ချင်းရိုင်တွင် အာဏာပိုင်အချို့ပါဝင်ပတ်သက်နေသည့် ဆယ်နှစ်ခံကတ် တရားမဝင်ပြုလုပ်သည့်ကိစ္စ စုံစမ်းစစ်ဆေးရေး ပြုလုပ်

ဇွန် (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် ဝီယန်ကန် (Wiang Kaen) မြို့နယ်တွင် အာဏာပိုင်များကို လာဘ်ထိုးပြီး G Code မှအဆင့်မြှင့်၍ရသော ဆယ်နှစ်ခံကတ်များတရားမဝင်ပြုလုပ်သည့်အပေါ် စုံစမ်းစစ်ဆေးရန် “Operation Gray G Crackdown” အမည်ရ...

မြဝတီမြို့တွင် မီးလောင်မှုဖြစ်ပွားပြီး ကလေးငယ် (၂) ဦး သေဆုံး

ဇွန် (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့ပေါ်ရပ်ကွက် နေအိမ်တစ်ခုတွင် ယမန်နေ့ (ဇွန်လ ၁၉) ရက်နေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အသက် ၁ နှစ်အရွယ် ယောင်္ကျားလေး (၁) ဦးနှင့် ၁၄ နှစ်အရွယ် မိန်းကလေး (၁)...

စစ်ကို ချက်ချင်းနဲ့ အကြွင်းမဲ့ ရပ်စဲပစ်နိုင်သော ပြည်သူ့အာဏာ

စစ်ကို ချက်ချင်းနဲ့ အကြွင်းမဲ့ ရပ်စဲပစ်နိုင်သော ပြည်သူ့အာဏာ မောင်ကျော်စွာ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်) နှစ်စဉ် ဇွန်လ ၂၀ ရက်နေ့ကို ကမ္ဘာ့ဒုက္ခသည်များနေ့အဖြစ် သတ်မှတ်ထားပါတယ်။ တကယ်တော့ ကမ္ဘာနဲ့အဝန်း ဒုက္ခသည်လို့ ရည်ညွှန်း သတ်မှတ်ခံကြရသူတွေဟာ သူတို့ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်နေကြရတဲ့ ဒုက္ခဆိုတဲ့အရာတွေကို...

စစ်ကြောင်းထိုးမှုကြောင့် တပ်မဟာ ၅ နယ်မြေတွင် ကျောင်း ၁၅ ကျောင်း ပိတ်ထားရပြီး ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်နေရ

ဇွန်လ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်ခရိုင်)၊ တပ်မဟာ (၅) နယ်မြေရှိ ဒွယ်လိုးမြို့နယ်နှင့် ဘူးသိုမြို့နယ်များတွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် စာသင်ကျောင်း ၁၅ ကျောင်း ပိတ်ထားရပြီး ကျေးရွာ ၁၃ ရွာမှ ထောင်နှင့်ချီသော...

ဖမ်းဆီးခံ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားမှုခံယူသူများအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ရေးတောင်းဆို

ဇွန်လ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် အဖမ်းဆီးခံထားရသည့် အမျိုးသမီးများ နှင့် ဂျန်ဒါစုံလင်ကွဲပြားမှု ခံယူထားသူများအပေါ် စစ်တပ်က ကျူးလွန်နေသည့် ညှဉ်းပန်းနှိပ်စက်မှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအဖြစ် အသိအမှတ်ပြုရန် Sisters 2 Sisters...

မယ်လဒုက္ခသည်စခန်းရှိ ကမ္ဘာ့ဒုက္ခသည်များနေ့အခမ်းအနား လူ(၄,၀၀၀)ကျော် တက်ရောက်ဂုဏ်ပြု

ဇွန် (၁၉) ရက်၊၂၀၂၆ ခုနှစ်။ကေအိုင်စီ နံနက်ဖြန် ဇွန်လ (၂၀) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဒုက္ခသည်များနေ့အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ယနေ့(ဇွန်လ ၁၉ ရက်နေ့)က ပြုလုပ်ကျင်းပခဲ့ပြီး ဒုက္ခသည်ရေးရာတာဝန်ရှိသူများအပါအဝင် လူ(၄,၀၀၀)ကျော် တက်ရောက်ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။ TBC (The Border Consortium) မှ...

