Home Authors Posts by KIC News

KIC News

21997 POSTS 0 COMMENTS

အာဏာအပြည့်အဝဆုပ်ကိုင်နိုင်ရေး စစ်ခေါင်းဆောင်က အတိုင်ပင်ခံကောင်စီဥပဒေ ပြဌာန်းခြင်းဖြစ်ဟု နိုင်ငံရေးအကဲခတ်များ သုံးသပ်

ဖေဖော်ဝါရီ (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ စစ်အာဏာနှင့်နိုင်ငံရေးအာဏာကို အပြည့်အဝဆက်လက်ချုပ်ကိုင်ထားနိုင်ရေး အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကိုပြဌာန်းပြီး ကောင်စီစုဖွဲ့ရန်ရည်ရွယ်ခြင်းဖြစ်သည်ဟု နိုင်ငံရေးနှင့်ဥပဒေရှုထောင့်အရ အကဲခတ်လေ့လာသူများက သုံးသပ်ပြောဆိုသည်။ နိုင်ငံ၏တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ဥပဒေပြဌာန်းရေး၊ လုံခြုံရေးနှင့်ငြိမ်းချမ်းရေးကိစ္စများ၌လုပ်ပိုင်ခွင့်ပေးထားသော ပြည်ထောင်စုအတိုင်ပင်ခံကောင်စီစုဖွဲ့နိုင်သည့် ဥပဒေကို အာဏာသိမ်းခေါင်းဆောင် ယာယီသမ္မတမင်းအောင်လှိုင်က ယမန်နေ့(ဖေဖော်ဝါရီ ၃ ရက်)ဖြင့် ပြဌာန်းလိုက်ခြင်းဖြစ်သည်။ ယာယီသမ္မတနှင့်ကာကွယ်ရေးဦးစီးချုပ်နေရာ...

လုံခြုံရေးအရ ဖလူးနှင့်မင်းလက်ပံက ဒေသခံများအား KNLA က ဘေးကင်းရာရွှေ့ပြောင်းခိုင်း

ဖေဖော်ဝါရီ (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အပါအဝင် မြဝတီဒေသသို့ စစ်အုပ်စုအင်အားအများအပြား ဖြည့်တင်းနေခြင်းကြောင့် မြဝတီတောင်ပိုင်း၊ ဖလူးနှင့်မင်းလက်ပံတစ်ဝိုက်ရှိဒေသခံများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်က လုံခြုံရေးအရ ဘေးကင်းရာအရပ်သို့ ယနေ့ နေ့လည်နောက်ဆုံးထားပြောင်းရွှေ့ခိုင်းသည်ဟု နယ်စပ်သတင်းအရင်းအမြစ်မှသိရသည်။ KNLA ပူးပေါင်းတပ်က ယမန်နေ့(ဖေဖော်ဝါရီ ၃ရက်)နေ့မှစ၍ သုံးရက်အတွင်း ဘေးလွတ်ရာပြောင်းရွှေ့နေထိုင်ကြရန်...

မြန်မာအင်တာနက်ပရောဂျက်-MIP မှ ဒစ်ဂျစ်တယ်အခွင့်အရေးလေ့လာသူ ကိုသစ်ဉာဏ် နှင့် ဆက်သွယ်မေးမြန်းခြင်း

“ဒီဂျစ်တယ်လွတ်လပ်ခွင့်မရှိတာ ဒီမိုကရေစီရဲ့အခြေခံအကျဆုံးကို ချိုးဖောက်ဖျက်ဆီးလိုက်တာ။ အခြေခံမခိုင်တဲ့အဆောက်အဦးတစ်ခုက အမြင့်ကိုဆက်ဆောက်လို့မရသလိုမျိုးပဲ။” ကိုသစ်ဉာဏ် (MIP) မြန်မာအင်တာနက်ပရောဂျက်-MIP မှ ဒစ်ဂျစ်တယ်အခွင့်အရေးလေ့လာသူ ကိုသစ်ဉာဏ် နှင့် ဆက်သွယ်မေးမြန်းခြင်း ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ လူ့အခွင့်အရေးစောင့်ကြည့်နေသည့်အဖွဲ့များ၏လေ့လာချက်အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်ရှိ အင်တာနက်လွတ်လပ်ခွင့်အညွှန်းကိန်းများကို...

KNU/PDF တစ်ဦးကို ထိုင်းနိုင်ငံတွင် လက်နက်နှင့်တကွ ဖမ်းဆီးရမိကြောင်း သတင်းအမှားဖြန့်

KNU/PDF တစ်ဦးကို ထိုင်းနိုင်ငံတွင် လက်နက်နှင့်တကွ ဖမ်းဆီးရမိကြောင်း သတင်းအမှားဖြန့် ဖေဖော်ဝါရီ (၃) ရက်၊ ၂၀၂၆ ခုနှစ်။ KIC/ The Red Flag/ MFCN KNU/PDF တပ်ဖွဲ့ဝင်တစ်ဦးကို ထိုင်းနိုင်ငံမှာ လက်နက်များနှင့်အတူတကွ ဖမ်းဆီးရမိကြောင်း ထိုင်းအာဏာပိုင်များနှင့်တရားခံဖြစ်သူအမျိုးသားတစ်ဦးအပါအဝင် လက်နက်ပြထားသည့် ဓာတ်ပုံ(၂)ပုံဖြင့် ဇန်နဝါရီ(၃၁)ရက်နေ့က လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ဖြန့်ဝေလာသည်။ ဓာတ်ပုံ၏မူလအရင်းအမြစ်နှင့်ပတ်သက်၍...

