Home သတင်း ထိုင်းဘုရင်‌မွေး‌နေ့ပွဲတွင် မြန်မာအဆို‌တော်များ ‌ကြေညာထားသည့်အတိုင်း လာ‌ရောက်သီဆိုခြင်းမရှိ

ထိုင်းဘုရင်‌မွေး‌နေ့ပွဲတွင် မြန်မာအဆို‌တော်များ ‌ကြေညာထားသည့်အတိုင်း လာ‌ရောက်သီဆိုခြင်းမရှိ

1804
ဒီဇင်ဘာ ၇ရက်။ ‌နော်ဖြူသင်း (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၌ ကျင်းပပြုလုပ်သည့် ထိုင်းဘုရင်မင်းမြတ်၏ ‌မွေး‌နေ့ပွဲ‌တော်သို့ နာမည်ကြီး မြန်မာအဆို‌တော် ‌လေးဦး လာ‌ရောက်‌ဖျော်‌ဖြေမည်ဟု ‌ကြေညာထားခဲ့‌သော်လည်း အဆို‌တော် ‌ဇော်ပိုင်နှင့် ‌ရေဗက္ကာဝင်းတို့နှစ်ဦးသာ သီဆိုသွားခဲ့သည် ဟု သိရသည်။

ဒီဇင်ဘာလ ၄ရက်မှ ၆ရက်အထိ အဆိုပါမြန်မာအဆို‌တော်များ လာ‌ရောက်သီဆိုမည့် အစီအစဉ်တွင် သတ်မှတ်ထားသည့် ဒုတိယညတွင် အဆို‌တော် စိုင်းစိုင်းခမ်းလှိုင်နှင့် ကြိုးကြာ၊ တတိယညတွင် အဆို‌တော် ‌ဇော်ပိုင်နှင့် ‌ရေဗက္ကာဝင်းတို့ လာ‌ရောက် ‌ဖျော်‌ဖြေမည်ဟု ‌ကြေညာထားခဲ့‌သော်လည်း ‌နောက်ဆုံးညကျမှသာ ‌ဇော်ပိုင်နှင့် ‌ရေဗက္ကာဝင်းတို့နှစ်ဦးသာ သီဆိုသွားခဲ့သည့်အ တွက် မဲ‌ဆောက်မြို့ရှိ ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမားများမှာ ၅ရက်‌နေ့ညတွင် မ‌ကျေမနပ် ဖြစ်ခဲ့ကြသည်။

ထို‌နေ့ညက အဆို‌တော် စိုင်းစိုင်းနှင့် ကြိုးကြာ သီဆို‌ဖြေ‌ဖျော်ချိန်ကို ည(၈)နာရီမှ (၁၀)နာရီခွဲထိ ‌ကြော်ငြာထား‌သော်လည်း ၎င်းတို့မှာ ည(၁၁)နာရီ‌ကျော်သွားသည်အထိ ‌ဖြေ‌ဖျော်ခြင်းမရှိဘဲ အခြားနာမည်မရှိသည့် အဆို‌တော်သစ်များသာ သီဆို‌နေ သည့်အတွက်‌ကြောင့် ယမန်‌နေ့ညက စတိတ်ရှိုးဝင်းအတွင်း ပရိသတ်၏ ‌အော်ဟစ်သံများ ဆူညံခဲ့သည်။

မဲ‌ဆောက်မြို့ပိုင်ရုံးဝင်းအတွင်း ကျင်းပသည့် အဆိုပါစတိတ်ရှိုးကို လာ‌ရောက်ကြည့်ရှုသူ မြန်မာလူငယ်တဦးက “စိုင်းစိုင်းနဲ့ ကြိုးကြာမလာဘူးဆိုလည်း မလာဘူးလို့ ‌ပြောလိုက်‌ပေါ့။ စိုင်းစိုင်းနဲ့ ကြိုးကြာကို လာကြည့်ပါတယ်ဆိုမှ နာမည်မကြီးတဲ့ အဆို ‌တော်‌တွေကချည်းပဲ ဆို‌နေတယ်။ တကယ် လာဆိုမယ်လို့ ‌ကြော်ညာထားတဲ့ အဆို‌တော်‌တွေ မလာ‌တော့ လက်မှတ်အ လိမ်ခံ ရတာလား မသိဘူး။ လူလဲ ပင်ပန်းတယ်”ဟု ‌ကေအိုင်စီကို ‌ပြောဆိုသည်။

မဲ‌ဆောက်မြို့ ထိုင်းဘုရင်‌မွေး‌နွေပွဲ စတိတ်ရှိုးတွင် ‌တွေ့ရသည့် မြန်မာပရိဿတ်များ
မဲ‌ဆောက်မြို့ ထိုင်းဘုရင်‌မွေး‌နေ့ပွဲ စတိတ်ရှိုးတွင် ‌တွေ့ရသည့် မြန်မာပရိဿတ်များ

စတိတ်ရှိုးဝင်‌ကြေး‌ငွေမှာ ဘတ်(၁၀၀)ဖြစ်ပြီး လက်မှတ်တ‌စောင်ဝယ်လျှင် (၂)ပွဲဆက်တိုက် ကြည့်ရှုနိုင်‌သော်လည်း အချို့မြန် မာအလုပ်သမားများမှာ ပွဲသွားရန် ခွင့်တရက်သာရသည့်အတွက် ထပ်မံကြည့်ရှုရန် အခက်အခဲဖြစ်ရသည်ဟု သိရသည်။

အမည်မ‌ဖော်လိုသူ ပရိသတ်တဦးက ဤပွဲတွင် လာ‌ရောက်သီဆို‌ဖျော်‌ဖြေမည့် နာမည်ကြီး မြန်မာအဆို‌တော်များအား ယခုလို ‌ဝေဖန်သုံးသပ်‌ပြောဆိုသည်။ “သူတို့‌တွေ ဒီလိုမလုပ်သင့်ဘူး။ ကို်ယ်က နာမည်ကြီးအဆို‌တော်‌လေ။ အဲဒီ‌တော့ အချိန်ကို ‌လေး စားသင့်တယ်။ ပရိသတ်ကိုလဲ အားနာသင့်တယ်။ အခု သူတို့လုပ်တဲ့ပုံက ပရိသတ်ကို ‌စော်ကားသလို ဖြစ်‌နေတယ်”ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

ထိုင်းဘုရင်‌မွေး‌နေ့ပွဲတွင် ယခုကဲ့သို့ စတိတ်ရှိုးဖြစ်‌မြောက်ရန် ဦး‌ဆောင်သူမှာ 3Melody မှ ဦးခင်‌မောင်ထိုက်ဖြစ်ပြီး ခန့်မှန်း‌ခြေ ပွဲကြည့်ပရိ်သတ်‌ပေါင်း (၁၀,၀၀၀)ခန့် လာ‌ရောက်ကြည့်ရှုအား‌ပေးခဲ့ကြသည်။