Home Authors Posts by KIC News

KIC News

21997 POSTS 0 COMMENTS

၂၀၂၅ ခုနှစ်အတွင်း အမျိုးသမီးများအပေါ် လိင်နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု ၂၀၉ မှု ဖြစ်ပွားခဲ့ဟု WLB ထုတ်ပြန်

ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လိင်နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်ခံနေရသည့် အမှုပေါင်း ၂၀၉ မှု ဖြစ်ပွားခဲ့သည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ယမန်နေ့ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ထုတ်ပြန်သော...

ကရင့်အနာဂတ် တည်ဆောက်မယ်ဆိုရင် …

ကရင့်အနာဂတ် တည်ဆောက်မယ်ဆိုရင် … မန်းကိုကို ၁ ဖေဖော်ဝါရီ ၂၀၂၆ လူတိုင်း ပိုကောင်းတဲ့ အနာဂတ်ကိုယ်စီ ပိုင်ဆိုင်ရဖို့ ဆန္ဒရှိကြတယ်။ ကရင်လူမျိုးစုတွေလည်း ထိုနည်း လည်းကောင်းပါပဲ။ အနာဂတ်ကောင်းတွေအတွက် တစ်ကိုယ်တော် တည်ဆောက်လို့ရသလို ထုထည်နဲ့ အရှိန်အဟုန် ကို အဆပေါင်း အများကြီး ပွားများစေနိုင်တဲ့ စုပေါင်းအားကို အသုံးပြုနိုင်ရင်တော့ ဖြတ်သန်းရတဲ့...

ကရင့်တော်လှန်ရေး အောင်မြင်ရေးအတွက် ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ကြရန် KNLA ဒုစစ်ဦးစီးချုပ် တိုက်တွန်း

ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင့်တော်လှန်ရေး အမြန်ဆုံး အောင်မြင်ရေးအတွက် အားနည်းချက်များကို ဖြည့်ဆည်းကာ ကျရာ ကဏ္ဍမှ ပူးပေါင်းပါဝင်ကြရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဒုတိယ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက တိုက်တွန်းလိုက်သည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) / မူတြော်ခရိုင်၌...

ဖားအံခရိုင်ရှိ ကရင့်တော်လှန်ရေးနေ့အခမ်းအနား ကေအဲန်ယူဥက္ကဋ္ဌနှင့် လူထု(၁၅၀)ကျော် တက်ရောက်

ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ တပ်မဟာ(၇)ထိန်းချုပ်နယ်မြေတွင် ယနေ့ ဇန်နဝါရီ(၃၁)ကျရောက်သော ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ကေအဲန်ယူဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းအပါအဝင် ဗဟိုကော်မတီဝင်များ၊ စစ်ဘက်ဆိုင်ရာခေါင်းဆောင်များနှင့် ဧည့်ပရိတ်သတ်(၁၅၀)ရာကျော် တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် အစီအစဥ်အရ တက်ရောက်လာသည့် ကေအဲန်ယူ တွဲဘက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်းမှ...

သဘာဝအလှကို ချစ်မြတ်နိုးသည့် ဝင်းရေးဒေသ ကိုယ်ထူကိုယ်ထကျောင်းသားများ စုပေါင်းအမှိုက်ကောက်

ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဝင်းရေးမြို့နယ်ရှိ ကိုယ်ထူကိုယ်ထကျောင်းမှ ကျောင်းသားလူငယ်များသည် ၎င်းတို့ ဒေသအတွင်းရှိ အထင်ကရနေရာများ သန့်ရှင်းသာယာလှပစေရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိ ပညာပေးရန် ရည်ရွယ်၍ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ရက်နေ့တွင် စုပေါင်းအမှိုက်ကောက်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြသည်ဟု သိရသည်။ အဆိုပါ...

၂၀၂၅ ခုနှစ်အတွင်း ကေအဲန်ယူနယ်မြေ၌ စစ်တပ်စခန်း ၁၇ လုံး လက်လွတ်ဆုံးရှုံး၊ စစ်အုပ်စုတပ်သား ၁,၉၀၀ကျော် သေဆုံးခဲ့

ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်သည့် နယ်မြေ၌ ဝင်ရောက်တပ်စွဲနေထိုင်သည့် စစ်အုပ်စု စခန်းပေါင်း (၁၇) လုံးကို ပြန်လည်သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ပြီး စစ်အုပ်စု တပ်ဖွဲ့ဝင် (၁,၉၀၀)ကျော် သေဆုံးခဲ့သည်ဟု ဇန်နဝါရီလ ၃၀...

