KIC News
ကော့ကရိတ် ဆင်ကုန်းရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် ၆ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ
အောက်တိုဘာလ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့ ဆင်ကုန်းကျေးရွာအနီး ယနေ့ နံနက်က ဖြစ်ပွားခဲ့သော တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီ စစ်ကြောင်းတို့ တိုက်ပွဲဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဘက်မှ ခြေမြန်တပ်ရင်း ၂၀၇ တပ်ရင်းမှူးအပါအဝင် ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
ကော့ကရိတ်မြို့...
မြိတ်နှင့်ထားဝယ် အကျဉ်းထောင်များတွင် ထောင်ဝင်စာတွေ့ခွင့်ပြန်လည်ရရှိ
အောက်တိုဘာလ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ အကျဉ်းထောင်များတွင် ယနေ့အောက်တိုဘာလ ၂၄ ရက်မှ စတင်ပြီး ထောင်ဝင်စာတွေ့ခွင့် ပြန်လည်ရရှိပြီဖြစ်ကြောင်း အကျဉ်းသားမိသားစုဝင်များထံမှ သိရသည်။
ထားဝယ်မြို့နယ်နှင့် မြိတ်မြို့နယ် အတွင်းရှိ အကျဉ်းထောင်များကို ကိုဗစ်ကူးစက်မှုအကြောင်းပြ ချက်ဖြင့် ပြီးခဲ့သည့် ၂၀၂၀ခုနှစ်၊ စက်တင်ဘာလမှစတင်၍ သုံးနှစ်ကျော်ကြာပိတ်ထားခဲ့ရာမှ...
လေးလကျော်နေရပ်စွန့်ထားရသည့် ယာဒိုစစ်ရှောင်များ ရာသီတုပ်ကွေးကြောင့် ဆေးဝါးလိုအပ်ချက် ရှိနေ
အောက်တိုဘာ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့မြောက်ပိုင်း၊ ယာဒိုဒေသတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဖြစ်ပွား ခဲ့သော တိုက်ပွဲများကြောင့် လေးလကျော်ကြာမြင့်သည်အထိ နေအိမ်မပြန်နိုင်သော စစ်ရှောင်များ ရာသီတုပ်ကွေးဖြစ်ပွားမှုများလာပြီး ဆေးဝါးလိုအပ်လျက်ရှိကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။
ဇူလိုင်လ(၁၁)ရက်နေ့မှစ၍ စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပါဝင်သော တော်လှန်ရေးအင်အားစုများ...
အရပ်သားများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေအပေါ် KHRG ပြောခွင့်ရသူနှင့် မေးမြန်းချက်
(အောက်တိုဘာ ၂၄ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ)
‘ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးကနေပြီးတော့မှ ပြည်တွင်းအဆင့်သော်လည်းကောင်း၊ နိုင်ငံတကာအဆင့်သော်လည်းကောင်း ထိထိရောက်ရောက်နဲ့ ဝိုင်းဝန်းပြီးတော့မှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် ကျနော်တို့အားလုံးက ဝိုင်းဝန်းလုပ်ဆောင်ဖို့လိုပြီး။’ စောနန္ဒဆူး(KHRG)
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသနှင့် တိုင်းရင်းသားဒေသအတွင်း...
ကော့ကရိတ်၊ ဆင်ကုန်းရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာ၍ လေကြောင်းဖြင့် ပစ်ကူနေ
အောက်တိုဘာလ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး ဆင်ကုန်းကျေးရွာအနီးတွင် ယနေ့နံနက်အစောပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတို့ ထိပ်တိုက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်ဘက်မှ အထိနာ၍ လေကြောင်းပစ်ကူများ ပြုလုပ်နေရကြောင်း တော်လှန်ရေး တပ်ဖွဲ့များက ပြောသည်။
ယနေ့နံနက်စောစောတွင် ကော့ကရိတ်မြို့ပေါ်နှင့် တတန်ကူးကျေးရွာဘက်မှ စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုးလာပြီး...
ကရင်ပြည်နယ်တွင်း ဒေသထွက်သီးနှံများ စျေးကွက်မရှိ၍ စိုက်တောင်သူများ စားဝတ်နေရေးပိုမိုခက်ခဲလာ
အောက်တိုဘာ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များရှိ ဒေသထွက်သီးနှံများကို အား ထားစိုက်ပျိုးအသက်မွေးဝမ်းကျောင်းပြုကြသည့် ဒေသခံပြည်သူများအနေဖြင့် ယခုအချိန်တွင် ဒေသ ထွက်သီးနှံများကို ရောင်းချရန်စျေးကွက်မရှိသောကြောင့် စားဝတ်နေရေးပိုမိုခက်ခဲလာကြောင်း ဒေသခံ များက ပြောသည်။
ဒူးရင်းသီး၊ မရမ်းသီး၊ ဝဥ၊ ရှောက်သီးနှင့်...