ဒုက္ခသည်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဟန်ချက်ညီညီပူးပေါင်းလုပ်ဆောင်ကြရန်လိုကြောင်း KnHRG တိုက်တွန်း

ဇွန် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မြန်မာနိုင်ငံရှိ ဒုက္ခသည်များ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် သက်ဆိုင်သူများအားလုံး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့-KnHRG က ဇွန်လ(၂၀)ရက်နေ့ကျရောက်မည့် ကမ္ဘာ့ဒုက္ခသည်နေ့အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် တောင်းဆိုတိုက်တွန်းသည်။ အရပ်ဖက်အဖွဲ့များအကူအညီဖြင့် အမေရိကန်မှရိက္ခာဖြတ်တောက်ခံရသည့် ထိုင်း-မြန်မာနယ်စပ်ရှိဒုက္ခသည်များသည် စခန်းပြင်ပထွက် အလုပ်လုပ်ခွင့်ရခဲ့သော်လည်း ကာကွယ်‌စောင့်ရှောက်ရေးဆိုင်ရာ စိန်ခေါ်မှုများ...

ကျိုက်ထိုက လေယာဥ်ဗုံးကြဲမှုကြောင့် သေဆုံးသူအချို့ ဈာပနပြုလုပ်ရာ ထပ်မံဗုံးကြဲခံရပြီး ထိခိုက်မှုရှိ

ဇွန် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စုတွင် ယမန်နေ့(ဇွန်လ ၁၈ ရက်နေ့)က လေယာဥ်ဗုံးကြဲခံရပြီးသေဆုံးခဲ့သူအချို့အား ဈာပနပြုလုပ်လျက်ရှိရာ ယနေ့ ထပ်မံဗုံးကြဲခံရ၍ ထိခိုက်မှုရှိကြောင်း ကျိုက်ထိုဒေသခံများကပြောသည်။ ယမန်နေ့က ကျောက်ဖျာအုပ်စု၊ ချောင်းစောင့်ရွာ၊ ဈေးဆိုင်နေရာသို့ စစ်အုပ်စု ဂျက်ဖိုက်တာဖြင့်‌...

ကုန်သွယ်ခရီးသွား ယာဥ်များအား ကော့ကရိတ် တံတားကျိုးဂိတ်မှ ငွေကြေးကောက်ခံမှု သိန်းနှင့်ချီရှိ

ဇွန် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံနှင့် မြဝတီကိုဆက်သွယ်ထားသည့် အာရှလမ်းမကြီးပေါ်ရှိ တံတားကျိုးစစ်ဆေးရေးဂိတ်တွင် စစ်အုပ်စုက ကုန်သွယ်၊ ခရီးသွားမော်တော်ယာဉ်များထံမှ ကားအမျိုးအစားပေါ်မူတည်၍ ငွေကြေးကောက်ခံမှု သိန်းနှင့်ချီအထိ ရှိနေကြောင်း ခရီးသွား ယာဥ်မောင်းများကပြောသည်။ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်သည့် ဧပြီလ(၂)ရက်နေ့နောက်ပိုင်း အဆိုပါတံတားကျိုးဂိတ်တွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များ ပြန်လည်ဂိတ်ထိုင်နေပြီး အိမ်စီးယာဥ်၊...

မြန်မာမှလာသည့် သတ္တုစွန့်ပစ်ပစ္စည်းပြဿနာ မဖြေရှင်းနိုင်ပါက နယ်စပ်ဖြတ်ကျော်မြစ်ရေ ညစ်ညမ်းမှုကို တားဆီးရန် ခက်ခဲကြောင်း ပညာရှင်များသုံးသပ်

ဇွန် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မြန်မာနိုင်ငံမှအရင်းခံလာသည့် သတ္တုတွင်းစွ့န်ပစ်ပစ္စည်းများကို မဖြေရှင်းပါက နယ်စပ်ဖြတ်ကျော်လာပြီး ထိုင်းနိုင်ငံအတွင်းရှိ မြေရေများညစ်ညမ်းနေမှုကို တားဆီးရန်ခက်ခဲကြောင်း ထိုင်းနှင့် အမေရိကန်အခြေစိုက် သဘာဝပတ်ဝန်းကျင်ပညာရှင်များက သုံးသပ်သည်။ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်တွင်ရောက်ရှိနေသော အမေရိကန် တက္ကဆက်နည်းပညာတက္ကသိုလ်မှ ပါမောက္ခ Danny Reible နှင့်...