မြိတ်-ထားဝယ်ခရိုင်တွင် တော်လှန်ရေးရဲဘော်နှင့် ဒေသခံများကြား အရေပြားယားနာရောဂါ ဖြစ်ပွားလျက်ရှိ

ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ တော်လှန်ရေးရဲဘော်များနှင့် ဒေသခံပြည်သူများအကြား ယခုရက်ပိုင်းအတွင်း အရေပြားယားနာရောဂါ ပိုမိုအများလာကြောင်း နယ်မြေခံတော်လှန်ရေး သတင်းအရင်းအမြစ်ထံမှ သိရသည်။ အဆိုပါ ယားနာရောဂါခံစားရသူများသည် ခြေထောက်၊ လက်နှင့် ခန္ဓာကိုယ်တွင် အဖုအပိမ့်များထွက်ခြင်း၊ ယားယံခြင်းများ ဖြစ်ပွားပြီး ကျန်းမာရေး ကုသမှုခံယူသော်လည်း...

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အားလုံးပူးပေါင်းတိုက်ပွဲဝင်သွားကြရန် ကေအဲန်ယူ တိုက်တွန်း

ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည် (ခေါ်) ကော်သူးလေကို ဖက်ဒရယ်ယူနစ်များပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးတည်ဆောက်သွားရန်အတွက် ကရင်အမျိုးသားအဖွဲ့အစည်းများအပါအဝင် တော်လှန်တိုက်ပွဲဝင်နေကြသည့် အဖွဲ့အစည်းများအားလုံး ကြိုးပမ်းတိုက်ပွဲဝင်သွားကြရန် ကေအဲန်ယူက တိုက်တွန်းလိုက်သည်။ ယနေ့ကျရောက်သည့် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် ကရင်တော်...

စစ်အုပ်စုအင်အားပြနေသည့် မြဝတီတွင် KNA တပ်ဖွဲ့ဝင်အချို့ BGF ဘက်တံဆိပ်ပြန်တပ်

ဇန်နဝါရီ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ စစ်အုပ်စုတပ်များ အင်အားပြလာနေသည့် မြဝတီမြို့တွင် ကရင်အမျိုးသားတပ်မတော်-KNA တပ်ဖွဲ့ဝင်တချို့သည် ဘက်တံဆိပ်ဖြုတ်၍ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဘက်တံဆိပ်သို့ ပြောင်းလဲတပ်ဆင်ပြီး နဂိုမူလနေရာများ၌ ပြန်လည်နေထိုင်ကြသည်ဟု ခိုင်မာသည့် ကရင်စစ်ရေး သတင်းအရင်းအမြစ်ထံမှ သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့ကစတင်ပြီး နှစ်နှင့်ချီပြင်ဆင်လာသော BGF...

ဖားအံ-အိန္ဒုကိုဖြတ်၍ စစ်အုပ်စုယာဥ်တန်း အစီး ၃၀ ကျော် ကျုံဒိုး-ကော့ကရိတ်ဘက်သို့တက်

ဇန်နဝါရီ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ အိန္ဒုစံပြကျေးရွာကိုဖြတ်ပြီး ယနေ့(ဇန်နဝါရီ ၃၀ ရက်) နံနက်ပိုင်းက စစ်အုပ်စု မော်တော်ယာဥ်တန်းအစီး(၃၀) ကျော်သည် ကျုံဒိုး-ကော့ကရိတ်ဘက်ကို ထပ်တက်လာကြောင်း မျက်မြင်တွေ့လိုက်ရသည့် ဖားအံမြို့ခံများက ပြောသည်။ သံချပ်ကာကား(၃)စီးအပါအဝင် စစ်အုပ်စုတပ်ဖွဲ့ဝင်များတင်ဆောင်လာသော ခြောက်ဘီး မော်တော်ယာဥ်တန်းသည်...
Donate