KIC News
ထိုင်း-မြန်မာနယ်စပ်ရှိ ပိုင်ကလန် စစ်ကောင်စီအခြေစိုက်စခန်းကို KNU သိမ်းပိုက်
စက်တင်ဘာ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် ပိုင်ကလန်ကျေးရွာရှိ စစ်ကောင်စီ၏ ရေတလျောက်ဂိတ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် တိုက်ခိုက် သိမ်းပိုက်လိုက်သည်ဟု ဒေသခံများနှင့် KNLA သတင်းအရင်းအမြစ်များက အတည်ပြုပြောဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး-KNU သတ်မှတ်နယ်မြေအရ ကော့ကရိတ်မြို့နယ်တွင်ရှိပြီး...
မြဝတီ-ကော့ကရိတ်အာရှလမ်းတစ်လျှောက် တစ်လအတွင်း စစ်ကောင်စီ ၃၁ ဦးသေဆုံးပြီး ၂၆ ဦးဒဏ် ရာရ
စက်တင်ဘာ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်-မြဝတီအာရှကုန်သွယ်ရေးလမ်းတစ်လျှောက်တွင် တစ်လတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ ဝင် ၃၁ ဦးသေဆုံးပြီး ၂၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာ ခရိုင်က ယနေ့သတင်း ထုတ်ပြန်ထားသည်။
အဆိုပါ အာရှလမ်းကို ပြန်လည်ပြုပြင်ရန်အကြောင်းပြ၍ စစ်ကောင်စီတပ်မှ စစ်ရေး လှုပ်ရှားမှုပြုလုပ် သဖြင့်...
ကရင်တစ်ကျပ် ကရင်တစ်ကျပ် ချက်ချင်းပြ
ကရင်တစ်ကျပ် ကရင်တစ်ကျပ် ချက်ချင်းပြ
စောအိုရီယံ
မင်းလည်းကရင်
ငါလည်းကရင်
မင်းလည်း တစ်ကျပ်လိုချင်တယ်
ငါလည်း တစ်ကျပ်လိုချင်တယ်
ကရင်တစ်ကျပ် ကရင်တစ်ကျပ် ချက်ချင်းပြ။
ငါတို့က အမျိုးသားရေးအတွက်
ရန်သူကို သေနတ်ကိုင်ပြီးတိုက်တယ်
မင်းက အမျိုးသားရေးအတွက်ဆိုပြီး
ရန်သူနဲ့ ခွက်ချင်းတိုက်တယ်
ကရင်တစ်ကျပ် ကရင်တစ်ကျပ် ချက်ချင်းပြ။
ကရင်သွေးတွေ စွန်းတဲ့ငွေနဲ့
မင်းကျင်းပတဲ့လက်ချည်ပွဲဟာ
စည်ကားလိုက်ပုံများ
တကယ်ရော ငါတို့လိပ်ပြာ ပြန်လာနိုင်ပါ့မလား
ကရင်တစ်ကျပ် ကရင်တစ်ကျပ် ချက်ချင်းပြ။
ငါတို့မှာတော့ ဗုံးသံ...
မုန်းမြို့နယ်ရှိ ကျေးရွာများ လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်ခံရ
စက်တင်ဘာ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင် လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက လေကြောင်း တိုက်ခိုက်မှု ခံခဲ့ရသော ငထွေစုတ်ကျေးရွာနှင့် အနီးရှိကျေးရွာများ ယနေ့နံနက်ပိုင်းကလည်း ထပ်မံ၍ လေကြောင်းတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
မုန်းမြို့နယ် ကရင်၊ ဗမာ...














