ္တုတွင်းစွ့န်ပစ်ပစ္စည်းများကို မဖြေရှင်းပါက နယ်စပ်ဖြတ်ကျော်လာပြီး ထိုင်းနိုင်ငံအတွင်းရှိ မြေရေများညစ်ညမ်းနေမှုကို တားဆီးရန်ခက်ခဲကြောင်း ထိုင်းနှင့် အမေရိကန်အခြေစိုက် သဘာဝပတ်ဝန်းကျင်ပညာရှင်များက သုံးသပ်သည်။
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်တွင်ရောက်ရှိနေသော အမေရိကန် တက္ကဆက်နည်းပညာတက္ကသိုလ်မှ ပါမောက္ခ Danny Reible နှင့်...
ကျိုက်ထို၊ ကျောက်ဖျာကျေးရွာအုပ်စုတွင် ဂျက်ဖိုက်တာဗုံးကြဲ၍ ဒေသခံ (၄)ဦးသေဆုံး၊ (၁)ဦးဒဏ်ရာရ
ဇွန် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်၊ တပ်မဟာ(၁) ကျိုက်ထိုမြို့နယ် ကျောက်ဖျာကျေးရွာအုပ်စုရှိ သဝေါသော(ချောင်းစောင့်)ရွာထဲသို့ ယမန်နေ့ ဇွန်လ (၁၈)ရက်နေ့က စစ်အုပ်စုတပ်မှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား (၄)ဦးသေဆုံးပြီး (၁)ဦးဒဏ်ရာရရှိကြောင်း သိရသည်။
ယမန်နေ့ နေ့လယ် (၁၂)နာရီအချိန်ခန့်တွင် ပြည်သူလူထုများနေထိုင်သည့်...
ကေအဲန်ယူ တပ်မဟာ(၅) ဗျူဟာမှူး စောထူးကရှော၏ ဈာပနရုပ်သံဖိုင်အဟောင်းကို သုံး၍ စစ်အုပ်စုအချိန်ကိုက် ဝါဒဖြန့်
ကေအဲန်ယူ တပ်မဟာ(၅) ဗျူဟာမှူး စောထူးကရှော၏ ဈာပနရုပ်သံဖိုင်အဟောင်းကို သုံး၍ စစ်အုပ်စုအချိန်ကိုက် ဝါဒဖြန့်
ဇွန် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။
KIC, The Red Flag/MFCN
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၅) ဗျုဟာမှူး စောထူးကရှော၏ ဈာပနရုပ်သံဖိုင်ကို အသုံးပြုပြီး ဇွန်လ(၁၅)ရက်နေ့က စစ်အုပ်စုမှဝါဒဖြန့်မှုများ ပြုလုပ်လာသည်။
“KNLA တပ်မဟာ...
စစ်တပ်က ဒေသခံ ၃၀ ကျော်ကို ရက်ပေါင်းများစွာ လူသားဒိုင်းသဖွယ် ဖမ်းဆီးထား
ဇွန်လ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဖာပွန်ဒေသကို စစ်ကြောင်းထိုးနေသည့် အာဏာသိမ်းစစ်တပ်စစ်ကြောင်းသည် ကမမောင်း-ကတိုင်တိ လမ်းမရှိ ဘောကျို့ထ ကျေးရွာတွင် ဒေသခံရွာသား ၃၂ ဦးကို ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့ကတည်းက ကျေးရွာ အတွင်း ဖမ်းဆီးထိန်းသိမ်း ထားပြီး...
