Home သတင်း ထိုင်း-မြန်မာနယ်စပ်တွင် ‌ဒေါ်‌အောင်ဆန်းစုကြည် လွတ်‌မြောက်‌ရေး ဆု‌တောင်းပွဲကျင်းပ

ထိုင်း-မြန်မာနယ်စပ်တွင် ‌ဒေါ်‌အောင်ဆန်းစုကြည် လွတ်‌မြောက်‌ရေး ဆု‌တောင်းပွဲကျင်းပ

1737

‌နော်ဝသန် (‌ကေအိုင်စီ)‌မေလ ၁၉၊ ၂၀၀၉

အင်းစိန်အကျဉ်း‌ထောင်တွင် တရားစွဲဆိုခံထားရသည့် မြန်မာ့ ဒီမိုက‌ရေစီ ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည် လွတ်‌မြောက်‌ရေး အတွက် ထိုင်း-မြန်မာနယ်စပ် အ‌ခြေစိုက် လူထု အ‌ခြေပြု အဖွဲ့အစည်းများ(စီဘီအို)က စု‌ပေါင်းဦး‌ဆောင်၍ ယ‌နေ့နံနက်တွင် ဝတ်ပြု ဆု‌တောင်းပွဲ တခု ပြုလုပ် ကျင်းပခဲ့ကြသည်။

အဆိုပါဆု‌တောင်းပွဲကို လူထု ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် နို်င်ငံ‌ရေး အကျဉ်းသား အားလုံးကို စစ်အစိုးရက ပြန်လွှတ်‌ပေးရန် ရည်ရွယ်၍ ပြုလုပ်ရခြင်း ဖြစ်သည် ဟု ကရင် အမျိုးသမီး အစည်းအရုံး(‌ကေဒဗလျူအို) အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး နန်းဒါးအဲ့ကလယ်က ကရင်သတင်းစဉ်ကို ယခုလို ‌ပြောသည်။

“ကျန်းမာ‌ရေး မ‌ကောင်းတဲ့ ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ဖမ်းဆီး‌ခေါ်‌ဆောင်သွားပြီး တရားခုံရုံးကို တင်ထားတဲ့အတွက် ကျမတို့ အရမ်းကို စိုးရိမ်တယ်။ ‌ဒေါ်စုနဲ့ နိုင်ငံ‌ရေး အကျဉ်းသား အားလုံးကိုလည်း လွှတ်‌ပေး‌စေချင်တယ်။ ‌နောက်တခုက ဒီ ၂ဝ၁ဝ ‌ရွေး‌ကောက်ပွဲ အတွက် နအဖရဲ့ မတရားတဲ့ ဥပ‌ဒေဟာ ပိုမို ခိုင်လုံသွားရင် ပြည်တွင်းမှာ ရှိတဲ့ ပြည်သူ‌တွေ အားလုံး ဘဝ လုံခြုံမှု မရှိ‌တော့မှာကို စိုးရိမ်လို့ ကျမတို့ လူထုအ‌ခြေပြု အဖွဲ့အစည်း‌တွေ အ‌နေနဲ့ ကမကထပြုပြီး‌တော့ ဆု‌တောင်းပွဲကို ကျင်းပရတာဖြစ်တယ်” ဟု သူမက ဆိုသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်သည် နိုင်ငံတကာမှ ‌လေးစားရသည့် ငြိမ်းချမ်း‌ရေးနှင့် ဒီမိုက‌ရေစီ‌ရေး အတွက် လုပ်‌ဆောင်‌နေသူ ဖြစ်‌ကြောင်း၊ သူမ ယခုလို တရား စွဲဆိုခံရခြင်းသည် မြန်မာ တနိုင်ငံတည်း သာမက ဒီမိုက‌ရေစီ လိုလား‌သော နိုင်ငံများ အတွက်ပါ ကြီးမားသည့် နစ်နာမှု တခု ဖြစ်သည့် အတွက် ‌ဒေါ်စု လွှတ်‌မြောက်‌ရေး ဝိုင်းဝန်း ဆု‌တောင်း‌ပေးကြရန် မယ်‌တော်‌ဆေးခန်းမှ ‌ဒေါက်တာ စင်သီယာ‌မောင်က တိုက်တွန်း ‌ပြောဆိုသွားသည်။

‌ဒေါက်တာစင်သီယာ‌မောင်က “နိုင်ငံတကာက ‌လေးစား ဂုဏ်ယူကြတဲ့၊ ငြိမ်းချမ်း‌ရေးနဲ့ ဒီမိုက‌ရေစီ ရရှိ‌ရေး အတွက် မြန်မာပြည်သူ‌တွေ အဓိက အားထားတဲ့ ‌ဒေါ်‌အောင်ဆန်းစုကြည်ဟာ ကျန်းမာ‌ရေး မ‌ကောင်းတဲ့ကြားက အခုလို အကျဉ်းချခံရတဲ့ အတွက်‌ကြောင့် မြန်မာနိုင်ငံ တခုလုံးသာ မကဘဲ ဒီမို က‌ရေစီ လိုလားတဲ့ နိုင်ငံ‌တွေ အတွက်ပါ ကြီးမားတဲ့ ဆုံးရှုံး နစ်နာမှု တခု ဖြစ်တယ်။ ဒါ‌ကြောင့် တန်ဖိုးရှိတဲ့ ‌ခေါင်း‌ဆောင်‌တွေ အားလုံး လွတ်‌မြောက်နိုင်ဖို့ အတွက် ကျမတို့နဲ့ အတူ ဆု‌တောင်း‌ပေးကြပါ” ဟု ‌ပြောသည်။

‌မေလ (၃) ရက်‌နေ့က အ‌မေရိကန် နိုင်ငံသားတဦး ‌ဒေါ်စု ခြံဝင်းထဲသို့ ‌ရေကူး ဝင်‌ရောက်သွားခဲ့မှု အ‌ပေါ် သူမအား နိုင်ငံ‌တော်ကို ‌နှောင့်ယှက် ဖျက်ဆီးလိုသူများအား ကာကွယ် ‌စောင့်‌ရှောက်မှု ဥပ‌ဒေပုဒ်မ(၂၂)ဖြင့် ဖမ်းဆီး တရားစွဲဆိုသည့် အတွက်‌ကြောင့် အ‌မေရိကန်နိုင်ငံ အ‌နေနှင့် တာဝန်ရှိ‌ကြောင်း နှင့် ၎င်းတာဝန်ရှိမှု အ‌ပေါ်တွင် ကုလသမဂ္ဂ လုံခြုံ‌ရေး ‌ကောင်စီကလည်း တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီ‌ပေးရန် ယ‌နေ့ထုတ်ပြန်သည့် (စီဘီအို)၏ ‌ကြေညာချက်တွင် ‌တောင်းဆိုထားသည်။

ဆု‌တောင်းပွဲ အခမ်းအနားသို့ ထိုင်း-မြန်မာနယ်စပ်တွင် အ‌ခြေစိုက်သည့် လူမှု အဖွဲ့အစည်းများ၊ ဒီမိုက‌ရေစီ အင်အားစုမှ ပုဂ္ဂိုလ်များ၊ မြန်မာ ‌ရွှေ့‌ပြောင်း အလုပ်သမားများနှင့် ‌ကျောင်းသူ ‌ကျောင်းသား လူငယ်များ အပါအဝင် လူဦး‌ရေ စုစု‌ပေါင်း ၄ဝဝ‌ကျော် လာ‌ရောက် ဆု‌တောင်းခဲ့ကြသည်။