အာရှလမ်းမသစ် ပြန်ဖွင့်နိုင်ရန် စစ်အုပ်စုတပ် အင်အားဖြည့်တပ်ဖြန့်

ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာ ကုန်သွယ်ရေး အဓိကဆက်သွယ်ထားသည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်ကြီးကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြီးခဲ့သည့် ဇန်နဝါရီလ (၂၈) ရက်မှစပြီး ယနေ့အထိ မွန်၊ ကရင်ဘက်တွင် အင်အားဖြည့် တပ်ဖြန့်နေရာချထားမှုများ လုပ်ဆောင်နေကြောင်း ကရင်စစ်ရေး တော်လှန်ရေးအင်အားစုများက ပြောသည်။ ပြီးခဲ့သည့်...

နေရပ်ပြန် ကော့ကရိတ် စစ်ရှောင် ၆ ဦး ပျောက်ဆုံးနေ၊ စစ်အုပ်စု သတ်ဖြတ်အလောင်းဖျောက်ဟု ရွာသားများယူဆ

ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ မြောက်ပိုင်းတွင် စစ်ရှောင်ရာမှ နေရပ်ပြန်လာသည့် ကော့ဖန်ရ ရွာသား ၆ ဦးသည် ယနေ့အချိန်အထိ ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ ရွာထဲ၌ တပ်စွဲထားသည့် စစ်အုပ်စု တပ်များမှ သတ်ဖြတ်ပြီး အလောင်းဖျောက်လိုက်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံရွာသားများက ယူဆနေကြသည်။ ပြီးခဲ့သည့်...

ဇန်နဝါရီ တစ်လတာအတွင်း တက်ကြွလှုပ်ရှားသူ ၁၃ဦး ဖမ်းဆီးခံခဲ့ရပြီး ၈၇ ဦးသေဆုံးခဲ့ကြောင်း AAPP ထုတ်ပြန်

ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ အာဏာသိမ်းမှုနှင့်ဆက်စပ်၍ ပြီးခဲ့သည့် ဇန်နဝါရီလ တစ်လတာအတွင်း နိုင်ငံရေးလှုပ်ရှားသူ(၁၃)ဦး စစ်အုပ်စု၏ဖမ်းဆီးခံခဲ့ရပြီး ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ၊ ပြည်သူ(၈၇)ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေး အကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း-AAPP က ယနေ့(ဖေဖော်ဝါရီလ ၃ ရက်)တွင် ထုတ်ပြန်သည်။ တစ်နိုင်ငံလုံးအားဖြင့် နိုင်ငံရေးအရဖမ်းဆီးချုပ်နှောင်ခံခဲ့ရသူ (၁၃) ဦးရှိပြီး စစ်အုပ်စုက...

ဖားအံနှင့် ကော့ကရိတ်မြို့နယ်တွင် မြေပဲစျေးမရှိ၍ တောင်သူများ အခက်ကြုံ

ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့၌ ယခုနှစ် မြေပဲထွက်ရာသီတွင် လာရောက်ဝယ်ယူသူနည်းနေပြီး စျေးလည်းမရှိသောကြောင့် မြေပဲစိုက်ပျိုးရေးလုပ်ကိုင်သည့်ကိုင်းစိုက်တောင်သူများက အခက်ကြုံနေကြရသည်။ သံလွင်မြစ်ကမ်းနားတစ်လျှောက်ရှိ ဆယ်အိမ်စု၊ မင်းဇီ၊ ပေါ့ထော်၊ မုက္ကဒိ၊ ဖားနွဲ့ကျွန်း၊ ခဲတောက်၊ တရုတ်လှ၊ ကော့ကျိုက်၊ ကော့လှိုက် စသည့်...

တစ်နှစ်အတွင်း အင်တာနက်သုံးစွဲသူ ၂၀၀ နီးပါးကို စစ်အုပ်စု ဖမ်းဆီးထိန်းသိမ်းခဲ့

ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ အွန်လိုင်းပေါ်မှလွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုများ လုပ်ဆောင်ခဲ့သည့်အတွက် ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလအထိ တစ်နှစ်အတွင်း အင်တာနက်သုံးစွဲသူ(၁၉၇)ဦးထက်မနည်းကို စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ယမန်နေ့ ဖေဖော်ဝါရီ ၁ရက်နေ့က ထုတ်ပြန်သည့် မြန်မာအင်တာနက်ပရောဂျက်-MTP ၏ အစီရင်ခံစာအရ သိရသည်။ လူမှုကွန်ရက်မီဒီယာ(ဖေ့ဘွတ်ခ်)၊ တစ်တော့(ခ်)နှင့်တယ်လီဂရမ်တို့မှ...

ခြိမ်းခြောက်မဲ၊ ကိုယ်စားမဲဖြင့်သာ ကော့ကရိတ်မြို့နယ် ရွေးကောက်ပွဲ ပြီးစီးခဲ့

ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများတွင် ပြီးခဲ့သည့် ဇန်နဝါရီလ (၂၅) ရက်နေ့က ပြုလုပ်ပြီးစီးသွားသည့် အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၃) ကို မဲဆန္ဒရှင်များ ကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူးများက မဲထည့်ခြင်း၊ မဲမထည့်မနေရ ခြိမ်းခြောက်ခြင်းများဖြင့်...
Donate