Home သတင်း ပဒိုမန်းရှာကိုလုပ်ကြံသူဟု သတင်းကြီးသူ DKBA ဗိုလ်ဆန်ပြုတ် ကျဆုံး

ပဒိုမန်းရှာကိုလုပ်ကြံသူဟု သတင်းကြီးသူ DKBA ဗိုလ်ဆန်ပြုတ် ကျဆုံး

2844

နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)
ဇွန် ၂၆၊ ၂၀၀၉

တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မ‌တော် (DKBA) တပ်မဟာ(၉၉၉)၏ တပ်ရင်းမှူး တဦး ဖြစ်သူ ဒုဗိုလ်မှူးကြီးစံပြုံး (ဗိုလ်ဆန်ပြုတ်)သည် ဇွန်လ (၂၆)ရက်‌နေ့ ယ‌နေ့တွင် ‌ရေလမ်းခရီး၌ ခြုံခို တိုက်ခိုက်ခံရ၍ ပွဲချင်းပြီး ‌သေဆုံးသွားသည်ဟု နယ်စပ်မှလာသည့် သတင်းများအရ သိရသည်။

၎င်းသည် ယမန်နှစ်က KNU အတွင်း‌ရေးမှူးချုပ် ပဒိုမန်းရှာလားဖန်းကို လုပ်ကြံသူများထဲတွင် ပါဝင်‌ကြောင်း ထင်‌ကြေး‌ပေးခံရသူဖြစ်သည်။

ယ‌နေ့နံနက် (၈း၄ဝ)နာရီ အချိန်တွင် DKBA တပ်ဖွဲ့ဝင်များသည် မြဝတီမြို့၊ ‌ရွှေကုက္ကို‌ကျေးရွာတွင် ပြုလုပ်မည့် ‌အောင်ပွဲရသူများအား ကြိုဆိုပွဲ အခမ်းအနားသို့ ‌သောင်ရင်းမြစ် အတိုင်း ‌လှေစီး ပြန်လာရာ မြဝတီမြို့နယ်၊ ‌မော်ဖားသူးဂွင် ‌မော်ကလာအနားတွင် တိုက်ခိုက်ခံရပြီး (၁ဝ)ဦး ပွဲချင်းပြီး ‌သေဆုံးသွားသည့် အထဲတွင် ဗိုလ်ဆန်ပြုတ် ပါဝင်သည်ဟု အမည် မ‌ဖော်လိုသူ DKBA ဗိုလ်ကြီးတဦးက ယခုလို အတည်ပြု ‌ပြောဆိုခဲ့သည်။

“ကျ‌နော်တို့ သိရသ‌လောက် ဗိုလ်ဆန်ပြုတ် ‌သေတာက ‌သေချာတယ်။ ‌လှေက သုံးစီးလို့ ‌ပြောတယ်။ အဲဒီထဲမှာမှ ဗိုလ်ဆန်ပြုတ် စီးတဲ့ ‌လှေကိုပဲ တိုက်ခိုက်တဲ့သူ‌တွေက ‌ရွေးပစ်တာ။ ၁ဝ ‌ယောက်က ပွဲချင်းပြီးပဲ။ အဲဒါမှာ သူတို့‌ခေါ်လာတဲ့ ‌ပေါ်တာတ‌ယောက်လည်း ‌သေသွားတယ်လို့ ‌ပြောတယ်။ ကျန် တဲ့‌လှေ‌ပေါ်က လူ‌တွေက ဘာမှမဖြစ်ဘူး”ဟု ဆိုသည်။

ယင်းသို့ တိုက်ခိုက်ခံရသည့် ‌နေရာသည် နအဖ၊ DKBA နှင့် ဗိုလ်မှူးချုပ်ထင်‌မောင်၏ ငြိမ်းချမ်း‌ရေး‌ကောင်စီ ထိန်းချုပ်ရာ နယ်‌မြေ ဖြစ်ပြီး မြဝတီ‌ဆေးရုံသို့ ‌ရောက်ရှိလာသူ ငါးဦးအနက် နှစ်ဦး ‌သေဆုံး၍ ယ‌နေ့ ည‌နေပိုင်းတွင် မဲ‌ဆောက်‌ဆေးရုံသို့ ‌ရောက်ရှိလာသူ (၈)ဦးအနက် တဦးမှာ ထပ်မံ ‌သေဆုံးသွားသည်ဟု မျက်မြင်သက်‌သေများ၏ ‌ပြောပြချက်အရ သိရသည်။

ဒဏ်ရာရသူများကို ကိုယ်တိုင် မြင်‌တွေ့ခဲ့သူတဦးက “အပစ်ခံရတဲ့ DKBA (၈)‌ယောက် မဲ‌ဆောက် ‌ဆေးရုံကို ‌ရောက်လာပြီး ‌ရောက် ‌ရောက်ချင်းမှာပဲ တ‌ယောက် ‌သေသွားတယ်။ ကျန်တဲ့သူ‌တွေအထဲမှာလည်း မျက်လုံးထိတဲ့သူ အပါအဝင် အသည်းအသန် သုံး‌ယောက်‌လောက် ရှိတယ်” ဟု ‌ပြောသည်။

အဆိုပါ တိုက်ခိုက်မှုမှာ မည်သူမည်ဝါ လက်ချက် ဖြစ်သည်ဟု တပ်အပ် မ‌ပြောနိုင်‌သော်လည်း ဗုံး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုသည် မြန်မာဘက်ကမ်းမှ ဖြစ်သည်ဟု မဲ‌ဆောက်‌ဆေးရုံသို့ ‌ရောက်ရှိလာသည့် ဒဏ်ရာရ DKBA အဖွဲ့ဝင် တဦးက ‌ပြောသည်။

DKBA တပ်ဖွဲ့ ခြုံခို တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ KNU တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက “ဒီ တိုက်ခိုက်ခံရတဲ့ ‌နေရာက ကျ‌နော်တို့ KNU‌တွေ ရှိတဲ့‌နေရာလည်း မဟုတ်ဘူး။ လက်ရှိမှာ ကျ‌နော်တို့က ကိုယ့်‌နေရာကို‌တောင် ဆုတ်‌ပေးထားရ‌တော့ ဘယ်သူ ့လက်ချက်လဲ ဆိုတာ ကျ‌နော်တို့လည်း မ‌ပြောနိုင်ဘူး”ဟု ကရင်သတင်းစဉ်ကို ‌ပြောသည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက DKBA တပ်ဖွဲ့သည် နအဖစစ်တပ်နှင့် ပူး‌ပေါင်းကာ KNU တပ်မဟာ(၇)နယ်‌မြေကို ဝင်‌ရောက်တိုက် ခိုက်ရာတွင် ဦး‌ဆောင်ပါဝင်ခဲ့သူ ဗိုလ်ဆန်ပြုတ်သည် လက်ရှိ (၉၉၉)တပ်မဟာ၏ အထူးတပ်ရင်း အမှတ်(၇)တပ်ရင်းမှူးဖြစ်သည်။