ရေး-ချောင်းဖျား၊ ချောင်းနှစ်ခွ စစ်ဘေးရှောင်နေရာသို့ စစ်အုပ်စုလေယာဥ်ဗုံးကြဲ၍ နေအိမ်များပျက်စီး
ဇွန် (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်သစ်ပါတီ-NMSP ထိန်းချုပ်နယ်မြေ၊ ရေး-ချောင်းဖျားဒေသ ချောင်းနှစ်ခွထဲက စစ်ဘေးရှောင်နေရာကို ယနေ့ ဇွန်လ(၁၈)ရက်၊ မနက်(၁)နာရီဝန်းကျင်မှာ စစ်အုပ်စုလေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ်များပြိုကျပျက်စီးသွားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။
ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်း၏ အထောက်အပံ့ဖြင့်ဆောက်လုပ်ထားသည့် စစ်ဘေးရှောင်အိမ်များရှိရာကို စစ်အုပ်စု လေယာဥ်ဖြင့် ဗုံးကြဲချသွားခြင်းဖြစ်ပြီး အိမ်များပျက်စီးမှုရှိသော်လည်း...
ထမ့်ဟင် ကရင်ဒုက္ခသည်စခန်းအတွက် သက်သေခံ အထောက်အထားကတ် စတင်ထုတ်ပေး
ဇွန်လ ၁၈ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ ရာချ်ဘူရီခရိုင် ထမ့်ဟင် ကရင်ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များအတွက် နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် သက်သေခံကတ်ပြားပြုလုပ်ခြင်းလုပ်ငန်းကို စတင်လိုက်ပြီး ယမန်နေ့ ဇွန်လ ၁၇ ရက်နေ့တွင် ကတ်ပြားပေးအပ်ပွဲ ပြုလုပ်ခဲ့သည်။
သက်သေခံ ကတ်ပြားပြုလုပ်ခြင်းလုပ်ငန်းစဉ်ကို ပြီးခဲ့သည့် ဇွန်လ ၁၁...
မွန်၊ ကရင်ဒေသတွင် မေလအတွင်း အရပ်သား (၂၁) ဦး သေဆုံးပြီး (၁၆)ဦးထက်မနည်း ဒဏ်ရာရ
ဇွန် (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မွန်နှင့် ကရင်ဒေသများတွင် ပြီးခဲ့သည့်မေလ တစ်လတာအတွင်း တရားခံမပေါ်သောသတ်ဖြတ်မှုနှင့် စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှု၊ မိုင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခံရမှုတို့ကြောင့် ကလေးငယ်များအပါအဝင် အရပ်သား (၂၁) ဦး သေဆုံးပြီး (၁၆)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လဂွန်းအိမ်အဖွဲ့ကထုတ်ဝေသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု...
ဖားအံ-မော်လမြိုင်လမ်းပိုင်းတွင် စစ်အုပ်စုတပ်က ပြည်သူများထံ ငွေညှစ်တောင်းခံမှုများ ပိုမိုပြုလုပ်
ဇွန်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဖားအံ-မော်လမြိုင်လမ်းပိုင်းရှိ ခရုံဂူအနီး အခြေစိုက်ထားသည့် စစ်အုပ်စုဂိတ်သည် ပြီးခဲ့သည့် နှစ်ပိုင်းမှစ၍ အသွားအလာပြည်သူများထံမှ အကြောင်းအမျိုးမျိုးပြ၍ ငွေညှစ်တောင်းခံမှုများ ပိုမိုပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ လမ်းပိုင်းတွင် အာဏာသိမ်းစစ်အုပ်စုတပ်၏ စစ်ဆေးရေးဂိတ် ၃ ခု ထက်မနည်းရှိကာ...
ဖားအံ-ကော့ကရိတ်လမ်း အခွန်အခနှင့် လမ်းပိတ်ဆို့မှုကြောင့် ဒေသခံများ သွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့နေ
ဇွန်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အကြားရှိ အာရှလမ်းမကြီးနှင့် ကျေးရွာချင်းဆက် ဖြတ်လမ်းများကို စစ်အုပ်စုတပ်က ပိတ်ဆို့ထားသည့်အပြင် စစ်ဆေးရေးဂိတ်များတွင် ငွေကြေးအဆမတန် တောင်းခံမှုကြောင့် သွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေးအတွက် အခက်တွေ့နေကြသည်ဟု ဒေသခံများ၏ ပြောပြ ချက်အရ သိရသည်။
ပြီးခဲ့သည့်...















